တာခ်ီလိတ္တြင္ ေလလႊင့္သြားလာ ေနသူမ်ားထဲမွ ေနရပ္ျပန္လိုသူမ်ားကို ခရီးစရိတ္ ပံ့ပိုးကူညီေပးကာ ေနရပ္ျပန္ပို႔

တာခ်ီလိတ္တြင္ ေလလႊင့္သြားလာ ေနသူမ်ားထဲမွ ေနရပ္ျပန္လိုသူမ်ားကို ခရီးစရိတ္ ပံ့ပိုးကူညီေပးကာ ေနရပ္ျပန္ပို႔
မေ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ရာမဲ့ေနထုိင္သူမ်ားထံက ေတာင္ႀကီးခရိုင္ႏွင့္ မိတၳီလာခရိုင္မ်ားသို႔ ေနရပ္ျပန္လိုသူ(၁၁)ဦးသည္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ခရီးစရိတ္ပံ့ပိုးမႈျဖင့္ ေမလ (၂၆)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕မွ ေနရပ္ျပန္သြားေၾကာင္း သိရသည္။

“ဒီလိုျပန္ပို႔ေပးလိုက္တာလည္း ေကာင္းတယ္။ မဟုတ္ရင္ ဒီတိုင္းေနမယ္ဆို ရာသီဥတုဒဏ္၊ အစားမွန္မွန္ မစားရတဲ့ဒဏ္ေတြေၾကာင့္ အသက္ကရွည္မွာ မဟုတ္ဘူး။ ေနရပ္ကို ျပန္ပို႔ေပးလိုက္ေတာ့ ကိုယ့္ေနရပ္မွာဆို အဆင္ေျပၿပီး ေကာင္းေကာင္းေနေန ႏိုင္တာေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ေအးလြင္က ေျပာသည္။

အလုပ္အကိုင္အခြင့္အလမ္း အတြက္ ေျပာင္းေရႊ႕လုပ္ကိုင္ေနသူမ်ားအနက္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡေရာက္ေနသူမ်ားသည္ တာခ်ီလိတ္ၿမိဳ႕တြင္ စြန္႔ပစ္ပစၥည္းေကာက္ျခင္း၊ ေတာင္းရမ္းစားေသာက္ျခင္း၊ လမ္းေဘးပလက္ေဖာင္းမ်ားတြင္ ညအိပ္ညေန ေနထိုင္ျခင္းမ်ားေၾကာင့္ ၿမိဳ႕ေနလူထုအတြက္ အေႏွာင့္အယွက္မျဖစ္ေစရန္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဦးေဆာင္သည့္ ဌာနဆုိင္ရာမ်ားႏွင့္ အရပ္ဖက္ အဖြဲ႕အစည္းတို႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ေမလ (၂၅)ရက္ေန႔တြင္ အိမ္ရာမဲ့ေနထိုင္သူမ်ားအား စုစည္းေခၚယူကာ ပညာေပးေဆြးေႏြးျခင္းႏွင့္ ေနရပ္ျပန္လိုေသာ္လည္း အခက္အခဲျဖစ္ေနသူမ်ားအား ခရီးစရိတ္ေထာက္ပံ့ေပးျခင္းတို႔ကို လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔က ညဆိုလမ္းေဘး ပလက္ေဖာင္းေတြမွာ အိပ္တာမ်ိဳးေတြရိွလာေတာ့ ၿမိဳ႕ေနလူထုက စိုးရိမ္ၾကတယ္။ ဒါေၾကာင့္ သူတို႔အခက္အခဲကို သိၿပီး ေျဖရွင္းေပးႏုိင္ေအာင္ မေန႔က ေခၚယူတယ္။ သူတို႔ကို ေသခ်ာ ေျပာျပတယ္။ ဒါက ပထမဆံုးအႀကိမ္ လုပ္ျဖစ္တာပါ။ မေန႔က ပညာေပး ေဆြးေႏြးၿပီးတဲ့အခါမွာ ညပိုင္းမွာ အရင္လို သြားလာေနတာေတြေတာ့ မေတြ႔ေတာ့ဘူး။ အိမ္ရာမဲ့ ေနသူေတြထဲက ဒီမွာ ဆက္ေနခဲ့မယ္ဆိုတဲ့ (၂၀)မွာ (၁၂)ဦးက အိမ္ရိွၾကတယ္။ က်န္တဲ့ (၈)ဦးကေတာ့ သုသာန္နားမွာ တဲေလးေတြထိုးၿပီး ေနၾကတယ္”ဟု အိမ္ရာမဲ့မ်ားအေရး ပါ၀င္ကူညီသည့္ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

