တာခ်ီလိတ္တြင္ အလုပ္သမားေန႔ အထိမ္းအမွတ္အျဖစ္ ကုန္တင္ကုန္ခ် လုပ္သားႀကီးမ်ားမွ စုေပါင္းသန္႔ရွင္းေရးျပဳလုပ္

တာခ်ီလိတ္တြင္ အလုပ္သမားေန႔ အထိမ္းအမွတ္အျဖစ္ ကုန္တင္ကုန္ခ် လုပ္သားႀကီးမ်ားမွ စုေပါင္းသန္႔ရွင္းေရးျပဳလုပ္
မေ 1, 2017
By Tachileik News Agency

ေမလ(၁)ရက္ေန႔တြင္ က်ေရာက္သည့္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေန႔အား ဂုဏ္ျပဳေသာအားျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ ကုန္တင္ကုန္ခ်ေကာ္မတီမွ ကုန္တင္ကုန္ခ်လုပ္သားႀကီးမ်ားက စုေပါင္း သန္႔ရွင္းေရးျပဳလုပ္မႈ အျဖစ္ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္ ေမလ(၁)ရက္ေန႔ နံနက္(၆)နာရီအခ်ိန္က ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

အလုပ္သမားေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္တြင္ တစ္ႀကိမ္တစ္ခါမွ ျပဳလုပ္ခဲ့ဖူးျခင္းမရွိေသးေၾကာင္း ႏွင့္ လာမည့္ႏွစ္တြင္ လုပ္သားေကာင္းဆု ကို ေပးအပ္ခ်ီးျမႇင့္ႏိုင္ရန္အတြက္ စီစဥ္ထားရွိေၾကာင္း သိရသည္။

"တစ္ခါမွ အလုပ္သမားေန႔ အမွတ္တရအေနနဲ႔ တာခ်ီလိတ္မွာ မလုပ္ခဲ့ဖူးေသးဘူး၊ ေနာက္ႏွစ္ေတြမွာေတာ့ လုပ္သားေကာင္းဆု ေပးဖို႔ စီစဥ္ထားပါတယ္၊ ဒီႏွစ္ကေတာ့ ဘုရားေပၚ သန္႔ရွင္းေရးလုပ္တယ္၊ တံျမက္စည္းေတြလွဴတာေတြလုပ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ကုန္တင္ကုန္ခ်ေကာ္မတီရံုးမွ တာ၀န္ခံ ေဒၚေအမီမီလြင္ ကေျပာသည္။

သန္႔ရွင္းေရး ျပဳလုပ္ရာတြင္ ၿမိဳ႕နယ္ကုန္တင္ကုန္ခ်ေကာ္မတီရံုးမွ တာ၀န္ခံ ေဒၚေအမီမီလြင္ အပါအ၀င္ ေစာင့္ေရွာက္ေရးမွဴး၊ စုမွဴးႏွင့္ လုပ္သားမွဴးမ်ားရံုးအဖြဲ႔ႏွင့္ ကုန္တင္ကုန္ခ်လုပ္သားႀကီးမ်ား စုစုေပါင္း (၆၀)ေက်ာ္ စုေပါင္း သန္႔ရွင္းေရး ျပဳလုပ္ခဲ့ၾကၿပီး တံျမက္စည္းအေခ်ာ အေခ်ာင္း(၂၀) ႏွင့္ အၾကမ္း (၃)ေခ်ာင္း အပါအ၀င္ သန္႔ရွင္းေရးျပဳလုပ္ရန္အတြက္ ဘရပ္ရွ္မ်ားကိုလည္း လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ကုန်တင်ကုန်ချ လုပ်သားကြီးများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်
....................

မေလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့နယ် ကုန်တင်ကုန်ချကော်မတီမှ ကုန်တင်ကုန်ချလုပ်သားကြီးများက စုပေါင်း သန့်ရှင်းရေးပြုလုပ်မှု အဖြစ် တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်တွင် မေလ(၁)ရက်နေ့ နံနက်(၆)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်တွင် တစ်ကြိမ်တစ်ခါမှ ပြုလုပ်ခဲ့ဖူးခြင်းမရှိသေးကြောင်း နှင့် လာမည့်နှစ်တွင် လုပ်သားကောင်းဆု ကို ပေးအပ်ချီးမြှင့်နိုင်ရန်အတွက် စီစဉ်ထားရှိကြောင်း သိရသည်။

"တစ်ခါမှ အလုပ်သမားနေ့ အမှတ်တရအနေနဲ့ တာချီလိတ်မှာ မလုပ်ခဲ့ဖူးသေးဘူး၊ နောက်နှစ်တွေမှာတော့ လုပ်သားကောင်းဆု ပေးဖို့ စီစဉ်ထားပါတယ်၊ ဒီနှစ်ကတော့ ဘုရားပေါ် သန့်ရှင်းရေးလုပ်တယ်၊ တံမြက်စည်းတွေလှူတာတွေလုပ်ပါတယ်"ဟု တာချီလိတ်မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ တာဝန်ခံ ဒေါ်အေမီမီလွင် ကပြောသည်။

သန့်ရှင်းရေး ပြုလုပ်ရာတွင် မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ တာဝန်ခံ ဒေါ်အေမီမီလွင် အပါအဝင် စောင့်ရှောက်ရေးမှူး၊ စုမှူးနှင့် လုပ်သားမှူးများရုံးအဖွဲ့နှင့် ကုန်တင်ကုန်ချလုပ်သားကြီးများ စုစုပေါင်း (၆၀)ကျော် စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး တံမြက်စည်းအချော အချောင်း(၂၀) နှင့် အကြမ်း (၃)ချောင်း အပါအဝင် သန့်ရှင်းရေးပြုလုပ်ရန်အတွက် ဘရပ်ရှ်များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~