၂၀၁၄ ခုႏွစ္ကတည္းက ေငြက်ပ္သိန္းတစ္ရာ ေပးသြင္းထားသည့္ လီဝိုးေက်းရြာ လွ်ပ္စစ္မီးမရေသး

၂၀၁၄ ခုႏွစ္ကတည္းက ေငြက်ပ္သိန္းတစ္ရာ ေပးသြင္းထားသည့္ လီဝိုးေက်းရြာ လွ်ပ္စစ္မီးမရေသး
မေ 2, 2017
By Tachileik News Agency

ယခင္အစိုးရလက္ထက္ကတည္းက လွ်ပ္စစ္မီး ရရွိေရးအတြက္ ေငြက်ပ္သိန္းတစ္ရာ ေပးသြင္းထား ခဲ့ေသာ္လည္း ယခုခ်ိန္ထိ လွ်ပ္စစ္မီးရရွိေသးျခင္း မရွိေသးသျဖင့္ သက္ဆုိင္ရာသို႔ ဆက္လက္ တင္ျပသြားရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ လီဝိုးေက်းရြာတြင္ လွ်ပ္စစ္မီးရရိွေရးအတြက္ ၂၀၁၄ ခုႏွစ္က ျပည္နယ္အစိုးရအား က်ပ္သိန္းတစ္ရာေပးသြင္းခဲ့ၿပီးေနာက္ ထရန္စေဖာ္မာ (၂၀၀) ဝပ္တစ္လုံးနွင့္ လွ်ပ္စစ္မီးႀကိဳးသြယ္တန္းျခင္းအား ေပေပါင္း (၂၁၀၀)၊ ယခုအစိုးရလက္ထက္တြင္ ေပေပါင္း (၁၁၁၀၀) သြယ္တန္းၿပီးျဖစ္ေသာ္လည္း လွ်ပ္စစ္မီးသံုးစြဲႏုိင္ျခင္း မရိွေသးေၾကာင္း လီဝိုး ေက်းရြာမီးလင္းေရး ေကာ္မတီထံမွ သိရသည္။

“ေက်းရြာရဲ႕အေနထားအရ ဒီေပေပါင္းနဲ႔က မီးက တစ္ရြာလုံးလင္းမွာ မဟုတ္ဘူး။ ေနာက္ထပ္ေပေပါင္း (၆၃၀၀) လိုေနေသးတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ေက်းရြာသားေတြနဲ႔ မီးလင္းေရးေကာ္မတီေတြ အစည္းအေဝး ထိုင္လိုက္ၿပီး တစ္အိမ္ေထာင္ က်ပ္တစ္သိန္း ထပ္ၿပီးေကာက္ခံမယ္ေပါ့။ ဒါဆို ခုနကလိုတဲ့ ေပေပါင္း (၆၃၀၀) ရမယ္။ အကုန္မီးလင္းမယ္ေပါ့ဆိုေတာ့ ပိုက္ဆံက ေကာက္ထားၿပီးသား။ ဘဏ္မွာေတာ့ မသြင္းထားဘူး။ ၿပီးခဲ့တဲ့ ႏွစ္လေလာက္က သက္ဆိုင္လူႀကီးေတြက ကြင္းဆင္းၿပီး လာေဆြးေႏြးပါတယ္။ ဒီတစ္လႏွစ္လအတြင္း အၿပီးလုပ္ေပးပါမယ္ေျပာၿပီး ခုခ်ိန္ထိ ဘာမွကိုလာမလုပ္ေပးဘူးေပါ့။ ကၽြန္ေတာ္လည္း ေကာက္ထားတဲ့ ပိုက္ဆံေတြ ျပန္ေပးလိုက္တယ္။ တခ်ိဳ႕က အတိုးနဲ႕ေခ်းၿပီးေပးရတာေလ။ အတိုးပဲ တတ္လာတယ္။ ဒီမွာက ဘာမွအလုပ္မျဖစ္ေတာ့ ျပန္ေပးလိုက္တာေပါ့ ”ဟု လီဝိုး ေက်းရြာမီးလင္းေရးေကာ္မတီ အတြင္းေရးမွဴး ဦးဖရန္စစ္စကိုထိုက္က ေျပာသည္။