အိမ္ရာမဲ့ေနထိုင္သူ အမ်ိဳးသား (၃၇)ဦး၊ အမ်ိဳးသမီး (၆)ဦးအနက္ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္မွ (၁၄)ဦးမွာ ေမလ (၂၅)ရက္ေန႔မွာပင္ ေနရပ္ အသီးသီးသို႔ ရဲတပ္ဖြဲ႕မွ စီစဥ္ေပးသည့္ ကားျဖင့္ ျပန္သြားၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီး ထိန္၀င္း ႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ားက အိမ္ရာမဲ့မ်ား ေနရပ္ျပန္ႏုိင္ေရး ကူညီေပးၿပီး မဇၥ်ိမလူမႈေရးအသင္းက အဝတ္အထည္ ႏွစ္စုံစီ ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အိမ်ရာမဲ့နေထိုင်သူများထံက တောင်ကြီးခရိုင်နှင့် မိတ္ထီလာခရိုင်များသို့ နေရပ်ပြန်လိုသူ(၁၁)ဦးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ခရီးစရိတ်ပံ့ပိုးမှုဖြင့် မေလ (၂၆)ရက်နေ့တွင် တာချီလိတ်မြို့မှ နေရပ်ပြန်သွားကြောင်း သိရသည်။

“ဒီလိုပြန်ပို့ပေးလိုက်တာလည်း ကောင်းတယ်။ မဟုတ်ရင် ဒီတိုင်းနေမယ်ဆို ရာသီဥတုဒဏ်၊ အစားမှန်မှန် မစားရတဲ့ဒဏ်တွေကြောင့် အသက်ကရှည်မှာ မဟုတ်ဘူး။ နေရပ်ကို ပြန်ပို့ပေးလိုက်တော့ ကိုယ့်နေရပ်မှာဆို အဆင်ပြပြေီး ကောင်းကောင်းနေနေ နိုင်တာပေါ့”ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က ပြောသည်။

အလုပ်အကိုင်အခွင့်အလမ်း အတွက် ပြောင်းရွှေ့လုပ်ကိုင်နေသူများအနက် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသူများသည် တာချီလိတ်မြို့တွင် စွန့်ပစ်ပစ္စည်းကောက်ခြင်း၊ တောင်းရမ်းစားသောက်ခြင်း၊ လမ်းဘေးပလက်ဖောင်းများတွင် ညအိပ်ညနေ နေထိုင်ခြင်းများကြောင့် မြို့နေလူထုအတွက် အနှောင့်အယှက်မဖြစ်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သည့် ဌာနဆိုင်ရာများနှင့် အရပ်ဖက် အဖွဲ့အစည်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မေလ (၂၅)ရက်နေ့တွင် အိမ်ရာမဲ့နေထိုင်သူများအား စုစည်းခေါ်ယူကာ ပညာပေးဆွေးနွေးခြင်းနှင့် နေရပ်ပြန်လိုသော်လည်း အခက်အခဲဖြစ်နေသူများအား ခရီးစရိတ်ထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ညဆိုလမ်းဘေး ပလက်ဖောင်းတွေမှာ အိပ်တာမျိုးတွေရှိလာတော့ မြို့နေလူထုက စိုးရိမ်ကြတယ်။ ဒါကြောင့် သူတို့အခက်အခဲကို သိပြီး ဖြေရှင်းပေးနိုင်အောင် မနေ့က ခေါ်ယူတယ်။ သူတို့ကို သေချာ ပြောပြတယ်။ ဒါက ပထမဆုံးအကြိမ် လုပ်ဖြစ်တာပါ။ မနေ့က ပညာပေး ဆွေးနွေးပြီးတဲ့အခါမှာ ညပိုင်းမှာ အရင်လို သွားလာနေတာတွေတော့ မတွေ့တော့ဘူး။ အိမ်ရာမဲ့ နေသူတွေထဲက ဒီမှာ ဆက်နေခဲ့မယ်ဆိုတဲ့ (၂၀)မှာ (၁၂)ဦးက အိမ်ရှိကြတယ်။ ကျန်တဲ့ (၈)ဦးကတော့ သုသာန်နားမှာ တဲလေးတွေထိုးပြီး နကြေတယ်”ဟု အိမ်ရာမဲ့များအရေး ပါဝင်ကူညီသည့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

အိမ်ရာမဲ့နေထိုင်သူ အမျိုးသား (၃၇)ဦး၊ အမျိုးသမီး (၆)ဦးအနက် တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်မှ (၁၄)ဦးမှာ မေလ (၂၅)ရက်နေ့မှာပင် နေရပ် အသီးသီးသို့ ရဲတပ်ဖွဲ့မှ စီစဉ်ပေးသည့် ကားဖြင့် ပြန်သွားကြကြောင်း သိရသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း နှင့် ရဲတပ်ဖွဲ့ဝင်များက အိမ်ရာမဲ့များ နေရပ်ပြန်နိုင်ရေး ကူညီပေးပြီး မဇ္ဈိမလူမှုရေးအသင်းက အဝတ်အထည် နှစ်စုံစီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~