ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ လိုင္စင္မဲ့ဆိုင္ကယ္မွတ္ပံုတင္ျပဳလုပ္သူ နည္းလာ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ လိုင္စင္မဲ့ဆိုင္ကယ္မွတ္ပံုတင္ျပဳလုပ္သူ နည္းလာ
မေ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရ၏ အစီအစဥ္ျဖင့္ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ၂၀၁၇ ခုႏွစ္ မတ္လ (၁)ရက္ေန႔မွ စတင္၍ လိုင္စင္ထုတ္ေပးေနရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ေမလအတြင္း လိုင္စင္ျပဳလုပ္သူ တျဖည္းျဖည္း နည္းလာေၾကာင္း သိရသည္။

"အခုေနာက္ပိုင္း ဆိုင္ကယ္လိုင္စင္ လာလုပ္တာေတာ့ နည္းနည္းေလ်ာ့လာတယ္။ အခုလို ေလ်ာ့လာတာက ၾကားမွာ သၾကၤန္ပိတ္ရက္ေတြလည္း ခံသြားတယ္။ ၿပီးရင္ လာလုပ္တာကလည္း မ်ားသြားၿပီဆိုေတာ့ အရင္ေလာက္ေတာ့ မမ်ားေတာ့ဘူး။ ပုံမွန္ထက္ ေလ်ာ့သြားတာေတာ့ မဟုတ္ဘူး။ အခုေနာက္ပိုင္းက ေအးေအးေဆးေဆး ျဖစ္သြားၿပီဆိုေတာ့ လာလုပ္တာ နည္းသြားတာပါ။ ပိတ္ခါနီးက်မွ မ်ားရင္လည္း မ်ားလာႏိုင္တာပဲေလ"ဟု က်ိဳင္းတုံခရိုင္ ကုန္းလမ္းပုိ႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ဦးသန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း လိုင္စင္ထုတ္ေပးေနျခင္းျဖစ္ၿပီး မတ္လအတြင္းက ေန႔စဥ္လိုင္စင္ျပဳလုပ္သည့္အစီးေရမွာ အမ်ားဆံုး (၃၀၀) ေက်ာ္ အထိ ရိွခဲ့ေသာ္လည္း ေမလတြင္ တစ္ရက္လွ်င္ စီးေရ(၁၀၀) ခန္႔သာရိွေၾကာင္း သိရသည္။

"မေန႔(ေမလ ၃ရက္)က ဆုိင္ကယ္လိုင္စင္လာလုပ္တဲ့ အေရအတြက္က ၿပီးခဲ့တဲ့ အေခါက္ေတြထက္ စာရင္းနည္းတယ္။ ၿပီးခဲ့တဲ့ ဧၿပီလေလာက္ကစၿပီးေတာ့ နည္းလာတာ"ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္း ပုိ႔ေဆာင္ေရးႏွင့္ ညႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ေဒၚပက္ထရစ္ရွာသန္းက ေျပာသည္။

စည္းၾကပ္တန္ဖိုးသတ္မွတ္ထားျခင္း မရိွေသးသည့္ ဆိုင္ကယ္ အမ်ိဳးအမည္သစ္မ်ားအား ၿမိဳ ့နယ္ အေကာက္ခြန္ဦးစီးဌာနမွ တစ္ဆင့္ ျပည္နယ္အေကာက္ခြန္ဦးစီးဌာနသို ့ တင္ျပေပးရသျဖင့္ တစ္ပတ္ခန္႔ ၾကာျမင့္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအား ၂၀၁၇ ခုနှစ် မတ်လ (၁)ရက်နေ့မှ စတင်၍ လိုင်စင်ထုတ်ပေးနေရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မေလအတွင်း လိုင်စင်ပြုလုပ်သူ တဖြည်းဖြည်း နည်းလာကြောင်း သိရသည်။

"အခုနောက်ပိုင်း ဆိုင်ကယ်လိုင်စင် လာလုပ်တာတော့ နည်းနည်းလျော့လာတယ်။ အခုလို လျော့လာတာက ကြားမှာ သင်္ကြန်ပိတ်ရက်တွေလည်း ခံသွားတယ်။ ပြီးရင် လာလုပ်တာကလည်း များသွားပြီဆိုတော့ အရင်လောက်တော့ မများတော့ဘူး။ ပုံမှန်ထက် လျော့သွားတာတော့ မဟုတ်ဘူး။ အခုနောက်ပိုင်းက အေးအေးဆေးဆေး ဖြစ်သွားပြီဆိုတော့ လာလုပ်တာ နည်းသွားတာပါ။ ပိတ်ခါနီးကျမှ များရင်လည်း များလာနိုင်တာပဲလေ"ဟု ကျိုင်းတုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လိုင်စင်ထုတ်ပေးနခြေင်းဖြစ်ပြီး မတ်လအတွင်းက နေ့စဉ်လိုင်စင်ပြုလုပ်သည့်အစီးရေမှာ အများဆုံး (၃၀၀) ကျော် အထိ ရှိခဲ့သော်လည်း မေလတွင် တစ်ရက်လျှင် စီးရေ(၁၀၀) ခန့်သာရှိကြောင်း သိရသည်။

"မနေ့(မေလ ၃ရက်)က ဆိုင်ကယ်လိုင်စင်လာလုပ်တဲ့ အရေအတွက်က ပြီးခဲ့တဲ့ အခေါက်တွေထက် စာရင်းနည်းတယ်။ ပြီးခဲ့တဲ့ ဧပြီလလောက်ကစပြီးတော့ နည်းလာတာ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပက်ထရစ်ရှာသန်းက ပြောသည်။

စည်းကြပ်တန်ဖိုးသတ်မှတ်ထားခြင်း မရှိသေးသည့် ဆိုင်ကယ် အမျိုးအမည်သစ်များအား မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ တစ်ဆင့် ပြည်နယ်အကောက်ခွန်ဦးစီးဌာနသို့ တင်ပြပေးရသဖြင့် တစ်ပတ်ခန့် ကြာမြင့်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~