ယခင္အစိုးရလက္ထက္တြင္ ေက်းရြာမ်ားမီးလင္းေရးအတြက္ တစ္ရြာလွ်င္ က်ပ္သိန္းတစ္ရာေကာက္ခံ၍ ထရန္စေဖာ္မာႏွင့္ လွ်ပ္စစ္မီးႀကိဳးသြယ္တန္းျခင္းတို႔ကို အစိုးရက တစ္ဝက္က်ခံ၍ လုပ္ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“၂၀၁၄ ခုနွစ္ကေပါ့။ ကၽြန္ေတာ္ကိုယ္တုိင္ သိန္းတစ္ရာကို KBZ ဘဏ္မွာသြင္းတယ္။ အဲဒါကို ဒီးေမာ့ဆို အုပ္ခ်ဳပ္ေရးမွဴးက ဖုန္းဆက္လာတယ္။ CB ဘဏ္မွာျပန္သြင္းရမယ္လို႔ အဲဒါနဲ႕ CB ဘဏ္မွာသြင္းတယ္။ ကၽြန္ေတာ္တို႕လည္း မလယ္ဝယ္ေတာ့ ကၽြန္ေတာ့္ကိုျပန္ေပးတဲ့ ေဘာင္ခ်ာမွာေတာ့ အရင္အစိုးရ လက္ထက္က လွ်ပ္စစ္ဝန္ႀကီး ဦးေစားဟူးဟူးရဲ႕နာမည္နဲ႕ ေငြသြင္းလိုက္ရတာေပါ့။ ခုဆို သူလည္းဘယ္ ေရာက္ေနလဲ မသိဘူး။ ဒီတိုင္း ပစ္ထားခဲ့တယ္။ တျခားရြာေတြ လင္းတာၾကာၿပီ။ ကၽြန္ေတာ္တို႕တစ္ရြာပဲ ခုထိမလင္းေသးတာ”ဟု မီးလင္းေရး ေကာ္မတီမွ ဦးေပသရူက ေျပာသည္။

အဆိုပါေဒသမ်ားတြင္ သစ္ေတာျပဳန္းတီးလာမႈမ်ားေၾကာင့္ ထင္းေလာင္စာအတြက္ အခက္အခဲ ျဖစ္ေနရသျဖင့္ လွ်ပ္စစ္မီးရရိွရန္ လိုအပ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“ကၽြန္မတို႔ဆီမွာ ထင္းေတြရွားလာၿပီး အေဝးႀကီးမွာ သြားခုတ္ရတယ္။ လွ်ပ္စစ္မီးသာရွိရင္ ထင္း ျပသနာက သူ႕ဘာသာ ေလ်ာ့သြားမယ္။ မီးကေတာ့ အရမ္းလိုခ်င္လြန္းလို႕ကို ဟိုအရင္ကတည္း မရွိရွိတဲ့ ပိုက္ဆံေလးေတြ စုၿပီး ေပးထားရတာ။ ႏြားေတြကအစ ေရာင္းခဲ့ရတာ။ ခုေတာ့ စိတ္အရမ္းတိုတာေပါ့ေနာ္ ”ဟု လီဝိုးေက်းရြာေဒသခံ ေဒၚကက္သရင္း ကေျပာသည္။

လီဝိုးေက်းရြာတြင္ အိမ္ေထာင္စုေပါင္း (၃၄၄) စုရွိၿပီး ပ်မ္းမွ်အားျဖင့္ လူဦးေရ တစ္သိန္းေက်ာ္ ေနထိုင္ၿပီး ၎အနီးဝန္က်င္ရြာမ်ားျဖစ္သည့္ ဆင္ေတာင္ ၊ ဝီသဲကူး ၊ခူးပရာထူး ေက်းရြာမ်ားတြင္ လွ်ပ္စစ္မီး ရရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ယခင်အစိုးရလက်ထက်ကတည်းက လျှပ်စစ်မီး ရရှိရေးအတွက် ငွေကျပ်သိန်းတစ်ရာ ပေးသွင်းထား ခဲ့သော်လည်း ယခုချိန်ထိ လျှပ်စစ်မီးရရှိသေးခြင်း မရှိသေးသဖြင့် သက်ဆိုင်ရာသို့ ဆက်လက် တင်ပြသွားရန် လုပ်ဆောင်နေကြောင်း သိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် လီဝိုးကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၄ ခုနှစ်က ပြည်နယ်အစိုးရအား ကျပ်သိန်းတစ်ရာပေးသွင်းခဲ့ပြီးနောက် ထရန်စဖော်မာ (၂၀၀) ဝပ်တစ်လုံးနှင့် လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းအား ပေပေါင်း (၂၁၀၀)၊ ယခုအစိုးရလက်ထက်တွင် ပေပေါင်း (၁၁၁၀၀) သွယ်တန်းပြီးဖြစ်သော်လည်း လျှပ်စစ်မီးသုံးစွဲနိုင်ခြင်း မရှိသေးကြောင်း လီဝိုး ကျေးရွာမီးလင်းရေး ကော်မတီထံမှ သိရသည်။

