တာခ်ီလိတ္ခရိုင္မွ ဘက္စံုထူးခၽြန္လူရည္ခၽြန္ေက်ာင္းသားမ်ား ေလ့လာေရးခရီးမွျပန္လည္ေရာက္ရိွ

တာခ်ီလိတ္ခရိုင္မွ ဘက္စံုထူးခၽြန္လူရည္ခၽြန္ေက်ာင္းသားမ်ား ေလ့လာေရးခရီးမွျပန္လည္ေရာက္ရိွ
မေ 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္မွ အေျခခံပညာအလယ္တန္းႏွင့္ အထက္တန္းအဆင့္ ဘက္စံု ထူးခၽြန္လူရည္ခၽြန္ ေက်ာင္းသူေက်ာင္းသားမ်ား ေမလ (၇)ရက္ေန႔တြင္ ေလ့လာေရးခရီးမွ ျပန္လည္ ေရာက္ရိွေၾကာင္း သိရသည္။

၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္အတြက္ တာခ်ီလိတ္ခရိုင္မွ လူရည္ခၽြန္ေက်ာင္းသားမ်ားအျဖစ္ တကၠသိုလ္ဝင္တန္းမွ ေမာင္ျမင့္မိုရ္ထြဋ္၊ မအင္ၾကင္းခင္ေဇာ္၊ နဝမတန္းမွ ေမာင္ပိုင္ထက္မင္း၊ မစုရည္ထြန္း ၊ အဌမတန္းမွ ေမာင္ျပံဳးခ်ိဳ၊ မခိုင္ဇင္ဇင္လင္း တို႔ ေရြးခ်ယ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုလို ေရြးခ်ယ္မႈေတြေၾကာင့္ ေက်ာင္းသားေက်ာင္းသူေတြလည္း တစ္ကယ္ႀကိဳးစားရင္ တစ္ကယ္ျဖစ္တယ္ဆိုတာ သိလာတယ္။ ေနာင္ႏွစ္ေတြမွာလည္း ဒီလို ႀကိဳးစားခ်င္တဲ့ ကေလးေတြျဖစ္လာေအာင္ တြန္းအားေပးရာ ေရာက္ပါတယ္။ ကၽြန္ေတာ္တို႔လို ကိုယ္ပိုင္ေက်ာင္းေတြမွ မဟုတ္ပါဘူး အစိုးရေက်ာင္းေတြမွာလည္း ဆရာ၊ဆရာမေတြက ပံ့ပိုးမႈေကာင္းေကာင္း ေပးထားတာေၾကာင့္ လမ္းညႊန္မႈေတြကို လိုက္နာႀကိဳးစားမယ္ဆိုရင္ ထူးခၽြန္တဲ့ေက်ာင္းသားေတြ ျဖစ္လာၾကမွာပါ”ဟု ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ႀကီး ဦးခင္ေမာင္ျမင့္က ေျပာသည္။

အဆိုပါ လူရည္ခၽြန္ေက်ာင္းသားမ်ားတြင္ အေျခခံပညာအထက္တန္း(တာခ်ီလိတ္)မွ (၄)ဦး ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ႏွစ္ဦးပါဝင္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်မှ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ဘက်စုံ ထူးချွန်လူရည်ချွန် ကျောင်းသူကျောင်းသားများ မေလ (၇)ရက်နေ့တွင် လေ့လာရေးခရီးမှ ပြန်လည် ရောက်ရှိကြောင်း သိရသည်။
၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွက် တာချီလိတ်ခရိုင်မှ လူရည်ချွန်ကျောင်းသားများအဖြစ် တက္ကသိုလ်ဝင်တန်းမှ မောင်မြင့်မိုရ်ထွဋ်၊ မအင်ကြင်းခင်ဇော်၊ နဝမတန်းမှ မောင်ပိုင်ထက်မင်း၊ မစုရည်ထွန်း၊ အဌမတန်းမှ မောင်ပြုံးချို၊ မခိုင်ဇင်ဇင်လင်း တို့ ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“အခုလို ရွေးချယ်မှုတွေကြောင့် ကျောင်းသားကျောင်းသူတွေလည်း တစ်ကယ်ကြိုးစားရင် တစ်ကယ်ဖြစ်တယ်ဆိုတာ သိလာတယ်။ နောင်နှစ်တွေမှာလည်း ဒီလို ကြိုးစားချင်တဲ့ ကလေးတွဖြေစ်လာအောင် တွန်းအားပေးရာ ရောက်ပါတယ်။ ကျွန်တော်တို့လို ကိုယ်ပိုင်ကျောင်းတွေမှ မဟုတ်ပါဘူး အစိုးရကျောင်းတွေမှာလည်း ဆရာ၊ဆရာမတွေက ပံ့ပိုးမှုကောင်းကောင်း ပေးထားတာကြောင့် လမ်းညွှန်မှုတွေကို လိုက်နာကြိုးစားမယ်ဆိုရင် ထူးချွန်တဲ့ကျောင်းသားတွေ ဖြစ်လာကြမှာပါ”ဟု ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးခင်မောင်မြင့်က ပြောသည်။
အဆိုပါ လူရည်ချွန်ကျောင်းသားများတွင် အခြေခံပညာအထက်တန်း(တာချီလိတ်)မှ (၄)ဦး ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ နှစ်ဦးပါဝင်ကြောင်း သိရသည်။
သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~