ေလာက္ကိုင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္းေမာင္ႏွင့္ ေလာက္ကိုင္ၿမိဳ႕အေျခအေန ေမးျမန္းျခင္း

ေလာက္ကိုင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္းေမာင္ႏွင့္ ေလာက္ကိုင္ၿမိဳ႕အေျခအေန ေမးျမန္းျခင္း
မေ 4, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေလာက္ကိုင္ၿမိဳ႕အား မတ္လ()ရက္ေန႔တြင္ MNDAA က ဝင္ေရာက္ တုိက္ခိုက္ခဲ့ကာ တိုက္ပြဲမ်ားျဖစ္ပြားၿပီးေနာက္ ေဒသခံမ်ား ေနရပ္စြန္႔ခြာထြက္ေျပးေနၾကရာမွ ဧၿပီ လ အတြင္း ေလာက္ကိုင္ေဒသသို႔ ျပန္လည္ဝင္ေရာက္လာၾကၿပီး ၿမိဳ႕တြင္းျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို ေဒသ တာဝန္ရိွသူမ်ား၊ လူမႈကူညီေရးအသင္းအဖြဲ႕မ်ား၏အကူအညီျဖင့္ လုပ္ေဆာင္ေနၿပီ ျဖစ္ရာ ေဒသအေျခအေနမ်ားအား သိရိွႏိုင္ရန္ ေလာက္ကိုင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္းေမာင္အား ေမလ ()ရက္ေန႔တြင္ ေတြ႕ဆံုေမးျမန္းထားပါသည္။


TNA ။    ။ တိုက္ပြဲအၿပီးမွာ ေလာက္ကိုင္ေဒသတြင္း ျပန္လည္ထူေထာင္ေရးကာလမွာ ျပန္လည္ ဝင္ေရာက္လာသူေတြရဲ႔အေျခအေန ဘယ္လိုရိွပါသလဲ။



ZLM ။  ။  ၿမိဳ႕ခံလူထုဆိုတာက ၿမိဳ႕ေပၚရပ္ကြက္ေတြေပ့ါဗ်ာ။ အဲဒီၿမိဳ႕ေပၚေနထိုင္သူေတြက အရင္တုန္းကဆို (၉၀၀၀)ကေန (၁၀,၀၀၀) ေလာက္ရွိတာေပ့ါ။ ခုျပန္ဝင္လာတဲ့အခ်ိန္က်ေတာ့ ကြ်န္ေတာ္တို႔က ဂိတ္ေတြကေန စစ္ေဆးၿပီး စာရင္းေကာက္တာဆိုေတာ့ ၿမိဳ႕ေပၚေန လူထုတင္ မဟုတ္ဘဲ ႀကံခုတ္လုပ္သားေတြလည္း စာရင္းထဲမွာပါလာတာေပါ့။ ဒါေၾကာင့္ စာရင္းတိုးလာတာျဖစ္ပါတယ္။ ႀကံခုတ္လုပ္သားေတြ အျပင္ ၿမိဳ႕အစပ္ နယ္ေတြမွာေနတဲ့သူေတြလည္းပါတယ္ေလ။ အရင္ေနထိုင္သူ (၉၀၀၀) ရွိတဲ့ဥစၥာကေန အခု (၁၃၀၀၀) ျဖစ္လာတာေတာ့ မဟုတ္ဘူးေပါ့။ ဒီဂိတ္ကေန စာရင္းေကာက္ေနတဲ့အခါက်ေတာ့ အဲဒီလိုစာရင္းထဲမွာ အကုန္ပါလာတဲ့သေဘာပါ။


TNA ။    ။ နယ္စပ္ဂိတ္စုစုေပါင္းဘယ္ႏွစ္ခုေလာက္ရွိပါသလဲ။ ဂိတ္ေတြရဲ့အေျခအေနကေရာ ဘယ္လိုရိွပါသလဲ။