“ကျေးရွာရဲ့အနေထားအရ ဒီပေပေါင်းနဲ့က မီးက တစ်ရွာလုံးလင်းမှာ မဟုတ်ဘူး။ နောက်ထပ်ပေပေါင်း (၆၃၀၀) လိုနေသေးတယ်။ အဲဒီတော့ ကျွန်တော်တို့ ကျေးရွာသားတွေနဲ့ မီးလင်းရေးကော်မတီတွေ အစည်းအဝေး ထိုင်လိုက်ပြီး တစ်အိမ်ထောင် ကျပ်တစ်သိန်း ထပ်ပြီးကောက်ခံမယ်ပေါ့။ ဒါဆို ခုနကလိုတဲ့ ပေပေါင်း (၆၃၀၀) ရမယ်။ အကုန်မီးလင်းမယ်ပေါ့ဆိုတော့ ပိုက်ဆံက ကောက်ထားပြီးသား။ ဘဏ်မှာတော့ မသွင်းထားဘူး။ ပြီးခဲ့တဲ့ နှစ်လလောက်က သက်ဆိုင်လူကြီးတွေက ကွင်းဆင်းပြီး လာဆွေးနွေးပါတယ်။ ဒီတစ်လနှစ်လအတွင်း အပြီးလုပ်ပေးပါမယ်ပြောပြီး ခုချိန်ထိ ဘာမှကိုလာမလုပ်ပေးဘူးပေါ့။ ကျွန်တော်လည်း ကောက်ထားတဲ့ ပိုက်ဆံတွေ ပြန်ပေးလိုက်တယ်။ တချို့က အတိုးနဲ့ချေးပြီးပေးရတာလေ။ အတိုးပဲ တတ်လာတယ်။ ဒီမှာက ဘာမှအလုပ်မဖြစ်တော့ ပြန်ပေးလိုက်တာပေါ့ ”ဟု လီဝိုး ကျေးရွာမီးလင်းရေးကော်မတီ အတွင်းရေးမှူး ဦးဖရန်စစ်စကိုထိုက်က ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ကျေးရွာများမီးလင်းရေးအတွက် တစ်ရွာလျှင် ကျပ်သိန်းတစ်ရာကောက်ခံ၍ ထရန်စဖော်မာနှင့် လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းတို့ကို အစိုးရက တစ်ဝက်ကျခံ၍ လုပ်ဆောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၄ ခုနှစ်ကပေါ့။ ကျွန်တော်ကိုယ်တိုင် သိန်းတစ်ရာကို KBZ ဘဏ်မှာသွင်းတယ်။ အဲဒါကို ဒီးမော့ဆို အုပ်ချုပ်ရေးမှူးက ဖုန်းဆက်လာတယ်။ CB ဘဏ်မှာပြန်သွင်းရမယ်လို့ အဲဒါနဲ့ CB ဘဏ်မှာသွင်းတယ်။ ကျွန်တော်တို့လည်း မလယ်ဝယ်တော့ ကျွန်တော့်ကိုပြန်ပေးတဲ့ ဘောင်ချာမှာတော့ အရင်အစိုးရ လက်ထက်က လျှပ်စစ်ဝန်ကြီး ဦးစေားဟူးဟူးရဲ့နာမည်နဲ့ ငွေသွင်းလိုက်ရတာပေါ့။ ခုဆို သူလည်းဘယ် ရောက်နေလဲ မသိဘူး။ ဒီတိုင်း ပစ်ထားခဲ့တယ်။ တခြားရွာတွေ လင်းတာကြာပြီ။ ကျွန်တော်တို့တစ်ရွာပဲ ခုထိမလင်းသေးတာ”ဟု မီးလင်းရေး ကော်မတီမှ ဦးပေသရူက ပြောသည်။

အဆိုပါဒေသများတွင် သစ်တောပြုန်းတီးလာမှုများကြောင့် ထင်းလောင်စာအတွက် အခက်အခဲ ဖြစ်နေရသဖြင့် လျှပ်စစ်မီးရရှိရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်မတို့ဆီမှာ ထင်းတွေရှားလာပြီး အဝေးကြီးမှာ သွားခုတ်ရတယ်။ လျှပ်စစ်မီးသာရှိရင် ထင်း ပြသနာက သူ့ဘာသာ လျော့သွားမယ်။ မီးကတော့ အရမ်းလိုချင်လွန်းလို့ကို ဟိုအရင်ကတည်း မရှိရှိတဲ့ ပိုက်ဆံလေးတွေ စုပြီး ပေးထားရတာ။ နွားတွေကအစ ရောင်းခဲ့ရတာ။ ခုတော့ စိတ်အရမ်းတိုတာပေါ့နော် ”ဟု လီဝိုးကျေးရွာဒေသခံ ဒေါ်ကက်သရင်း ကပြောသည်။

လီဝိုးကျေးရွာတွင် အိမ်ထောင်စုပေါင်း (၃၄၄) စုရှိပြီး ပျမ်းမျှအားဖြင့် လူဦးရေ တစ်သိန်းကျော် နေထိုင်ပြီး၎င်းအနီးဝန်ကျင်ရွာများဖြစ်သည့် ဆင်တောင်၊ ဝီသဲကူး၊ခူးပရာထူး ကျေးရွာများတွင် လျှပ်စစ်မီး ရရှိနပြေီဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~