မိုးျဗဲၿမိဳ႕မွ တပ္သိမ္းေျမ (၃၇၀) ဧကေက်ာ္ ျပန္လည္ စြန္႔လႊတ္ေပးမည္

မိုးျဗဲၿမိဳ႕မွ တပ္သိမ္းေျမ (၃၇၀) ဧကေက်ာ္ ျပန္လည္ စြန္႔လႊတ္ေပးမည္
မေ 14, 2017
By Tachileik News Agency

႐ွမ္းျပည္နယ္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕႐ွိ အမွတ္ (၄၂၂)ေျချမန္တပ္ရင္းမွ သိမ္းယူထားေသာ ေတာင္သူမ်ား၏ ေျမဧက (၃၇၀) ေက်ာ္ကို ျပန္လည္စြန္႔လႊတ္ေပးရန္အတြက္ ေမလ(၁၁)ရက္ေန႔ကတည္းက တိုင္းတာမႈမ်ား စတင္ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

"အခုကၽြန္ေတာ္တို႔ကို ျပန္တိုင္းေပးေနၿပီေပါ့။ တပ္ရယ္၊ ေျမစာရင္းေတြရယ္၊ ရြာသားေတြရယ္ေပါ့။ သူတို႔က ယာေျမေတြအျပင္ ရြာေျမေတြကိုပါ တိုးၿပီးသိမ္းထားေတာ့ ခု ျပန္ေပးမယ့္ ဧက သုံးရာေက်ာ္ထဲမွာ ရြာေျမလည္း ပါတာေပါ့။ ကၽြန္ေတာ္တို႔ ျပန္ေတာင္းထားတဲ့ ယာေျမဧက ကေတာ့ အကုန္မရေသးဘူး"ဟု မိုးၿဗဲၿမိဳ႕မွ ေျမသိမ္းခံရသည့္ ေတာင္သူ ကိုစိန္ဝင္းက ေျပာသည္။

၁၉၉၂ ခုႏွစ္က အမွတ္၄၄၂ တပ္ရင္းမွ တပ္လုံျခံဳေရးအတြက္ ေျမဧက တစ္ေထာင္ေက်ာ္ကို သိမ္းယူ ထားခဲ့ျခင္း ျဖစ္ၿပီး အဆိုပါ ေျမယာမ်ားထဲမွ အသုံးျပဳရန္ မလိုအပ္ေသာ ေျမယာမ်ားကို ျပန္လည္ စြန္႔လႊတ္ေပးရန္ မိုးၿဗဲၿမိဳ႕ ေျမသိမ္းခံေတာင္သူမ်ားက ဆႏၵေဖာ္ထုတ္ ေတာင္းဆိုခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါ စြန္႔လႊတ္ေျမမ်ားအား ကြင္းဆင္းတိုင္တာၿပီး ေတာင္သူမ်ားထံ ျပန္လည္ေပးအပ္ကာ ပံုစံ (၇)ကိုလည္း ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

" မူလျပန္ေတာင္းတဲ့ ေတာင္သူေတြဆီပဲ အမွန္တကယ္ ျပန္ေပးဖို႔ ေပါ့ေနာ္။ တခ်ိဳ႕က်ေတာ့ ညီအကိုခ်င္းေတြေပါ့ ပိုင္ဆိုင္မႈ အျငင္းပြားတာေတြ႐ွိတယ္။ ဒါေပမဲ့ အဆင္ေျပသြားပါတယ္။ အဓိကက ကၽြန္ေတာ္တို႔ကို စြန္႔လႊတ္ၿပီးတာနဲ႔ ပုံစံ -၁ ေလွ်ာက္ရမွာေပါ့။ ၿပီးေတာ့ ပုံစံ (၇) တရားဝင္ ရေအာင္ထိ လုပ္ေပးသြားမယ္လို႔ တာဝန္႐ွိသူေတြက ေျပာတာေပါ့ "ဟု ကိုစိန္ဝင္း ကေျပာသည္။

အမွတ္ (၄၂၂)တပ္ရင္းမွ သိမ္းယူထားသည့္ ေျမမ်ားအနက္ ေတာင္သူမ်ား သီးႏွံ စိုက္ပ်ိဳးလုပ္ကိုင္ေနေသာ ယာေျမ (၂၄၁) ဧက အား ျပန္လည္စြန္႔လႊတ္ေပးရန္ ေတာင္းဆိုထားျခင္းျဖစ္ၿပီး ယခုျပန္လည္ စြန္႔လႊတ္ေပးမည့္ ေျမယာမ်ားထဲတြင္ ရြာေျမမ်ားကိုပါ ထည့္သြင္း တိုင္းတာျခင္းျဖစ္ေၾကာင္းသိရသည္။

