ကျိုင်းတုံမြို့ ပန်ကွဲတောင်အဆင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် အသက်သေဆုံးအထိ ဖြစ်ပွားခဲ့သည့်အတွက် အန္တရာယ်ကင်းပရိတ်ရွတ်

ကျိုင်းတုံမြို့ ပန်ကွဲတောင်အဆင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် အသက်သေဆုံးအထိ ဖြစ်ပွားခဲ့သည့်အတွက် အန္တရာယ်ကင်းပရိတ်ရွတ်
မေ 8, 2017
By Tachileik News Agency


"ပြီးခဲ့တဲ့ (၃)ရက်နေ့ နဲ့  (၅)ရက်နေ့ မှာ တစ်ရက်လေးပဲခြားပြီး ပန်ကွဲတောင်အဆင်းနားမှာ ယာဉ်တိမ်းမှောက်မှုတွေဖြစ်ခဲ့တဲ့အတွက် ကျွန်တော်တို အသင်းနဲ့  ယာဉ်ထိန်းရဲတပ်ဖွဲ့တို့  ပူးပေါင်းပြီးတော့ ပန်ကွဲတောင်ထိပ်နားနဲ့  ယာဉ်တိုက်မှုဖြစ်သွားတဲ့ နှစ်နေရာကြားမှာ အန္တရာယ်ကင်း ပရိတ်တရားတော်နဲ့  ကမ္မ၀ါဖတ်တာတွေ လုပ်ပြီး အမျှပေးဝေခဲ့ပါတယ်"ဟု နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင် က ပြောသည်။

အဆိုပါတရားပွဲအား အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့ စု (ကျိုင်းတုံ)နှင့် နှလုံးလှပိုင်ရှင်များ အခမဲ့လူမှုကူညီရေးအသင်းတို့က ကျိုင်းတုံမြို့ ရှိ ၀ါးကျောင်းမှ ဆရာတော်သံဃာတော်(၅)ပါးအား ပင့်ဖိတ်ကာ ပရိတ်တရားတော်များ၊ ကမ္မ၀ါစာများ ရွတ်ဖတ်ခြင်း၊ အမျှအတမ်းပေးဝေခြင်း၊ ပရိတ်ရေနှင့် ပရိတ်သဲတို့ ကိုလည်း လမ်းမကြီးတစ်လျှောက်ပက်ဖျန်းခြင်းတို့ကို လုပ်ဆောင်ကြောင်း သိရသည်။


သတင်း - ဇွဲမြတ်



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ် - ကျိုင်းတုံလမ်းပိုင်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ ပန်ကွဲတောင် အဆင်းတွင် မေလပထမပတ်အတွင်း ယာဉ်တိမ်းမှောက်မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် မေလ (၈)ရက်နေ့တွင် အဆိုပါနေရာ၌ အန္တရာယ်ကင်းပရိတ်တရားနာခြင်းကို ပြုလုပ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ (၃)ရက်နေ့နဲ့ (၅)ရက်နေ့မှာ တစ်ရက်လေးပဲခြားပြီး ပန်ကွဲတောင်အဆင်းနားမှာ ယာဉ်တိမ်းမှောက်မှုတွဖြေစ်ခဲ့တဲ့အတွက် ကျွန်တော်တို အသင်းနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ပန်ကွဲတောင်ထိပ်နားနဲ့ ယာဉ်တိုက်မှုဖြစ်သွားတဲ့ နှစ်နေရာကြားမှာ အန္တရာယ်ကင်း ပရိတ်တရားတော်နဲ့ ကမ္မဝါဖတ်တာတွေ လုပ်ပြီး အမျှပေးေဝခဲ့ပါတယ်"ဟု နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးကျော်သူအောင် က ပြောသည်။

အဆိုပါတရားပွဲအား အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)နှင့် နှလုံးလှပိုင်ရှင်များ အခမဲ့လူမှုကူညီရေးအသင်းတို့က ကျိုင်းတုံမြို့ရှိ ဝါးကျောင်းမှ ဆရာတော်သံဃာတော်(၅)ပါးအား ပင့်ဖိတ်ကာ ပရိတ်တရားတော်များ၊ ကမ္မဝါစာများ ရွတ်ဖတ်ခြင်း၊ အမျှအတမ်းပေးဝခြေင်း၊ ပရိတ်ရေနှင့် ပရိတ်သဲတို့ကိုလည်း လမ်းမကြီးတစ်လျှောက်ပက်ဖျန်းခြင်းတို့ကို လုပ်ဆောင်ကြောင်း သိရသည်။

မေလ (၃)ရက်နေ့တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့သည့်အတွက် ယာဉ်မောင်း အသက်သေဆုံးခဲ့ရပြီး မေလ (၅)ရက်နေ့တွင်လည်း အိမ်စီးကားတစ်စီးထပ်မံတိမ်းမှောက်သဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အသက်သေဆုံးခဲ့ရကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - နှလုံးလှပိုင်ရှင်များ အခမဲ့ လူမှုကူညီရေးအသင်း ( ကျိုင်းတုံ )

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~