ZLM ။  ။  ေလာက္ကိုင္ၿမိဳ႕နယ္နဲ႔ တရုတ္ျပည္နဲ႔ဆိုရင္ေတာ့ ေလာက္ကိုင္ၿမိဳ႕နယ္ထဲမွာ ရန္လံုက်ိဳင္းဂိတ္နဲ႔ ခ်င္းေရႊေဟာ္ ၿမိဳ႕နယ္ထဲမွာ ခ်င္းေရႊေဟာ္ဂိတ္ စုစုေပါင္း ()ဂိတ္ပဲရွိတာပါ။ ဂိတ္ေတြရဲ့ အေျခအေနကေတာ့ ပံုမွန္ပါပဲ။ ရန္လံုက်ိဳင္းကေတာ့ ေမလ () ရက္ေန႔ကေနစၿပီး ျပန္ဖြင့္ေပးထား တယ္ေလ။ အခုကေတာ့ စဖြင့္ကာစေပါ့။ ပံုမွန္အေနအထားေရာက္ဖို႔ဆိုတာကေတာ့ သူ႔ဟာနဲ႔သူ အခ်ိန္ယူရမွာေပ့ါ။ ဂိတ္ေတြကေတာ့ နယ္ေျမခံလူထုအတြက္ မရွိမျဖစ္လည္းသံုးေနရတယ္။ ကုန္စည္ေတြ တင္ပို႔တာ တင္သြင္းတာေတြလည္း ဒီဂိတ္ေတြကိုပဲအားကိုးေနရတာဆိုေတာ့ မဖြင့္မျဖစ္ ျပန္ဖြင့္ပါတယ္။


TNA ။    ။ ေဒသတြင္းမွာလံုၿခံဳေရး အာမခံခ်က္ေပးႏိုင္မႈအေနအထားကေရာ ဘယ္လိုရိွပါသလဲ။
ZLM ။  ။  ကြ်န္ေတာ္တို႔အေနနဲ႔ကေတာ့ တရားဥပေဒစိုးမိုးေရးကိစၥ၊ လံုၿခံဳေရးကိစၥေတြကို ဒီမွာရွိတဲ့ ဌာနဆိုင္ရာ အဖြဲ႔အစည္းေတြေရာ တပ္မေတာ္ေရာ သက္စြန္႔ဆံဖ်ား အကုန္လံုး လုပ္ပါတယ္။ အဲဒီအပိုင္းေတြ ကေတာ့ ျပည္သူေတြအတြက္ ဒီေဒသတစ္ခုလံုးအတြက္ ကြ်န္ေတာ္တို႔မွာရွိတဲ့ ဌာနဆိုင္ရာေတြအကုန္လံုး ႀကိဳး ႀကိဳးစားစားနဲ႔ ေဒသတည္ၿငိမ္ေအးခ်မ္းေရးနဲ႔ ေဒသလံုၿခံဳေရးအတြက္ လုပ္ေပးေနပါတယ္။ လုပ္ငန္းတစ္ခုဆိုတာကေတာ့ သူ႔အတိုင္းအတာနဲ႔သူေတာ့ တခ်ိဳ႕အခက္အခဲေလးေတြ ရွိေကာင္းရွိႏိုင္တာပဲ။ တခ်ိဳ႕ဟာေတြလည္း ေျဖရွင္းလို႔ရပါတယ္။ ေျပာမယ္ဆိုရင္ေတာ့ ျပန္လည္ ထူေထာင္ေရး ေဒသတည္ၿငိမ္ ေအးခ်မ္းေရး လုပ္ငန္းေတြ လုပ္ေဆာင္တဲ့ေနရာမွာ ဘာျဖစ္တယ္ ဘာျဖစ္တယ္ဆိုၿပီးေတာ့ ႀကီးႀကီးမားမား ေျဖရွင္းရတဲ့အခက္အခဲေတာ့ မရွိပါဘူး။