လက္ရိွ စြန္႔လႊတ္မည့္ေျမယာမ်ားတြင္ မိုးၿဗဲၿမိဳ႕ သစ္ယာကုန္း၊ သာယာကုန္း၊ ပင္သာ၊ စည္ကား (၂)ရြာမ်ားမွ ရြာေျမႏွင့္ ယာေျမမ်ား ပါဝင္ေၾကာင္းသိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ရှိ အမှတ် (၄၂၂)ခြမြေန်တပ်ရင်းမှ သိမ်းယူထားသော တောင်သူများ၏ မြေဧက (၃၇၀) ကျော်ကို ပြန်လည်စွန့်လွှတ်ပေးရန်အတွက် မေလ(၁၁)ရက်နေ့ကတည်းက တိုင်းတာမှုများ စတင် လုပ်ဆောင်နပြေီဖြစ်ကြောင်း သိရသည်။

"အခုကျွန်တော်တို့ကို ပြန်တိုင်းပေးနပြေီပေါ့။ တပ်ရယ်၊ မြေစာရင်းတွေရယ်၊ ရွာသားတွေရယ်ပေါ့။ သူတို့က ယာမြေတွေအပြင် ရွာမြေတွေကိုပါ တိုးပြီးသိမ်းထားတော့ ခု ပြန်ပေးမယ့် ဧက သုံးရာကျော်ထဲမှာ ရွာမြေလည်း ပါတာပေါ့။ ကျွန်တော်တို့ ပြန်တောင်းထားတဲ့ ယာမြေဧက ကတော့ အကုန်မရသေးဘူး"ဟု မိုးဗြဲမြို့မှ မြေသိမ်းခံရသည့် တောင်သူ ကိုစိန်ဝင်းက ပြောသည်။

၁၉၉၂ ခုနှစ်က အမှတ်၄၄၂ တပ်ရင်းမှ တပ်လုံခြုံရေးအတွက် မြေဧက တစ်ထောင်ကျော်ကို သိမ်းယူ ထားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မြေယာများထဲမှ အသုံးပြုရန် မလိုအပ်သော မြေယာများကို ပြန်လည် စွန့်လွှတ်ပေးရန် မိုးဗြဲမြို့ မြေသိမ်းခံတောင်သူများက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ စွန့်လွှတ်မြေများအား ကွင်းဆင်းတိုင်တာပြီး တောင်သူများထံ ပြန်လည်ပေးအပ်ကာ ပုံစံ (၇)ကိုလည်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" မူလပြန်တောင်းတဲ့ တောင်သူတွေဆီပဲ အမှန်တကယ် ပြန်ပေးဖို့ ပေါ့နော်။ တချို့ကျတော့ ညီအကိုချင်းတွေပေါ့ ပိုင်ဆိုင်မှု အငြင်းပွားတာတွေရှိတယ်။ ဒါပေမဲ့ အဆင်ပြေသွားပါတယ်။ အဓိကက ကျွန်တော်တို့ကို စွန့်လွှတ်ပြီးတာနဲ့ ပုံစံ -၁ လျှောက်ရမှာပေါ့။ ပြီးတော့ ပုံစံ (၇) တရားဝင် ရအောင်ထိ လုပ်ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောတာပေါ့ "ဟု ကိုစိန်ဝင်း ကပြောသည်။

အမှတ် (၄၂၂)တပ်ရင်းမှ သိမ်းယူထားသည့် မြေများအနက် တောင်သူများ သီးနှံ စိုက်ပျိုးလုပ်ကိုင်နေသော ယာမြေ (၂၄၁) ဧက အား ပြန်လည်စွန့်လွှတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်ပြီး ယခုပြန်လည် စွန့်လွှတ်ပေးမည့် မြေယာများထဲတွင် ရွာမြေများကိုပါ ထည့်သွင်း တိုင်းတာခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိ စွန့်လွှတ်မည့်မြေယာများတွင် မိုးဗြဲမြို့ သစ်ယာကုန်း၊ သာယာကုန်း၊ ပင်သာ၊ စည်ကား (၂)ရွာများမှ ရွာမြေနှင့် ယာမြေများ ပါဝင်ကြောင်းသိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~