ကျိုင်းတုံတွင် တောင်ယာမှ တွေ့ရသည့် ဗုံးအား ရိုက်ခွဲရာမှ တစ်ဦးသေ သုံးဦးဒဏ်ရာရ

ကျိုင်းတုံတွင် တောင်ယာမှ တွေ့ရသည့် ဗုံးအား ရိုက်ခွဲရာမှ တစ်ဦးသေ သုံးဦးဒဏ်ရာရ
မေ 23, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ ပိုင်း) ကျိုင်းတုံမြို့နှင့် (၁၅)မိုင်ခန့်အကွာ ကျိုင်းတုံမြို့ နယ် ပင်းတောက်ကျေးရွာအုပ်စု ကျိုင်းတုံ - မိုင်းခတ်လမ်းအနီး တောင်ယာအတွင်းမှ ဗုံးဟောင်းတစ်လုံးအား ဝါးဖြင့်ညှပ်ပြီး မြေကြီးပေါ်သို့ ရိုက်ခွဲရာမှ ဗုံးပေါက်ကွဲခဲ့သဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း သိရသည်။


ထမင်းစားပြီး တဲအတွင်း အနားယူနေကြစဉ် ညနေ (၃)နာရီခွဲခန့်တွင် အားဒလဲက ဗုံးအားလှုပ်ကြည့်ရာ အသံမြည်သဖြင့် ဗုံးသီးအား ၀ါးဖြင့်ညှပ်၍ မြေကြီးပေါ်သို့  ရိုက်ခွဲလိုက်ရာမှ ဗုံးပေါက်ကွဲခဲ့သဖြင့် တဲအတွင်းမှ ရွာသား(၄)ဦးလုံး ဗုံးစထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သတင်း - ဇွဲမြတ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် (၁၅)မိုင်ခန့်အကွာ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု ကျိုင်းတုံ - မိုင်းခတ်လမ်းအနီး တောင်ယာအတွင်းမှ ဗုံးဟောင်းတစ်လုံးအား ဝါးဖြင့်ညှပ်ပြီး မြကြေီးပေါ်သို့ ရိုက်ခွဲရာမှ ဗုံးပေါက်ကွဲခဲ့သဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားကြောင်း သိရသည်။

ပင်းတောက်ရွာမှ ကျားဂါရာနှင့် ရွာသား(၃)ဦးတို့သည် မေလ (၂၃)ရက်နေ့က တောင်ယာတွင် မြေဆွ ရှင်းလင်းစဉ် ဗုံးဟောင်းတစ်လုံးအား တွေ့ရှိခဲ့ပြီး တောင်ယာတဲအတွင်းသို့ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထမင်းစားပြီး တဲအတွင်း အနားယူနကြေစဉ် ညနေ (၃)နာရီခွဲခန့်တွင် အားဒလဲက ဗုံးအားလှုပ်ကြည့်ရာ အသံမြည်သဖြင့် ဗုံးသီးအား ဝါးဖြင့်ညှပ်၍ မြကြေီးပေါ်သို့ ရိုက်ခွဲလိုက်ရာမှ ဗုံးပေါက်ကွဲခဲ့သဖြင့် တဲအတွင်းမှ ရွာသား(၄)ဦးလုံး ဗုံးစထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူ (၄)ဦးအား ညနေ(၄)နာရီခန့်တွင် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အားဒလဲမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ပြီး မဘူးမီ၊ မနားယော်နှင့် ကျားဂါရာတို့မှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ပေါက်ကွဲစေတတ်သောပစ္စည်းအား ပေါ့လျော့စွာ ပြုလုပ်မှုကြောင့် ဒဏ်ရာရရှိသေဆုံးအောင် ပြုလုပ်သူဖြစ်သည့် အားဒလယ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၈၄/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၈၆/၃၃၈/၃၀၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~