TNA ။    ။ 
ၿမိဳ႕ရဲ့ ဘယ္ႏွစ္ရာခိုင္ႏႈန္းေလာက္ကို ထူေထာင္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေပးရသလဲ။
ZLM ။  ။  ျပန္လည္ထူေထာင္ေရးဆိုတဲ့ေနရာမွာ လုပ္ေနရတာ အမ်ားႀကီးရွိတယ္။ ေဒသခံျပည္သူေတြရဲ့ စိတ္ပိုင္းဆိုင္ရာ ျပန္လည္ထူေထာင္ေရး၊ ရုပ္ပိုင္းဆိုင္ရာျပန္လည္ထူေထာင္ေပးဖို႔အပိုင္းေတြ စတာေတြ ရွိတယ္။ ရုပ္ပိုင္းဆိုင္ရာအေနနဲ႔ဆိုလို႔ရွိရင္ေတာ့ ကြ်န္ေတာ္တို႔ၿမိဳ့ေပၚမွာ ထိခိုက္ ပ်က္စီးဆံုးရႈံးမႈ ဘယ္ေလာက္ထိ ရွိတယ္ ဆိုတာမ်ိဳး အရမ္းႀကီးရွိတယ္ဆုိတာမရွိခဲ့ပါဘူး။ အဲဒီလိုပါပဲ တိတိက်က် ေျပာရမယ္ ဆိုရင္ေတာ့ အရပ္သားျပည္သူေတြပိုင္ဆိုင္တဲ့ အိုးအိမ္စည္းစိမ္ေတြ ဆိုးဆိုးရြားရြား ထိခိုက္ပ်က္စီးခဲ့တာမ်ိဳး မရွိပါဘူး။


TNA ။    ။ ၿမိဳ႕နယ္အတြင္းျဖစ္ေပၚေနတဲ့ လက္ရွိအေနအထားက ဘယ္လိုရွိမလဲ။
ZLM ။  ။   
ဒီလိုေပါ့ MNDAA အဖြဲ႔ေတြက ၂၀၁၇ ခုႏွစ္ မတ္လ () ရက္ေန႔ သန္းေခါင္ေက်ာ္ မတ္လ () ရက္ေန႔ မနက္ အေစာပိုင္းမွာ သူတို႔ကစၿပီးေတာ့ ေလာက္ကိုင္ကို တိုက္ခိုက္တယ္။  ဒီက အာဏာပိုင္ အဖြဲ႔အစည္းေတြ သတ္မွတ္တာကေတာ့ မတ္လ (၂၅) ရက္ေန႔မွာ အကုန္လံုးၿပီးစီးတယ္ေပါ့။ MNDAA ေတြကို ျပန္ၿပီးေတာ့ တိုက္ထုတ္ႏိုင္တယ္ေပါ့။ ဒီမွာေတာ့ သူတို႔ေတြေျခကုပ္ယူၿပီးေတာ့ တိုက္တဲ့စခန္းေတြ မရွိေတာ့ဘူး။ ဒါေပမယ့္ ၿမိဳ့ရဲ့လံုၿခံဳေရး ၿမိဳ႕ရဲ့တည္ၿငိမ္ေအးခ်မ္းေရးဆိုင္ရာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဒီဘက္က ဌာနဆိုင္ရာေတြေရာ ကြ်န္ေတာ္တို႔အဖြဲ႔အစည္းေတြေရာ တပ္မေတာ္တပ္ရင္းတပ္ဖြဲ႔ေတြေရာ အကုန္လံုး စြမ္းစြမ္းတမံလုပ္ေနတယ္။ ေဒသမွာရွိတဲ့ လူေတြလည္း ပံုမွန္အေျခအေနအတိုင္းျပန္ရဖို႔အတြက္ ေဒသခံျပည္သူေတြရဲ့ အက်ိဳးေက်းဇူးအတြက္ ဦးစီးအဖြဲ႔ေတြကေန ဦးေဆာင္ၿပီးေတာ့ အထက္ဌာန အဆင့္ဆင့္ရဲ့ လမ္းညႊန္မႈအတိုင္း တည္ၿငိမ္ေရး၊ တရားဥပေဒစိုးမိုးေရး၊ ၿမိဳ႕တြင္းသန္႔ရွင္းသာယာေရးေတြ အျပင္ ၿမိဳ႕ထဲမွာရွိတဲ့ ျပည္သူေတြရဲ့ စားဝတ္ေနေရးကိစၥေတြအတြက္ အစအဆံုးပံုမွန္ျပန္ျဖစ္ေအာင္ ကြ်န္ေတာ္တို႔ဌာနေတြအေနနဲ႔ ႀကိဳးစားၿပီးေတာ့ ေဆာင္ရြက္ေပးေနပါတယ္။ ကၽြန္ေတာ္တို႔ လုပ္ေဆာင္ခ်က္ေတြကို ေဒသခံေတြက ယံုၾကည္လား၊ မယံုၾကည္လား ဆိုတာကေတာ့ ၿမိဳ႕နယ္ထဲကိုျပန္ဝင္လာတဲ့ ေဒသခံအေရအတြက္ကိုၾကည့္ၿပီး သိႏိုင္ပါတယ္ေပါ့။ လက္ရွိေတာ့ ေဒသတြင္းေအးေအးခ်မ္းခ်မ္းနဲ႔ ရွိေနပါတယ္။ ကြ်န္ေတာ္တို႔လည္း အားလံုးအတြက္ အေကာင္းဆံုးျဖစ္ေအာင္ ႀကိဳးစားၿပီးေတာ့ လုပ္ေနပါတယ္။ လက္ရွိအေျခအေနကလည္း ေဒသထဲမွာ ဘာမွထူးျခားမႈမရွိပါဘူး။ ေအးခ်မ္းသာယာပါတယ္။


