လားရႈိးတြင္ ဖြင့္လွစ္သည့္ အေရးေပၚကယ္ဆယ္ေရးသင္တန္းသို႔ သင္တန္းသားဦးေရ ၁၀၀ ေက်ာ္ တက္ေရာက္

လားရႈိးတြင္ ဖြင့္လွစ္သည့္ အေရးေပၚကယ္ဆယ္ေရးသင္တန္းသို႔ သင္တန္းသားဦးေရ ၁၀၀ ေက်ာ္ တက္ေရာက္
မေ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ေမလ (၁၀)ရက္ေန႔ နံနက္ပိုင္းကစ၍ စတင္ဖြင့္လွစ္သည့္ ႏိုင္ငံတကာအဆင့္မီ အေရးေပၚကယ္ဆယ္ေရး သင္တန္းသို႔ ေဒသတြင္းမွ ပရဟိတအသင္းမ်ားႏွင့္ စိတ္ဝင္စားသူ လူဦးေရ(၁၀၀)ေက်ာ္ တက္ေရာက္ ေနေၾကာင္း သင္တန္းစီစဥ္သည့္အဖြဲ႕တစ္ခုျဖစ္သည့္ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္မွ သိရသည္။

“ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးလွထြန္းကေန သရုပ္ျပသင္ၾကားမႈေတြနဲ႔ ဦးစီး သင္ၾကားေပးေန တာျဖစ္ပါတယ္။ သင္တန္းသားေတြ အခုလိုမ်ားမ်ားလာတက္တဲ့အတြက္ သင္တန္းအတြက္ေတာ့ တကယ္ အားရပါတယ္။ ရွမ္းေျမာက္အတြင္းက ၿမိဳ႕နယ္တိုင္းနီးပါးမွာရွိတဲ့ လူမႈကယ္ဆယ္ေရးအသင္းဝင္ေတြ၊ ဝါသနာရွင္ေတြ လာၿပီးသင္ယူေနၾကပါတယ္”ဟု သင္တန္းျဖစ္ေျမာက္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္သည့္ လားရိႈးၿမိဳ႕ ေရႊေၾကးစည္လူမႈကူညီေရးအသင္းမွ ဥကၠဌ ဦးစိုင္းညီညီဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ သင္တန္းအား ေမလ(၁၀) ရက္မွ ( ၁၅ )ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး သင္တန္းသို႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း ခ်င္းေရႊေဟာ္၊ ေလာက္ကိုင္၊ တာမိုးညဲ၊ နမ့္ဖတ္ကာ၊ ကြတ္ခိုင္၊ ေက်ာက္မဲ၊ သီေပါ၊ ေနာင္ခ်ိဳ၊ လားရိႈး စသည့္ ၿမိဳ့မ်ားမွ လူမႈကယ္ဆယ္ေရး အသင္းမ်ားႏွင့္ စိတ္ဝင္စားသူမ်ား တက္ေရာက္ေနေၾကာင္း သိရသည္။

သင္တန္းျဖစ္ေျမာက္ေရးအတြက္ လားရိႈးၿမိဳ႕မွ ျမန္မာ့ရတနာေရႊေခတ္ကုမၸဏီႏွင့္ Shining Myanmar Co., Ltd တို႔က ပံ့ပိုးေပးေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေရႊေၾကးစည္လူမႈကူညီေရးအသင္း(လားရႈိး)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် မေလ (၁၀)ရက်နေ့ နံနက်ပိုင်းကစ၍ စတင်ဖွင့်လှစ်သည့် နိုင်ငံတကာအဆင့်မီ အရေးပေါ်ကယ်ဆယ်ရေး သင်တန်းသို့ ဒေသတွင်းမှ ပရဟိတအသင်းများနှင့် စိတ်ဝင်စားသူ လူဦးရေ(၁၀၀)ကျော် တက်ရောက် နေကြောင်း သင်တန်းစီစဉ်သည့်အဖွဲ့တစ်ခုဖြစ်သည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်မှ သိရသည်။

“မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဌ ဦးလှထွန်းကနေ သရုပ်ပြသင်ကြားမှုတွေနဲ့ ဦးစီး သင်ကြားပေးနေ တာဖြစ်ပါတယ်။ သင်တန်းသားတွေ အခုလိုများများလာတက်တဲ့အတွက် သင်တန်းအတွက်တော့ တကယ် အားရပါတယ်။ ရှမ်းမြောက်အတွင်းက မြို့နယ်တိုင်းနီးပါးမှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းဝင်တွေ၊ ဝါသနာရှင်တွေ လာပြီးသင်ယူနကြေပါတယ်”ဟု သင်တန်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သည့် လားရှိုးမြို့ ရွှေကြေးစည်လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးစိုင်းညီညီဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းအား မေလ(၁၀) ရက်မှ ( ၁၅ )ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး သင်တန်းသို့ ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ တာမိုးညဲ၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ လားရှိုး စသည့် မြို့များမှ လူမှုကယ်ဆယ်ရေး အသင်းများနှင့် စိတ်ဝင်စားသူများ တက်ရောက်နေကြောင်း သိရသည်။

သင်တန်းဖြစ်မြောက်ရေးအတွက် လားရှိုးမြို့မှ မြန်မာ့ရတနာရွှေခေတ်ကုမ္ပဏီနှင့် Shining Myanmar Co., Ltd တို့က ပံ့ပိုးပေးကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရွှေကြေးစည်လူမှုကူညီရေးအသင်း(လားရှိုး)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~