ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္အမိႈက္သိမ္းစနစ္ အမိႈက္သိမ္းခႏႈန္းထားညိႇႏိႈင္းေန

ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္အမိႈက္သိမ္းစနစ္ အမိႈက္သိမ္းခႏႈန္းထားညိႇႏိႈင္းေန
မေ 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္ အမႈိက္သိမ္းစနစ္အတြက္ အမိိႈက္သိမ္းခ ႏႈန္းထား သတ္မွတ္ရန္ လုပ္ငန္းေဆာင္ရြက္မည့္ Green Hope Company ႏွင့္ ၿမိဳ႕နယ္တာဝန္ရွိဌာနမ်ား ေဆြးေႏြးညႇိႏႈိင္းေနေၾကာင္း သိရသည္။

“ေလာေလာဆယ္ ဝန္ထမ္းေတြအတြက္ေရာ ကြ်န္ေတာ္တို႔ ကုမၸဏီအတြက္ေရာ  အသစ္စက္စက္ လုပ္ငန္းျဖစ္တဲ့ အတြက္ လိုအပ္ခ်က္ေတြလည္း ရွိႏိုင္ပါတယ္။ အခက္အခဲၾကားထဲကေနမွ အေတြ႔ အႀကံဳယူၿပီးေတာ့ ကြ်န္ေတာ္တို႔ ႀကိဳးစားသြားမွာပါ” ဟု အိမ္တိုင္ရာေရာက္ အမႈိက္သိမ္းစနစ္အား ေက်ာက္မဲတြင္လုပ္ကိုင္ရန္ ေဆြးေႏြးေနသည့္ Green Hope Company မွ ဒါရိုက္တာ ဦးေနာ္ဟန္ဆန္က ေျပာသည္။

Green Hope Company ႏွင့္ ၿမိဳ႕နယ္တာဝန္ရွိဌာနမ်ားသည္ ေမလ (၂၃) ရက္ေန႔ ေန႔လယ္(၂)နာရီခြဲအခ်ိန္တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးအစည္းအေဝးခန္းမ၌ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

“စည္ပင္သာယာကေနၿပီးေတာ့ ၿမိဳ႕ရဲ႕အမႈိက္ေတြကို သိမ္းဆည္းေပးတဲ့အခါမွာ အဖက္ဖက္က အားနည္းခ်က္ ေလးေတြရွိပါတယ္။ လုပ္သားပိုင္းဆိုင္ရာ၊ ယာဥ္ယႏၱရားပိုင္းဆိုင္ရာ၊ ခြင့္ျပဳေငြသံုးစြဲမႈပိုင္း ဆိုင္ရာ ကန္႔သတ္ ခ်က္ေတြ အမ်ိဳးမ်ိဳးရွိတဲ့အတြက္ေၾကာင့္ စိတ္သြားတိုင္း ကိုယ္မပါႏိုင္ပါဘူး။ အမိႈက္ဆိုတာ အိမ္တိုင္း၊ ဆိုင္တိုင္း ကေနထြက္ပါတယ္။ အဲဒီအမႈိက္ေတြကို ႏိုင္နင္းေအာင္ မသိမ္းဆည္းႏိုင္လို႔ရွိရင္ ဒီအမႈိက္ေတြက ၿမိဳ႕ထဲမွာ ပံုထားမိ တဲ့ကာလေပၚမူတည္ၿပီးေတာ့ ရုပ္ဆိုး အက်ည္းတန္တာေတြ က်န္းမာေရးဆိုင္ရာ ထိခုိက္မႈေတြ ျဖစ္လာႏိုင္ပါတယ္။ အဲဒီေတာ့ အိမ္တိုင္ရာေရာက္ အမႈိက္သိမ္းစနစ္က ပိုၿပီးထိေရာက္တဲ့ ေကာင္းမြန္တဲ့ နည္းစနစ္ျဖစ္တဲ့ အတြက္ ကြ်န္ေတာ္တို႔ရဲ႕ လုပ္သားအင္အား၊ ယာဥ္အင္အားနဲ႔ ေဆာင္ရြက္ဖို႔ခက္ခဲပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ၏ အတြင္းေရးမွဴး ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရွိ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက ေျပာသည္။

လက္ရွိတြင္ အိမ္တိုင္ရာေရာက္အမႈိက္သိမ္းစနစ္အတြက္ ေကာက္ခံမည့္ႏႈန္းထားသတ္မွတ္ခ်က္၊ အမႈိက္သိမ္းယာဥ္ သြားလာမည့္ လမ္းေၾကာင္းမ်ားႏွင့္ စနစ္မ်ားအား ေဆြးေႏြးညႇိႏႈိင္းမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