TNA ။    ။ ေက်းဇူးတင္ပါတယ္။



ေတြ႔ဆံုေမးျမန္းသူ  ။   ။ ေနၿဖိဳးျမင့္


ဓာတ္ပံု - ခမ္းဦး

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့အား မတ်လ(၆)ရက်နေ့တွင် MNDAA က ဝင်ရောက် တိုက်ခိုက်ခဲ့ကာ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနကြေရာမှ ဧပြီ လ အတွင်း လောက်ကိုင်ဒေသသို့ ပြန်လည်ဝင်ရောက်လာကြပြီး မြို့တွင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဒေသ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏အကူအညီဖြင့် လုပ်ဆောင်နပြေီ ဖြစ်ရာ ဒေသအခြေအနေများအား သိရှိနိုင်ရန် လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်အား မေလ (၂)ရက်နေ့တွင် တွေ့ဆုံမေးမြန်းထားပါသည်။

TNA။ တိုက်ပွဲအပြီးမှာ လောက်ကိုင်ဒေသတွင်း ပြန်လည်ထူထောင်ရေးကာလမှာ ပြန်လည် ဝင်ရောက်လာသူတွေရဲ့အခြေအနေ ဘယ်လိုရှိပါသလဲ။

ZLM။ မြို့ခံလူထုဆိုတာက မြို့ပေါ်ရပ်ကွက်တွေပေါ့ဗျာ။ အဲဒီမြို့ပေါ်နေထိုင်သူတွေက အရင်တုန်းကဆို (၉၀၀၀)ကနေ (၁၀,ဝဝဝ) လောက်ရှိတာပေါ့။ ခုပြန်ဝင်လာတဲ့အချိန်ကျတော့ ကျွန်တော်တို့က ဂိတ်တွေကနေ စစ်ဆေးပြီး စာရင်းကောက်တာဆိုတော့ မြို့ပေါ်နေ လူထုတင် မဟုတ်ဘဲ ကြံခုတ်လုပ်သားတွေလည်း စာရင်းထဲမှာပါလာတာပေါ့။ ဒါကြောင့် စာရင်းတိုးလာတာဖြစ်ပါတယ်။ ကြံခုတ်လုပ်သားတွေ အပြင် မြို့အစပ် နယ်တွေမှာနေတဲ့သူတွေလည်းပါတယ်လေ။ အရင်နေထိုင်သူ (၉၀၀၀) ရှိတဲ့ဥစ္စာကနေ အခု (၁၃၀၀၀) ဖြစ်လာတာတော့ မဟုတ်ဘူးပေါ့။ ဒီဂိတ်ကနေ စာရင်းကောက်နေတဲ့အခါကျတော့ အဲဒီလိုစာရင်းထဲမှာ အကုန်ပါလာတဲ့သဘောပါ။

