မေကြးတြင္ ကာရာအိုေကလုပ္ငန္းလိုင္စင္အတြက္ စည္းကမ္းခ်က္(၃)ခ်က္ထပ္တိုး

မေကြးတြင္ ကာရာအိုေကလုပ္ငန္းလိုင္စင္အတြက္ စည္းကမ္းခ်က္(၃)ခ်က္ထပ္တိုး
မေ 4, 2017
By Tachileik News Agency

မေကြးၿမိဳ႕တြင္ လူ(၁၆)ဦးေသဆံုးခဲ့သည့္ KTV မီးေလာင္မႈျဖစ္ပြားၿပီးေနာက္ ဗီဒီယိုျပသေရး၊ ကာရာအိုေက လုပ္ငန္းလိုင္စင္အတြက္ သတ္မွတ္ထားေသာ မူလစည္းကမ္းခ်က္(၁၇)ခ်က္အျပင္ စည္းကမ္းခ်က္(၃)ခ်က္ ထပ္ထိုးေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

“ လုပ္ငန္းအမည္ေျပာင္း၊ လိပ္စာေျပာင္းျခင္းကို တိုင္းစိစစ္ႀကီးၾကပ္ေကာ္မတီမွာ ေလွ်ာက္ထားၿပီး တိုင္းအစိုးရ အဖြဲ႔က အတည္ျပဳရမယ္။ လုပ္ငန္းတည္ေနရာ လိပ္စာ အတိအက်ေဖာ္ျပၿပီး ပတ္၀န္းက်င္ ေနသူမ်ားကို တစ္စံုတစ္ရာ အေႏွာင့္အယွက္မျဖစ္ဖို႔ လုပ္ငန္းလုပ္သူေတြက တာ၀န္ယူရမယ္။ စည္းကမ္း ေဖာက္ဖ်က္ျခင္း ျပဳလုပ္ရင္ လိုင္စင္ပိတ္သိမ္းမယ္ ဆိုတဲ႔ အခ်က္သံုးခ်က္ တိုးဖို႔႐ွိပါတယ္ ”ဟု မေကြးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးဦးျမင့္လြင္က ေျပာသည္။

မေကြးၿမိဳ႕မွ KTV မ်ားအား ဧၿပီလ (၁၁)ရက္မွစ၍ ပိတ္ထားျခင္းျဖစ္ၿပီး လုပ္ငန္းမ်ားနွင့္ပတ္သက္၍ စည္းကမ္းခ်က္မ်ာ းေဆြးေႏြးျခင္းကို KTV လုပ္ငန္း႐ွင္ (၅၆)ဦးပါဝင္ၿပီး သက္ဆိုင္ရာ ဌာနတာဝန္ ရိွသူမ်ားျဖင့္ ေဆြးေႏြးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ ကာရာအိုေကဆိုင္ အမ်ားစုမွာ ဧည့္ခံတဲ့၊ သီခ်င္းအတူဆိုတဲ႔ မိန္းကေလးေတြ ႐ွိပါတယ္။ ေသာက္ၾက ဆိုၾကရင္း ညလံုးေပါက္ ကဲၾကသူေတြ႐ွိသလို မိသားစုေမြးေန႔ပြဲလိုဟာမ်ိဳး အထိမ္းအမွတ္ တစ္ခုခုအတြက္ လာၾကတဲ႔သူေတြလည္း ေတြ႔ဖူးတယ္။ အလံုပိတ္အခန္းေတြ ၊ မွန္ကာၿပီး အျပင္က အထဲကို မျမင္ရတဲ့ အခန္းေတြ ၊ ၀င္သြားၿပီးရင္ ၀ကၤပါလို ဘယ္လမ္းက ျပန္ထြက္ရမွန္း မသိတဲ႔အခန္းေတြလည္း ႐ွိတယ္” ဟု မေကြးေဒသခံ တစ္ဦးက ေျပာသည္။

