ဒိုင္နာယာဥ္တစ္စီး တိမ္းေမွာက္ၿပီး ရထားလမ္းေပၚထိုးက်ကာ လူသံုးဦး ေသဆံုးမႈ ေက်ာက္မဲတြင္ ျဖစ္ပြား

ဒိုင္နာယာဥ္တစ္စီး တိမ္းေမွာက္ၿပီး ရထားလမ္းေပၚထိုးက်ကာ လူသံုးဦး ေသဆံုးမႈ ေက်ာက္မဲတြင္ ျဖစ္ပြား
မေ 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ျပည္ေထာင္စုလမ္းမႀကီး ေက်ာက္မဲၿမိဳ႕နယ္ ႀကံခင္းေက်းရြာအနီးရွိ ေမာင္ဖုန္းေတာင္ အဆင္းလမ္းတြင္ ေမလ (၁၁) ရက္ေန႔ နံနက္ (၁၀) နာရီခန္႔က ေက်ာက္မဲဘက္မွ သီေပါဘက္သို႔ ေမာင္းႏွင္လာသည့္ ကုန္တင္ဒိုင္နာယာဥ္တစ္စီးတိမ္းေမွာက္သျဖင့္ လူသံုးဦးေသဆံုးသြားေၾကာင္း သိရသည္။

“ကုန္ေတြတင္လာတဲ့ ဒိုင္နာကားေပါ့။ ေက်ာက္မဲဘက္ကေန သီေပါဘက္ကို အသြား ေမာင္ဖုန္းေတာင္ ပထမအဆင္းေကြ႔မွာ လမ္းရဲ့ ဘယ္ဘက္က ေခ်ာက္ထဲကို ထိုးက်တိမ္းေမွာက္တာ စုစုေပါင္း (၃) ဦး ေသဆံုးသြားတယ္ “ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအုပ္မင္းမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္ရာ ေနရာသို႔ ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔၊ လူမႈကူညီေရးအသင္းမ်ားႏွင့္ မီးရထားဌာနမွ တာဝန္ရွိသူမ်ားက ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

ကားလမ္းအေကြ႔မွ ေခ်ာက္ထဲသို႔ထိုးက်ကာ ေအာက္ဘက္ရွိ ရထားလမ္းေပၚတြင္ ပိတ္ဆို႔ေနျခင္းျဖစ္ၿပီး ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ေသဆံုးသူမ်ားအား သယ္ထုတ္ထားႏိုင္ခဲ့ၿပီး ရထားလမ္းတြင္ ပိတ္ဆို႔ေနသည့္ကားအား ဖယ္ရွားရန္အတြက္ ကယ္ဆယ္ေရးအဖြဲ႔မ်ားမွ ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ရထားစက္ဗိုလ္ ဦးေအာင္သိန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ထောင်စုလမ်းမကြီး ကျောက်မဲမြို့နယ် ကြံခင်းကျေးရွာအနီးရှိ မောင်ဖုန်းတောင် အဆင်းလမ်းတွင် မေလ (၁၁) ရက်နေ့ နံနက် (၁၀) နာရီခန့်က ကျောက်မဲဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် ကုန်တင်ဒိုင်နာယာဉ်တစ်စီးတိမ်းမှောက်သဖြင့် လူသုံးဦးသေဆုံးသွားကြောင်း သိရသည်။

“ကုန်တွေတင်လာတဲ့ ဒိုင်နာကားပေါ့။ ကျောက်မဲဘက်ကနေ သီပေါဘက်ကို အသွား မောင်ဖုန်းတောင် ပထမအဆင်းကွေ့မှာ လမ်းရဲ့ ဘယ်ဘက်က ချောက်ထဲကို ထိုးကျတိမ်းမှောက်တာ စုစုပေါင်း (၃) ဦး သေဆုံးသွားတယ် “ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအုပ်မင်းမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်ရာ နေရာသို့ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအသင်းများနှင့် မီးရထားဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကားလမ်းအကွေ့မှ ချောက်ထဲသို့ထိုးကျကာ အောက်ဘက်ရှိ ရထားလမ်းပေါ်တွင် ပိတ်ဆို့နခြေင်းဖြစ်ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး (၁)ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူများအား သယ်ထုတ်ထားနိုင်ခဲ့ပြီး ရထားလမ်းတွင် ပိတ်ဆို့နေသည့်ကားအား ဖယ်ရှားရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များမှ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရထားစက်ဗိုလ် ဦးအောင်သိန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~