TNA။ နယ်စပ်ဂိတ်စုစုပေါင်းဘယ်နှစ်ခုလောက်ရှိပါသလဲ။ ဂိတ်တွေရဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ZLM။ လောက်ကိုင်မြို့နယ်နဲ့ တရုတ်ပြည်နဲ့ဆိုရင်တော့ လောက်ကိုင်မြို့နယ်ထဲမှာ ရန်လုံကျိုင်းဂိတ်နဲ့ ချင်းရွှေဟော် မြို့နယ်ထဲမှာ ချင်းရွှေဟော်ဂိတ် စုစုပေါင်း (၂)ဂိတ်ပဲရှိတာပါ။ ဂိတ်တွေရဲ့ အခြေအနေကတော့ ပုံမှန်ပါပဲ။ ရန်လုံကျိုင်းကတော့ မေလ (၁) ရက်နေ့ကနေစပြီး ပြန်ဖွင့်ပေးထား တယ်လေ။ အခုကတော့ စဖွင့်ကာစပေါ့။ ပုံမှန်အနေအထားရောက်ဖို့ဆိုတာကတော့ သူ့ဟာနဲ့သူ အချိန်ယူရမှာပေါ့။ ဂိတ်တွေကတော့ နယ်မြေခံလူထုအတွက် မရှိမဖြစ်လည်းသုံးနေရတယ်။ ကုန်စည်တွေ တင်ပို့တာ တင်သွင်းတာတွေလည်း ဒီဂိတ်တွေကိုပဲအားကိုးနေရတာဆိုတော့ မဖွင့်မဖြစ် ပြန်ဖွင့်ပါတယ်။

TNA။ ဒေသတွင်းမှာလုံခြုံရေး အာမခံချက်ပေးနိုင်မှုအနေအထားကရော ဘယ်လိုရှိပါသလဲ။
ZLM။ ကျွန်တော်တို့အနေနဲ့ကတော့ တရားဥပဒေစိုးမိုးရေးကိစ္စ၊ လုံခြုံရေးကိစ္စတွေကို ဒီမှာရှိတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရော တပ်မတော်ရော သက်စွန့်ဆံဖျား အကုန်လုံး လုပ်ပါတယ်။ အဲဒီအပိုင်းတွေ ကတော့ ပြည်သူတွေအတွက် ဒီဒေသတစ်ခုလုံးအတွက် ကျွန်တော်တို့မှာရှိတဲ့ ဌာနဆိုင်ရာတွေအကုန်လုံး ကြိုး ကြိုးစားစားနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ဒေသလုံခြုံရေးအတွက် လုပ်ပေးနေပါတယ်။ လုပ်ငန်းတစ်ခုဆိုတာကတော့ သူ့အတိုင်းအတာနဲ့သူတော့ တချို့အခက်အခဲလေးတွေ ရှိကောင်းရှိနိုင်တာပဲ။ တချို့ဟာတွေလည်း ဖြေရှင်းလို့ရပါတယ်။ ပြောမယ်ဆိုရင်တော့ ပြန်လည် ထူထောင်ရေး ဒေသတည်ငြိမ် အေးချမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ ဘာဖြစ်တယ် ဘာဖြစ်တယ်ဆိုပြီးတော့ ကြီးကြီးမားမား ဖြေရှင်းရတဲ့အခက်အခဲတော့ မရှိပါဘူး။

