ကယားျပည္နယ္ ႐ွားေတာၿမိဳ႕တြင္ ေမာ္တာျပင္ရင္း အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆုံး

ကယားျပည္နယ္ ႐ွားေတာၿမိဳ႕တြင္ ေမာ္တာျပင္ရင္း အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆုံး
မေ 28, 2017
By Tachileik News Agency

ကယားျပည္နယ္ ႐ွားေတာၿမိဳ႕နယ္ ေတာင္ပိုင္းစုစည္းရပ္ကြက္တြင္ ေနအိမ္မွ ေရေမာ္တာျပဳျပင္ရင္း အမ်ိဳးသားတစ္ဦး ဓာတ္လိုက္ေသဆံုးသြားေၾကာင္းသိရသည္။

ဦးစိုးရယ္သည္ ေမလ (၂၇) ရက္ေန႔ ညေနပိုင္းက ၎၏ အိမ္တြင္ ေရမလာေသာေၾကာင့္ အိမ္ေအာက္သို႔ ဆင္းကာ ေရေမာ္တာအား ျပဳျပင္ၿပီး ၎၏ သမီးအား မီးႀကိဳးပလပ္ေပါက္ထိုးခိုင္းရာမွ ဓာတ္လိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

"ေရမလာလို႔ဆိုၿပီး အိမ္ေအာက္ကို ဆင္းသြားတာ။ ေရေမာ္တာ ခလုတ္မက်ပ္ရေသးဘူး။ ေရပိုက္ဆက္ ၿပီးေတာ့ သူ႔သမီးကို ပလပ္ေပါက္ထိုးခိုင္း ၿပီးတာနဲ႔ သုံးခ်က္ေအာ္ၿပီး ေခြက်သြားတယ္။ အသက္ မ႐ွဴေတာ့ဘူး။ သမီးျဖစ္သူက ေအာ္လိုက္ေတာ့ အိမ္နီးခ်င္းေတြ ေရာက္လာတယ္။ ရင္ဘတ္ကို လက္နဲ႔ဖိတယ္။ တစ္ခ်က္ပဲ ပါးစပ္ဟၿပီး ျပန္ေခြက်သြားတယ္ "ဟု ရွားေတာျမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။

ေသဆုံးသူအား ႐ွားေတာၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး သက္ဆိုင္ရာတာဝန္႐ွိသူမ်ားမွ ရင္ခြဲစစ္ေဆးရန္ လုပ္ေဆာင္ခဲ့ေသာ္လည္း ေသဆုံးသူ၏ ဇနီးက ရင္ခြဲစစ္ေဆးမႈကို ခြင့္မျပဳဘဲ မိမိတို႔၏ ႐ုိးရာဓေလ့အရ ေသဆုံးသူအား သၿဂိဳဟ္ရန္ ေတာင္းဆိုေသာေၾကာင့္ ေမလ ၂၈ ရက္ေန႔တြင္ သက္ဆိုင္ရာက ေသဆုံးသူ၏ မိသားစုထံ အေလာင္းအား ျပန္လည္အပ္ႏွံခဲ့ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် ရှားတောမြို့နယ် တောင်ပိုင်းစုစည်းရပ်ကွက်တွင် နေအိမ်မှ ရေမော်တာပြုပြင်ရင်း အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်းသိရသည်။

ဦးစိုးရယ်သည် မေလ (၂၇) ရက်နေ့ ညနေပိုင်းက၎င်း၏ အိမ်တွင် ရေမလာသောကြောင့် အိမ်အောက်သို့ ဆင်းကာ ရေမော်တာအား ပြုပြင်ပြီး၎င်း၏ သမီးအား မီးကြိုးပလပ်ပေါက်ထိုးခိုင်းရာမှ ဓာတ်လိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ရေမလာလို့ဆိုပြီး အိမ်အောက်ကို ဆင်းသွားတာ။ ရေမော်တာ ခလုတ်မကျပ်ရသေးဘူး။ ရေပိုက်ဆက် ပြီးတော့ သူ့သမီးကို ပလပ်ပေါက်ထိုးခိုင်း ပြီးတာနဲ့ သုံးချက်အော်ပြီး ခွေကျသွားတယ်။ အသက် မရှူတော့ဘူး။ သမီးဖြစ်သူက အော်လိုက်တော့ အိမ်နီးချင်းတွေ ရောက်လာတယ်။ ရင်ဘတ်ကို လက်နဲ့ဖိတယ်။ တစ်ချက်ပဲ ပါးစပ်ဟပြီး ပြန်ခွေကျသွားတယ် "ဟု ရှားတောမြို့ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူအား ရှားတောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ရင်ခွဲစစ်ဆေးရန် လုပ်ဆောင်ခဲ့သော်လည်း သေဆုံးသူ၏ ဇနီးက ရင်ခွဲစစ်ဆေးမှုကို ခွင့်မပြုဘဲ မိမိတို့၏ ရိုးရာဓလေ့အရ သေဆုံးသူအား သဂြိုဟ်ရန် တောင်းဆိုသောကြောင့် မေလ ၂၈ ရက်နေ့တွင် သက်ဆိုင်ရာက သေဆုံးသူ၏ မိသားစုထံ အလောင်းအား ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~