KTV ဆိိုင္မ်ား ျပန္လည္ ဖြင့္လွစ္ႏုိင္ေရးအတြက္ လုိက္နာရမည့္ စည္းကမ္းခ်က္မ်ားကို လုပ္ငန္းရွင္မ်ားႏွင့္ သက္ဆိုင္ရာဌာနတာဝန္ရိွသူမ်ား ေဆြးေႏြးေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတွင် ကာရာအိုကေလုပ်ငန်းလိုင်စင်အတွက် စည်းကမ်းချက်(၃)ချက်ထပ်တိုး

မကွေးမြို့တွင် လူ(၁၆)ဦးသေဆုံးခဲ့သည့် KTV မီးလောင်မှုဖြစ်ပွားပြီးနောက် ဗီဒီယိုပြသရေး၊ ကာရာအိုကေ လုပ်ငန်းလိုင်စင်အတွက် သတ်မှတ်ထားသော မူလစည်းကမ်းချက်(၁၇)ချက်အပြင် စည်းကမ်းချက်(၃)ချက် ထပ်ထိုးတော့မည် ဖြစ်ကြောင်း သိရသည်။

“ လုပ်ငန်းအမည်ပြောင်း၊ လိပ်စာပြောင်းခြင်းကို တိုင်းစိစစ်ကြီးကြပ်ကော်မတီမှာ လျှောက်ထားပြီး တိုင်းအစိုးရ အဖွဲ့က အတည်ပြုရမယ်။ လုပ်ငန်းတည်နေရာ လိပ်စာ အတိအကျဖော်ပြပြီး ပတ်ဝန်းကျင် နေသူများကို တစ်စုံတစ်ရာ အနှောင့်အယှက်မဖြစ်ဖို့ လုပ်ငန်းလုပ်သူတွေက တာဝန်ယူရမယ်။ စည်းကမ်း ဖောက်ဖျက်ခြင်း ပြုလုပ်ရင် လိုင်စင်ပိတ်သိမ်းမယ် ဆိုတဲ့ အချက်သုံးချက် တိုးဖို့ရှိပါတယ် ”ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်လွင်က ပြောသည်။

မကွေးမြို့မှ KTV များအား ဧပြီလ (၁၁)ရက်မှစ၍ ပိတ်ထားခြင်းဖြစ်ပြီး လုပ်ငန်းများနှင့်ပတ်သက်၍ စည်းကမ်းချက်များဆွေးနွေးခြင်းကို KTV လုပ်ငန်းရှင် (၅၆)ဦးပါဝင်ပြီး သက်ဆိုင်ရာ ဌာနတာဝန် ရှိသူများဖြင့် ဆွေးနွေးထားခြင်းဖြစ်ကြောင်း သိရသည်။

“ ကာရာအိုကေဆိုင် အများစုမှာ ဧည့်ခံတဲ့၊ သီချင်းအတူဆိုတဲ့ မိန်းကလေးတွေ ရှိပါတယ်။ သောက်ကြ ဆိုကြရင်း ညလုံးပေါက် ကဲကြသူတွေရှိသလို မိသားစုမွေးနေ့ပွဲလိုဟာမျိုး အထိမ်းအမှတ် တစ်ခုခုအတွက် လာကြတဲ့သူတွေလည်း တွေ့ဖူးတယ်။ အလုံပိတ်အခန်းတွေ၊ မှန်ကာပြီး အပြင်က အထဲကို မမြင်ရတဲ့ အခန်းတွေ၊ ဝင်သွားပြီးရင် ဝင်္ကပါလို ဘယ်လမ်းက ပြန်ထွက်ရမှန်း မသိတဲ့အခန်းတွေလည်း ရှိတယ်” ဟု မကွေးဒေသခံ တစ်ဦးက ပြောသည်။

KTV ဆိုင်များ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ ဆွေးနွေးနခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~