TNA။ မြို့ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက်ကို ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးရသလဲ။
ZLM။ ပြန်လည်ထူထောင်ရေးဆိုတဲ့နေရာမှာ လုပ်နေရတာ အများကြီးရှိတယ်။ ဒေသခံပြည်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးဖို့အပိုင်းတွေ စတာတွေ ရှိတယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ဆိုလို့ရှိရင်တော့ ကျွန်တော်တို့မြို့ပေါ်မှာ ထိခိုက် ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ထိ ရှိတယ် ဆိုတာမျိုး အရမ်းကြီးရှိတယ်ဆိုတာမရှိခဲ့ပါဘူး။ အဲဒီလိုပါပဲ တိတိကျကျ ပြောရမယ် ဆိုရင်တော့ အရပ်သားပြည်သူတွေပိုင်ဆိုင်တဲ့ အိုးအိမ်စည်းစိမ်တွေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တာမျိုး မရှိပါဘူး။

TNA။ မြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့ လက်ရှိအနေအထားက ဘယ်လိုရှိမလဲ။
ZLM။ ဒီလိုပေါ့ MNDAA အဖွဲ့တွေက ၂၀၁၇ ခုနှစ် မတ်လ (၅) ရက်နေ့ သန်းခေါင်ကျော် မတ်လ (၆) ရက်နေ့ မနက် အစောပိုင်းမှာ သူတို့ကစပြီးတော့ လောက်ကိုင်ကို တိုက်ခိုက်တယ်။ ဒီက အာဏာပိုင် အဖွဲ့အစည်းတွေ သတ်မှတ်တာကတော့ မတ်လ (၂၅) ရက်နေ့မှာ အကုန်လုံးပြီးစီးတယ်ပေါ့။ MNDAA တွေကို ပြန်ပြီးတော့ တိုက်ထုတ်နိုင်တယ်ပေါ့။ ဒီမှာတော့ သူတို့တွေခြေကုပ်ယူပြီးတော့ တိုက်တဲ့စခန်းတွေ မရှိတော့ဘူး။ ဒါပေမယ့် မြို့ရဲ့လုံခြုံရေး မြို့ရဲ့တည်ငြိမ်အေးချမ်းရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ ဒီဘက်က ဌာနဆိုင်ရာတွေရော ကျွန်တော်တို့အဖွဲ့အစည်းတွေရော တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေရော အကုန်လုံး စွမ်းစွမ်းတမံလုပ်နေတယ်။ ဒေသမှာရှိတဲ့ လူတွေလည်း ပုံမှန်အခြေအနေအတိုင်းပြန်ရဖို့အတွက် ဒေသခံပြည်သူတွေရဲ့ အကျိုးကျေးဇူးအတွက် ဦးစီးအဖွဲ့တွေကနေ ဦးဆောင်ပြီးတော့ အထက်ဌာန အဆင့်ဆင့်ရဲ့ လမ်းညွှန်မှုအတိုင်း တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မြို့တွင်းသန့်ရှင်းသာယာရေးတွေ အပြင် မြို့ထဲမှာရှိတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကိစ္စတွေအတွက် အစအဆုံးပုံမှန်ပြန်ဖြစ်အောင် ကျွန်တော်တို့ဌာနတွေအနေနဲ့ ကြိုးစားပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ချက်တွေကို ဒေသခံတွေက ယုံကြည်လား၊ မယုံကြည်လား ဆိုတာကတော့ မြို့နယ်ထဲကိုပြန်ဝင်လာတဲ့ ဒေသခံအရေအတွက်ကိုကြည့်ပြီး သိနိုင်ပါတယ်ပေါ့။ လက်ရှိတော့ ဒေသတွင်းအေးအေးချမ်းချမ်းနဲ့ ရှိနေပါတယ်။ ကျွန်တော်တို့လည်း အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ လုပ်နေပါတယ်။ လက်ရှိအခြေအနေကလည်း ဒေသထဲမှာ ဘာမှထူးခြားမှုမရှိပါဘူး။ အေးချမ်းသာယာပါတယ်။

TNA။ ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ။ နဖြေိုးမြင့်
ဓာတ်ပုံ - ခမ်းဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~