သံုးႏွစ္ေက်ာ္ မဆယ္ယူခဲ့သည့္ ေက်ာက္မဲဗဟိုေစ်းအနီးရွိ ေရေျမာင္းအတြင္းမွ အမိႈက္မ်ားအား စုေပါင္း ဆယ္ယူ

သံုးႏွစ္ေက်ာ္ မဆယ္ယူခဲ့သည့္ ေက်ာက္မဲဗဟိုေစ်းအနီးရွိ ေရေျမာင္းအတြင္းမွ အမိႈက္မ်ားအား စုေပါင္း ဆယ္ယူ
မေ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ သံုးႏွစ္ေက်ာ္အထိ ဆယ္ယူျခင္း မလုပ္ခဲ့သည့္ ဗဟိုေစ်းအနီးမွ ေရေျမာင္းမ်ားအား ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနႏွင့္ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနတို႔ ပူးေပါင္း၍ ေမလ (၁၀) ရက္ေန႔တြင္ ဆယ္ယူေနေၾကာင္း သိရသည္။

“လြန္ခဲ့တဲ့ သံုးႏွစ္ ေလးႏွစ္ေလာက္က ခုလိုဆယ္ထားဖူးတာ ေနာက္ဆံုးျဖစ္တဲ့အတြက္ ဒီႏွစ္မွာ ျပန္လုပ္ရျခင္း ျဖစ္ပါတယ္။ ၿမိဳ႕နယ္စည္ပင္အင္အားနဲ႔ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနအင္အားနဲ႔ ပူးေပါင္းၿပီး လုပ္တာျဖစ္ပါတယ္။ ဗဟိုေစ်းက ၿမိဳ႕လယ္ေခါင္ေနရာမွာလည္းျဖစ္ေနတဲ့အတြက္ ဗဟိုေစ်း ေတာင္ဘက္နဲ႔ ေျမာက္ဘက္က ေျမာင္းေတြကို အရင္ဦးဆံုးဆယ္ေပးတာျဖစ္ပါတယ္။ ေနာက္ပိုင္းကာလေတြမွာလည္း ၿမိဳ႕တြင္းေျမာင္းေတြကို ခုလိုပဲရွင္းလင္းေရးလုပ္ငန္းေတြ လုပ္သြားဖုိ႔အစီအစဥ္ရွိပါတယ္”ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေျမာင္းဆယ္ယူျခင္းအား ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနမွ ဝန္ထမ္းအင္အား(၅၀)ဦး၊ ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ သေႏၶမီးသတ္တပ္ဖြဲ႔ဝင္ႏွင့္ အရာရွိ ( ၃၇) ဦးႏွင့္ ၿမိဳ႕မကုန္တင္ကုန္ခ်အဖြဲ႔မွ အင္အား(၁၅) ဦး ပါဝင္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

“ၿမိဳ႕နယ္အတြင္းသာယာေရးလုပ္ေဆာင္ခ်က္ေတြမွာ ကြ်န္ေတာ့္တပ္ဖြဲ႔ကေတာ့ အကူအညီေပးဖို႔ အဆင္သင့္ပါ။ တပ္ဖြဲ႔မွာရွိတဲ့ ကားေတြ၊ ရွိတဲ့ ပစၥည္းကိရိယာေတြ၊ အင္အားေတြနဲ႔ ေရွ႕ဆက္လုပ္ေဆာင္မယ့္ ၿမိဳ႕အတြက္လိုအပ္တဲ့ လုပ္ငန္းေတြမွာ ကူညီေပးသြားမွာပါ”ဟု ၿမိဳ႕နယ္မီးသတ္ ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေဇာ္မင္းဦးက ေျပာသည္။

ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနက မိုးရာသီ မေရာက္မီအတြင္း ေရေျမာင္းမ်ားရွင္းလင္းေရး လုပ္ေဆာင္ေနၿပီး ၿမိဳ႕ေနလူထုအေနျဖင့္ အမႈိက္ စြန္႔ပစ္မႈမ်ား စည္းကမ္းတက်ျဖစ္ေစရန္ တုိက္တြန္းႏိႈးေဆာ္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု/သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် သုံးနှစ်ကျော်အထိ ဆယ်ယူခြင်း မလုပ်ခဲ့သည့် ဗဟိုဈေးအနီးမှ ရေမြောင်းများအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မေလ (၁၀) ရက်နေ့တွင် ဆယ်ယူနေကြောင်း သိရသည်။

“လွန်ခဲ့တဲ့ သုံးနှစ် လေးနှစ်လောက်က ခုလိုဆယ်ထားဖူးတာ နောက်ဆုံးဖြစ်တဲ့အတွက် ဒီနှစ်မှာ ပြန်လုပ်ရခြင်း ဖြစ်ပါတယ်။ မြို့နယ်စည်ပင်အင်အားနဲ့ မြို့နယ်မီးသတ်ဦးစီးဌာနအင်အားနဲ့ ပူးပေါင်းပြီး လုပ်တာဖြစ်ပါတယ်။ ဗဟိုဈေးက မြို့လယ်ခေါင်နေရာမှာလည်းဖြစ်နေတဲ့အတွက် ဗဟိုဈေး တောင်ဘက်နဲ့ မြောက်ဘက်က မြောင်းတွေကို အရင်ဦးဆုံးဆယ်ပေးတာဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာလည်း မြို့တွင်းမြောင်းတွေကို ခုလိုပဲရှင်းလင်းရေးလုပ်ငန်းတွေ လုပ်သွားဖို့အစီအစဉ်ရှိပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြောင်းဆယ်ယူခြင်းအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းအင်အား(၅၀)ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်နှင့် အရာရှိ ( ၃၇) ဦးနှင့် မြို့မကုန်တင်ကုန်ချအဖွဲ့မှ အင်အား(၁၅) ဦး ပါဝင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မြို့နယ်အတွင်းသာယာရေးလုပ်ဆောင်ချက်တွေမှာ ကျွန်တော့်တပ်ဖွဲ့ကတော့ အကူအညီပေးဖို့ အဆင်သင့်ပါ။ တပ်ဖွဲ့မှာရှိတဲ့ ကားတွေ၊ ရှိတဲ့ ပစ္စည်းကိရိယာတွေ၊ အင်အားတွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် မြို့အတွက်လိုအပ်တဲ့ လုပ်ငန်းတွေမှာ ကူညီပေးသွားမှာပါ”ဟု မြို့နယ်မီးသတ် ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းဦးက ပြောသည်။

မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက မိုးရာသီ မရောက်မီအတွင်း ရေမြောင်းများရှင်းလင်းရေး လုပ်ဆောင်နပြေီး မြို့နေလူထုအနဖြေင့် အမှိုက် စွန့်ပစ်မှုများ စည်းကမ်းတကျဖြစ်စေရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ/သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~