လားရိႈးၿမိဳ႕တြင္ ပထမဆံုးဖြင့္လွစ္သည့္ အေရးေပၚကယ္ဆယ္ေရးသင္တန္း၏ သင္တန္းဆင္းပြဲ က်င္းပ

လားရိႈးၿမိဳ႕တြင္ ပထမဆံုးဖြင့္လွစ္သည့္ အေရးေပၚကယ္ဆယ္ေရးသင္တန္း၏ သင္တန္းဆင္းပြဲ က်င္းပ
မေ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ေမလ (၁၀)ရက္ေန႔က စတင္ဖြင့္လွစ္သည့္ ႏိုင္ငံတကာအဆင့္မီ အေရးေပၚကယ္ဆယ္ေရး သင္တန္း၏ သင္တန္းဆင္းပြဲအား ေမလ(၁၆)ရက္ေန႔ တြင္ က်င္းပျပဳလုပ္ၿပီး သင္တန္းဆင္းလက္မွတ္မ်ားႏွင့္ အေကာင္းဆံုးဆုမ်ား ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ခ်ဳပ္ရံုးမွ ဖြင့္လွစ္သည့္ ႏိုင္ငံတကာအဆင့္မီ အေရးေပၚကယ္ဆယ္ေရး သင္တန္း၏ သင္တန္းဆင္းပြဲအား ေမလ (၁၆)ရက္ေန႔က လားရိႈးၿမိဳ႕ရွိ ခ်ယ္ရီၿမိဳင္အိမ္ရာဝန္းတြင္ က်င္းပသည္။

အဆိုပါ သင္တန္းသို႔ တက္ေရာက္လာသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသအသီးသီးမွ အဖြဲ႔ (၁၃) ဖြဲ႔ထဲမွ ပထမ၊ ဒုတိယ ၊ တတိယဆုမ်ား၊ အေကာင္းဆံုးအမ်ိဳးသားအသင္းသားဆု၊ အမ်ိဳးသမီး အသင္းသားဆုမ်ားႏွင့္အတူ သင္တန္းၿပီးဆံုးေၾကာင္း လက္မွတ္မ်ား ေပးအပ္ေၾကာင္း သိရသည္။

သင္တန္းသို႔ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ခ်င္းေရႊေဟာ္၊ ေလာက္ကိုင္၊ တာမိုးညဲ၊ နမ့္ဖတ္ကာ၊ ကြတ္ခိုင္၊ ေက်ာက္မဲ၊ သီေပါ၊ ေနာင္ခ်ိဳ၊ လားရိႈး စသည့္ ၿမိဳ့မ်ားမွ လူမႈကယ္ဆယ္ေရး အသင္းမ်ားႏွင့္ စိတ္ဝင္စားသူမ်ား တက္ေရာက္ေနေၾကာင္း ႏွင့္ သင္တန္းျဖစ္ေျမာက္ေရးအတြက္ လားရိႈးၿမိဳ႕မွ ျမန္မာ့ရတနာေရႊေခတ္ကုမၸဏီႏွင့္ Shining Myanmar Co., Ltd တို႔က ပံ့ပိုးေပးေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မေလ (၁၀)ရက်နေ့က စတင်ဖွင့်လှစ်သည့် နိုင်ငံတကာအဆင့်မီ အရေးပေါ်ကယ်ဆယ်ရေး သင်တန်း၏ သင်တန်းဆင်းပွဲအား မေလ(၁၆)ရက်နေ့ တွင် ကျင်းပပြုလုပ်ပြီး သင်တန်းဆင်းလက်မှတ်များနှင့် အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်ရုံးမှ ဖွင့်လှစ်သည့် နိုင်ငံတကာအဆင့်မီ အရေးပေါ်ကယ်ဆယ်ရေး သင်တန်း၏ သင်တန်းဆင်းပွဲအား မေလ (၁၆)ရက်နေ့က လားရှိုးမြို့ရှိ ချယ်ရီမြိုင်အိမ်ရာဝန်းတွင် ကျင်းပသည်။

အဆိုပါ သင်တန်းသို့ တက်ရောက်လာသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအသီးသီးမှ အဖွဲ့ (၁၃) ဖွဲ့ထဲမှ ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အကောင်းဆုံးအမျိုးသားအသင်းသားဆု၊ အမျိုးသမီး အသင်းသားဆုများနှင့်အတူ သင်တန်းပြီးဆုံးကြောင်း လက်မှတ်များ ပေးအပ်ကြောင်း သိရသည်။

သင်တန်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ချင်းရွှေဟော်၊ လောက်ကိုင်၊ တာမိုးညဲ၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ လားရှိုး စသည့် မြို့များမှ လူမှုကယ်ဆယ်ရေး အသင်းများနှင့် စိတ်ဝင်စားသူများ တက်ရောက်နေကြောင်း နှင့် သင်တန်းဖြစ်မြောက်ရေးအတွက် လားရှိုးမြို့မှ မြန်မာ့ရတနာရွှေခေတ်ကုမ္ပဏီနှင့် Shining Myanmar Co., Ltd တို့က ပံ့ပိုးပေးကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~