အဓမၼအလုပ္ခုိင္းေစျခင္းဆိုင္ရာ အလုပ္ရံုေဆြးေႏြးပြဲ တာခ်ီလိတ္တြင္ က်င္းပ

အဓမၼအလုပ္ခုိင္းေစျခင္းဆိုင္ရာ အလုပ္ရံုေဆြးေႏြးပြဲ တာခ်ီလိတ္တြင္ က်င္းပ
မေ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ ့ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ ့(ILO)၏ ပံ့ပိုးကူညီမႈျဖင့္ ေမာ္ကြမ္ေဒသဖြံ ့ၿဖိ္ဳးတိုးတက္ေရးအဖြဲ ့ႏွင့္ သုတဒါန အသိပညာဖြံ ့ျဖိဳးေရး အဖြဲ႕အစည္းတို ့ ပူးေပါင္း၍ ေမလ (၃)ရက္ေန႔ နံနက္ပိုင္းက စ၍ တာခ်ီလိတ္ခရိုင္ ျပန္/ဆက္ရံုးရွိ အစည္းအေ၀း ခန္းမတြင္  အဓမၼအလုပ္ခိုင္းေစျခင္းဆိုင္ရာ အသိပညာေပး အလုပ္ရုံေဆြးေႏြးပြဲ က်င္းပေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို ့ႏိုင္ငံမွာ မ်ားေသာအားျဖင့္ အလုပ္ရွင္ အလုပ္သမား ျပႆနာေတြက အမ်ားႀကီး ျဖစ္ေနတယ္။ အခုလို ဒီျပႆနာေတြ ျဖစ္ေနရတာကလည္း အလုပ္ရွင္ အလုပ္သမားနဲ ့ ပတ္သက္တဲ့ ဥပေဒေတြကို မသိၾကလို ့ ျဖစ္ႀကတာပါ။အစိုးရ၀န္ထမ္းေတြမွာလည္း သူတို ့သတ္မွတ္ထားတဲ့ အလုပ္ခ်ိန္ ေက်ာ္ျပီးေတာ့ အခ်ိန္ပိုလုပ္ရမယ္ဆိုရင္ သူတို ့ရဲ ့ လစာအျပင္ အခ်ိန္ပိုလုပ္အားခ ေပးရတယ္။ ဒါေတာင္မွ အခုျဖစ္ေနတာက အစိုးရ၀န္ထမ္းေတြက သူတို ့အတြက္ အခ်ိန္ပိုလခ ရတာနည္းတာေတြ ၾကဳံေနရတယ္။ ျပင္ပလုပ္ငန္းေတြမွာ ဆိုရင္လည္း ပိုၿပီးေတာ့ ေတြ႔ရတယ္။ဒါ့အျပင္ ဘယ္လုပ္ငန္းမဆို အလုပ္ရွင္ အလုပ္သမား ႏွစ္ဦးသေဘာတူ စာခ်ဳပ္ခ်ဳပ္ရမွာျဖစ္ေပမယ့္ ကၽြန္ေတာ္တို ့ ႏိုင္ငံမွာ အလြန္အားနည္းတဲ့အတြက္ အခုလို အလုပ္ရုံေဆြးေႏြးပြဲလုပ္ျပီးေတာ့ ပညာေပးတာျဖစ္ပါတယ္။"ဟု သုတဒါန အသိပညာဖြံ ့ျဖိဳးေရး အဖြဲ ့အစည္း ဥကၠဌ ဦးစစ္ခိုင္ထြန္းကေျပာသည္။

အဆိုပါ အလုပ္ရုံေဆြးေႏြးပြဲတြင္ ေရႊ ့ေျပာင္းအလုပ္သမားဆိုင္ရာ အခြင့္အေရးမ်ား၊ အလုပ္သမား ဥပေဒမ်ားႏွင့္ အဓမၼအလုပ္ေစခိုင္းျခင္းဆို္င္ရာ အသိပညာေပးျခင္းတို ့ကို အထူးျပဳေဆြးေႏြးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ယင္းအလုပ္ရုံေဆြးေႏြးပြဲကို တာခ်ီလိတ္ၿမိဳ ့ေပၚရိွ အရပ္ဖက္လူမႈေရးအသင္းအဖြဲ ့မ်ား၏ ကိုယ္စားလွယ္မ်ား၊ ေက်းရြာအုပ္စုမ်ားရိွ အရပ္ဖက္ လူမႈေရးအသင္းအဖြဲ ့ ကိုယ္စားလွယ္မ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ေဆြးေႏြးလ်က္ရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)၏ ပံ့ပိုးကူညီမှုဖြင့် မော်ကွမ်ဒေသဖွံ့ဖြို်းတိုးတက်ရေးအဖွဲ့နှင့် သုတဒါန အသိပညာဖွံ့ဖြိုးရေး အဖွဲ့အစည်းတို့ ပူးပေါင်း၍ မေလ (၃)ရက်နေ့ နံနက်ပိုင်းက စ၍ တာချီလိတ်ခရိုင် ပြန်/ဆက်ရုံးရှိ အစည်းအေဝး ခန်းမတွင် အဓမ္မအလုပ်ခိုင်းစခြေင်းဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည်။

"ကျွန်တော်တို့နိုင်ငံမှာ များသောအားဖြင့် အလုပ်ရှင် အလုပ်သမား ပြဿနာတွေက အများကြီး ဖြစ်နေတယ်။ အခုလို ဒီပြဿနာတွေ ဖြစ်နေရတာကလည်း အလုပ်ရှင် အလုပ်သမားနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို မသိကြလို့ ဖြစ်ကြတာပါ။အစိုးရဝန်ထမ်းတွေမှာလည်း သူတို့သတ်မှတ်ထားတဲ့ အလုပ်ချိန် ကျော်ပြီးတော့ အချိန်ပိုလုပ်ရမယ်ဆိုရင် သူတို့ရဲ့ လစာအပြင် အချိန်ပိုလုပ်အားခ ပေးရတယ်။ ဒါတောင်မှ အခုဖြစ်နေတာက အစိုးရဝန်ထမ်းတွေက သူတို့အတွက် အချိန်ပိုလခ ရတာနည်းတာတွေ ကြုံနေရတယ်။ ပြင်ပလုပ်ငန်းတွေမှာ ဆိုရင်လည်း ပိုပြီးတော့ တွေ့ရတယ်။ဒါ့အပြင် ဘယ်လုပ်ငန်းမဆို အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ရမှာဖြစ်ပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ အလွန်အားနည်းတဲ့အတွက် အခုလို အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီးတော့ ပညာပေးတာဖြစ်ပါတယ်။"ဟု သုတဒါန အသိပညာဖွံ့ဖြိုးရေး အဖွဲ့အစည်း ဥက္ကဌ ဦးစစ်ခိုင်ထွန်းကပြောသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အခွင့်အရေးများ၊ အလုပ်သမား ဥပဒေများနှင့် အဓမ္မအလုပ်စေခိုင်းခြင်းဆို်င်ရာ အသိပညာပေးခြင်းတို့ကို အထူးပြုဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို တာချီလိတ်မြို့ပေါ်ရှိ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၏ ကိုယ်စားလှယ်များ၊ ကျေးရွာအုပ်စုများရှိ အရပ်ဖက် လူမှုရေးအသင်းအဖွဲ့ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~