အိမ္ေျခ (၇၀၀၀) ဝန္းက်င္ခန္႔ရွိသည့္ ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္အမႈိက္သိမ္းစနစ္ အေကာင္အထည္ ေဖာ္မည့္ အဆိုပါကုမၸဏီက အဓိကလမ္းေၾကာင္း (၃)ခုတြင္ (၃)တန္ယာဥ္ (၃) စီးျဖင့္ လည္းေကာင္း၊ လူေနရပ္ကြက္ လမ္းၾကားမ်ားတြင္ သံုးဘီးယာဥ္(၃)စီးျဖင့္လည္းေကာင္း အမိႈက္မ်ား သိမ္းဆည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်အတွက် အမှိုက်သိမ်းခ နှုန်းထား သတ်မှတ်ရန် လုပ်ငန်းဆောင်ရွက်မည့် Green Hope Company နှင့် မြို့နယ်တာဝန်ရှိဌာနများ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရသည်။

“လောလောဆယ် ဝန်ထမ်းတွေအတွက်ရော ကျွန်တော်တို့ ကုမ္ပဏီအတွက်ရော အသစ်စက်စက် လုပ်ငန်းဖြစ်တဲ့ အတွက် လိုအပ်ချက်တွေလည်း ရှိနိုင်ပါတယ်။ အခက်အခဲကြားထဲကနေမှ အတွေ့ အကြုံယူပြီးတော့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်အား ကျောက်မဲတွင်လုပ်ကိုင်ရန် ဆွေးနွေးနေသည့် Green Hope Company မှ ဒါရိုက်တာ ဦးနော်ဟန်ဆန်က ပြောသည်။

Green Hope Company နှင့် မြို့နယ်တာဝန်ရှိဌာနများသည် မေလ (၂၃) ရက်နေ့ နေ့လယ်(၂)နာရီခွဲအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအစည်းအဝေးခန်းမ၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“စည်ပင်သာယာကနပြေီးတော့ မြို့ရဲ့အမှိုက်တွေကို သိမ်းဆည်းပေးတဲ့အခါမှာ အဖက်ဖက်က အားနည်းချက် လေးတွေရှိပါတယ်။ လုပ်သားပိုင်းဆိုင်ရာ၊ ယာဉ်ယန္တရားပိုင်းဆိုင်ရာ၊ ခွင့်ပြုငွေသုံးစွဲမှုပိုင်း ဆိုင်ရာ ကန့်သတ် ချက်တွေ အမျိုးမျိုးရှိတဲ့အတွက်ကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ပါဘူး။ အမှိုက်ဆိုတာ အိမ်တိုင်း၊ ဆိုင်တိုင်း ကနေထွက်ပါတယ်။ အဲဒီအမှိုက်တွေကို နိုင်နင်းအောင် မသိမ်းဆည်းနိုင်လို့ရှိရင် ဒီအမှိုက်တွေက မြို့ထဲမှာ ပုံထားမိ တဲ့ကာလပေါ်မူတည်ပြီးတော့ ရုပ်ဆိုး အကျည်းတန်တာတွေ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်က ပိုပြီးထိရောက်တဲ့ ကောင်းမွန်တဲ့ နည်းစနစ်ဖြစ်တဲ့ အတွက် ကျွန်တော်တို့ရဲ့ လုပ်သားအင်အား၊ ယာဉ်အင်အားနဲ့ ဆောင်ရွက်ဖို့ခက်ခဲပါတယ်”ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက ပြောသည်။

လက်ရှိတွင် အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ်အတွက် ကောက်ခံမည့်နှုန်းထားသတ်မှတ်ချက်၊ အမှိုက်သိမ်းယာဉ် သွားလာမည့် လမ်းကြောင်းများနှင့် စနစ်များအား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

အိမ်ခြေ (၇၀၀၀) ဝန်းကျင်ခန့်ရှိသည့် ကျောက်မဲမြို့တွင် အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ် အကောင်အထည် ဖော်မည့် အဆိုပါကုမ္ပဏီက အဓိကလမ်းကြောင်း (၃)ခုတွင် (၃)တန်ယာဉ် (၃) စီးဖြင့် လည်းကောင်း၊ လူနေရပ်ကွက် လမ်းကြားများတွင် သုံးဘီးယာဉ်(၃)စီးဖြင့်လည်းကောင်း အမှိုက်များ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~