မူးယစ္ေဆးသယ္ေဆာင္လာသူႏွင့္ ေရာင္းခ်သူတို႔အား လြယ္ေတာ္ခမ္းပူးေပါင္းအဖြဲ႕ ဖမ္းဆီး

မူးယစ္ေဆးသယ္ေဆာင္လာသူႏွင့္ ေရာင္းခ်သူတို႔အား လြယ္ေတာ္ခမ္းပူးေပါင္းအဖြဲ႕ ဖမ္းဆီး
မေ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ပူးေပါင္း အဖြဲ႕သည္ ေမလ (၂၅)ရက္ေန႔က စိတ္ၾကြေဆးျပားသယ္ေဆာင္လာသူ တစ္ဦးအား ဖမ္းဆီးရမိၿပီးေနာက္ စိတ္ၾကြေဆးေရာင္းသူကိုပါ ရွာေဖြဖမ္းဆီးႏိုင္လိုက္ေၾကာင္း သိရသည္။

လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ အပါအဝင္ သက္ဆိုင္ရာ ဌာနမ်ားႏွင့္ သက္ေသမ်ား ပူးေပါင္းပါဝင္သည့္ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က ေမလ (၂၅)ရက္ေန႔ ညေန (၃)နာရီခြဲခန္႔တြင္ စစ္ေဆးေရး လုပ္ေဆာင္ေနစဥ္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ နံပါတ္မပါ ဆိုင္ကယ္ေမာင္းႏွင္လာသူ ေအာင္ေက်ာ္မိုးအား စစ္ေဆးရာမွ ခါးပတ္အိတ္အတြင္းထည့္၍ သယ္လာသည့္ အိုက္စ္ အျဖဴေရာင္ပုံေဆာင္ခဲ အေလးခ်ိန္ (၅)ဂရမ္ခန္႔ (ေဒသတန္ဖိုး က်ပ္ ၁.၂၅ သိန္းခန္႔)အား လည္းေကာင္း၊ အတြင္းခံေဘာင္းဘီအတြင္း ဝွက္၍သယ္ယူလာသည့္ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၂၀၀)ျပားစီပါ (၅)ထုပ္၊ စုစုေပါင္း စိတ္ႂကြေဆးျပား (၁၀၀၀)ျပား၊ အေလးခ်ိန္ (၁၀၀)ဂရမ္ခန္႔ (ေဒသတန္ဖိုး က်ပ္ ၁၅ သိန္းခန္႔)အား လည္းေကာင္း ေတြ႕ရိွသိမ္းဆည္းႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါစိတ္ၾကြေဆးျပားမ်ား ေရာင္းခ်လိုက္သည္ဟုဆိုေသာ တာခ်ီလိတ္ၿမိဳ့နယ္၊ လြယ္ေတာ္ခမ္း ေက်းရြာအုပ္စု၊ ဖေလာက္ေက်းရြာမွ အားေဆာင္၏ ေနအိမ္အား ညေန (၅)နာရီေက်ာ္တြင္ ဝင္ေရာက္ရွာေဖြရာ အားေဆာင္အား ေနအိမ္တြင္ ေတြ႔ရၿပီး ၎၏ အိပ္ယာ ေခါင္းရင္းမွ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပား (၁၀)ျပား၊ အေလးခ်ိန္ (၁)ဂရမ္ခန္႔ (ေဒသတန္ဖိုး ၁၅၀၀၀ က်ပ္ခန္႔)နွင့္ ပိုက္ဆံအိတ္အတြင္းမွ ထိုင္းဘတ္ေငြ (၂၇၀၀)တို႔အား ရွာေဖြေတြ႔ရေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားနွင့္အတူ လက္ဝယ္ေတြ႔ရွိသူ ေအာင္ေက်ာ္မိုးႏွင့္ အားေဆာင္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၆/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/ ၁၉(က)/၂၁ အရ လည္းေကာင္း၊ အားေဆာင္အား မယ(ပ)၂၇/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ)/၂၀(က) အရ လည္းေကာင္း အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်း အဖွဲ့သည် မေလ (၂၅)ရက်နေ့က စိတ်ကြွဆေးပြားသယ်ဆောင်လာသူ တစ်ဦးအား ဖမ်းဆီးရမိပြီးနောက် စိတ်ကြွဆေးရောင်းသူကိုပါ ရှာဖွေဖမ်းဆီးနိုင်လိုက်ကြောင်း သိရသည်။

လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် အပါအဝင် သက်ဆိုင်ရာ ဌာနများနှင့် သက်သေများ ပူးပေါင်းပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က မေလ (၂၅)ရက်နေ့ ညနေ (၃)နာရီခွဲခန့်တွင် စစ်ဆေးရေး လုပ်ဆောင်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ နံပါတ်မပါ ဆိုင်ကယ်မောင်းနှင်လာသူ အောင်ကျော်မိုးအား စစ်ဆေးရာမှ ခါးပတ်အိတ်အတွင်းထည့်၍ သယ်လာသည့် အိုက်စ် အဖြူရောင်ပုံဆောင်ခဲ အလေးချိန် (၅)ဂရမ်ခန့် (ဒေသတန်ဖိုး ကျပ် ၁.၂၅ သိန်းခန့်)အား လည်းကောင်း၊ အတွင်းခံဘောင်းဘီအတွင်း ဝှက်၍သယ်ယူလာသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါ (၅)ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၁၀၀၀)ပြား၊ အလေးချိန် (၁၀၀)ဂရမ်ခန့် (ဒေသတန်ဖိုး ကျပ် ၁၅ သိန်းခန့်)အား လည်းကောင်း တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဆိုပါစိတ်ကြွဆေးပြားများ ရောင်းချလိုက်သည်ဟုဆိုသော တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ဖလောက်ကျေးရွာမှ အားဆောင်၏ နေအိမ်အား ညနေ (၅)နာရီကျော်တွင် ဝင်ရောက်ရှာဖွေရာ အားဆောင်အား နေအိမ်တွင် တွေ့ရပြီး၎င်း၏ အိပ်ယာ ခေါင်းရင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၀)ပြား၊ အလေးချိန် (၁)ဂရမ်ခန့် (ဒေသတန်ဖိုး ၁၅၀၀၀ ကျပ်ခန့်)နှင့် ပိုက်ဆံအိတ်အတွင်းမှ ထိုင်းဘတ်ငွေ (၂၇၀၀)တို့အား ရှာဖွေတွေ့ရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ အောင်ကျော်မိုးနှင့် အားဆောင်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၁ အရ လည်းကောင်း၊ အားဆောင်အား မယ(ပ)၂၇/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က) အရ လည်းကောင်း အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~