ေက်ာက္မဲတြင္ အိမ္တိုင္ရာေရာက္အမိႈက္သိမ္းစနစ္အတြက္ ၿမိဳ႕လူထုသေဘာထားေတာင္းခံမည္

ေက်ာက္မဲတြင္ အိမ္တိုင္ရာေရာက္အမိႈက္သိမ္းစနစ္အတြက္ ၿမိဳ႕လူထုသေဘာထားေတာင္းခံမည္
မေ 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ အိမ္တိုင္ရာေရာက္ အမႈိက္သိမ္းစနစ္ အေကာင္အထည္ ေဖာ္ႏိုင္ရန္ အတြက္ ၿမိဳ႕လူထုသေဘာထားခံယူခ်က္မ်ားေတာင္းခံမႈကို ေမလ (၂၃) ရက္ညေနပိုင္းတြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၌ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕လူထုသေဘာထား ေတာင္းယူထားတာေတြကို လာမယ့္(၂၃)ရက္ေန႔က်ရင္ ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွာ အစည္းအေဝးျပဳလုပ္ၿပီးေတာ့ ေဆြးေႏြးသြားမွာပါ။ အိမ္တိုင္ရာေရာက္ အမႈိက္သိမ္းစနစ္ကို လုပ္ကိုင္မယ့္ ကုမၸဏီကလည္း တာဝန္ရွိသူေတြလာၿပီး ေဆြးေႏြးမယ္ေျပာတယ္။ ဒီကုမၸဏီကေတာ့ လုပ္ျဖစ္မယ္လို႔ ထင္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ေကာ္မတီဥကၠဌ ဦးတင္ဝင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီ သို႔ ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕တြင္ လက္ရွိလုပ္ကိုင္ေနသည့္ ပုဂၢလိကကုမၸဏီတစ္ခုမွ ေက်ာက္မဲၿမိဳ႕သို႔ လာေရာက္လုပ္ကိုင္မည္ျဖစ္ၿပီး အစီအစဥ္အေသးစိတ္အား ဆက္လက္ေဆြးေႏြးရန္ လိုအပ္ေနေၾကာင္း သိရသည္။

“အိမ္တိုင္ရာေရာက္ အမႈိက္သိမ္းစနစ္နဲ႔လုပ္တာက ၿမိဳ႕အတြက္ ပိုၿပီးေကာင္းလာမယ္လို႔ထင္တယ္။ ဒါေပမယ့္ အခြန္အခ ႏႈန္းထားဘယ္လိုလာမယ္ဆိုတာ သိရရင္ေတာ့ပိုေကာင္းတာေပါ့။ အဲဒီစနစ္က ပိုေကာင္းပါတယ္။ ၿမိဳ႕ထဲမွာအမႈိက္ပံုေတြမျမင္ရေတာ့ဘူးေပါ့။ ၿမဳိ႕လည္းပိုၿပီးသပ္သပ္ရပ္ရပ္ရွိလာမွာပါ၊ အိမ္တိုင္းေစ့ ရပ္ကြက္တိုင္း ကိုလိုက္ၿပီး အမႈိက္သိမ္းမွာ ဆိုရင္အခြန္အခေတာ့ ေပးရမွာပဲ။ အခြန္အခေစ်းမႀကီးေစဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။ အိမ္တိုင္ရာေရာက္အမႈိက္သိမ္းစနစ္ကို သံုးေစခ်င္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ အမွတ္ (၅) ရပ္ကြက္မွ ဦးထြန္းေရႊက ေျပာသည္။

အဆိုပါစနစ္ႏွင့္ပတ္သက္၍ ၿမိဳ႕လူထုသေဘာထားေတာင္းခံျခင္းအား ဇန္နဝါရီလေနာက္ဆံုးပတ္မွစ၍ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားအကူအညီျဖင့္ လုပ္ေဆာင္ေနခဲ့ျခင္းျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။

ပုဂၢလိက အမႈိက္သိမ္းစနစ္ျဖင့္ အိမ္တိုင္ရာေရာက္ အမိႈက္သိမ္းသြားမည္ျဖစ္ေသာ္လည္း ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ၿမိဳ႕တြင္းသန္႔ရွင္းေရးလုပ္ငန္းမ်ားကို ပံုမွန္အတိုင္းဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ် အကောင်အထည် ဖော်နိုင်ရန် အတွက် မြို့လူထုသဘောထားခံယူချက်များတောင်းခံမှုကို မေလ (၂၃) ရက်ညနေပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးဌာန၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြို့လူထုသဘောထား တောင်းယူထားတာတွေကို လာမယ့်(၂၃)ရက်နေ့ကျရင် မြို့နယ် စည်ပင်သာယာရေးဌာနမှာ အစည်းအဝေးပြုလုပ်ပြီးတော့ ဆွေးနွေးသွားမှာပါ။ အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်ကို လုပ်ကိုင်မယ့် ကုမ္ပဏီကလည်း တာဝန်ရှိသူတွေလာပြီး ဆွေးနွေးမယ်ပြောတယ်။ ဒီကုမ္ပဏီကတော့ လုပ်ဖြစ်မယ်လို့ ထင်ပါတယ်” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့တွင် လက်ရှိလုပ်ကိုင်နေသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ကျောက်မဲမြို့သို့ လာရောက်လုပ်ကိုင်မည်ဖြစ်ပြီး အစီအစဉ်အသေးစိတ်အား ဆက်လက်ဆွေးနွေးရန် လိုအပ်နေကြောင်း သိရသည်။

“အိမ်တိုင်ရာရောက် အမှိုက်သိမ်းစနစ်နဲ့လုပ်တာက မြို့အတွက် ပိုပြီးကောင်းလာမယ်လို့ထင်တယ်။ ဒါပေမယ့် အခွန်အခ နှုန်းထားဘယ်လိုလာမယ်ဆိုတာ သိရရင်တော့ပိုကောင်းတာပေါ့။ အဲဒီစနစ်က ပိုကောင်းပါတယ်။ မြို့ထဲမှာအမှိုက်ပုံတွေမမြင်ရတော့ဘူးပေါ့။ မြို့လည်းပိုပြီးသပ်သပ်ရပ်ရပ်ရှိလာမှာပါ၊ အိမ်တိုင်းစေ့ ရပ်ကွက်တိုင်း ကိုလိုက်ပြီး အမှိုက်သိမ်းမှာ ဆိုရင်အခွန်အခတော့ ပေးရမှာပဲ။ အခွန်အခဈေးမကြီးစေဖို့တော့ မျှော်လင့်ပါတယ်။ အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ်ကို သုံးစေချင်ပါတယ်”ဟု ကျောက်မဲမြို့ အမှတ် (၅) ရပ်ကွက်မှ ဦးထွန်းရွှေက ပြောသည်။

အဆိုပါစနစ်နှင့်ပတ်သက်၍ မြို့လူထုသဘောထားတောင်းခံခြင်းအား ဇန်နဝါရီလနောက်ဆုံးပတ်မှစ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအကူအညီဖြင့် လုပ်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

ပုဂ္ဂလိက အမှိုက်သိမ်းစနစ်ဖြင့် အိမ်တိုင်ရာရောက် အမှိုက်သိမ်းသွားမည်ဖြစ်သော်လည်း မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများကို ပုံမှန်အတိုင်းဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~