ေက်ာက္မဲၿမိဳ႕အဝင္ ပင္လံုလမ္းခ်ဲ႕ထြင္ေရး တိုင္းတာတြက္ခ်က္ျခင္း စတင္လုပ္ေဆာင္

ေက်ာက္မဲၿမိဳ႕အဝင္ ပင္လံုလမ္းခ်ဲ႕ထြင္ေရး တိုင္းတာတြက္ခ်က္ျခင္း စတင္လုပ္ေဆာင္
မေ 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးမွ ေက်ာက္မဲၿမိဳ႕အဝင္ လမ္းျဖစ္သည့္ ပင္လံုလမ္းခ်ဲ႕ထြင္ရန္ တုိင္းတာ တြက္ခ်က္ျခင္းအား Oriental Highway Co.ltd က တာဝန္ယူ လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း သိရသည္။

“လမ္းခ်ဲ႕မယ့္ ဧရိယာအတြင္းက စည္ပင္ပိုစတာေတြနဲ႔ လမ္းဆံုလမ္းလယ္ကြ်န္းက စတီးလက္ရန္းေတြ ကိုေတာ့ ေမလ (၁၁) ရက္ေန႔က ျဖဳတ္သိမ္းၿပီးပါၿပီ။ ၿမိဳ႕နယ္ေျမစာရင္းဦးစီးဌာနက ေျမပံုၾကမ္းလည္း ရထားၿပီးၿပီ။ တိုင္းတာတြက္ခ်က္ျခင္း လုပ္ၿပီးတာနဲ႔ လမ္းဒီဇိုင္းန႔ဲ Layout Plan ဆြဲၾကမွာပါ။ အဲဒါေတြ အတည္ျပဳၿပီးတာနဲ႔ ကုမၸဏီက လုပ္ငန္းစေတာ့မွာ ျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္ စည္ပင္သာယာေရး ဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မႏၱေလး- မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးမွ ေက်ာက္မဲၿမိဳ႕အဝင္ ပင္လံုလမ္း၏ လက္ရိွအေနအထားမွာ ျမင္ကြင္းမ်ားကြယ္ေနျခင္း၊ လမ္းအယူအဆလိုအပ္ခ်က္အခ်ိဳ႕ရွိေနျခင္းေၾကာင့္ ယာဥ္မေတာ္တဆမႈမ်ား မၾကာခဏျဖစ္ပြားေနသည့္ ၿမိဳ႕လူထုသေဘာဆႏၵေကာက္ယူကာ လမ္းခ်ဲ႕ထြင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“အေဝးေျပးလမ္းကေနၿပီးေတာ့ ဝင္လာတာပဲျဖစ္ျဖစ္ ပင္လံုလမ္းေပၚကေန အေဝးေျပးလမ္းေပၚကို ထြက္တာပဲျဖစ္ျဖစ္ အဲဒီေနရာက လမ္းဒီဇိုင္းမွားယြင္းေနတဲ့အေနအထားျဖစ္ေနတဲ့အတြက္ ျမင္ကြင္း ကြယ္ေနတာေတြေၾကာင့္ ယာဥ္တိုက္မႈေတြျဖစ္တယ္လို႔ သိရတယ္။ ဒါေၾကာင့္ လမ္းဘယ္ဘက္အျခမ္းေရာ ညာဘက္အျခမ္းေရာ အေကြ႔အဝိုက္ေတြမွာ ျမင္ကြင္းကြယ္ေနတဲ့ ဆိုင္းဘုတ္ေတြ၊ ေၾကာ္ျငာေတြ၊ တိုင္ေတြ၊ အုတ္ခံုေတြ စတာေတြကို ရွင္းလင္းဖယ္ရွားၿပီးေတာ့ လမ္းဧရိယာက်ယ္သြားေအာင္ လုပ္မွာျဖစ္ပါတယ္” ဟု ၿမိဳ႕နယ္စည္ပင္အရာရွိက ေျပာသည္။

အဆိုပါ ေနရာအား လမ္းအားခ်ဲ႕ထြင္ရန္အတြက္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနတြင္ ဘက္ဂ်က္လ်ာထားခ်က္ မရွိထားသည့္ အတြက္ ျပည္ေထာင္စုလမ္းမႀကီးအား BOT စနစ္ျဖင့္ ဝန္ေဆာင္မႈေပးေနသည့္ Oriental Highway Co.ltd မွ ကုန္က်စရိတ္အခေၾကးေငြမယူဘဲ ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးမှ ကျောက်မဲမြို့အဝင် လမ်းဖြစ်သည့် ပင်လုံလမ်းချဲ့ထွင်ရန် တိုင်းတာ တွက်ချက်ခြင်းအား Oriental Highway Co.ltd က တာဝန်ယူ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

“လမ်းချဲ့မယ့် ဧရိယာအတွင်းက စည်ပင်ပိုစတာတွေနဲ့ လမ်းဆုံလမ်းလယ်ကျွန်းက စတီးလက်ရန်းတွေ ကိုတော့ မေလ (၁၁) ရက်နေ့က ဖြုတ်သိမ်းပြီးပါပြီ။ မြို့နယ်မြေစာရင်းဦးစီးဌာနက မြေပုံကြမ်းလည်း ရထားပြီးပြီ။ တိုင်းတာတွက်ချက်ခြင်း လုပ်ပြီးတာနဲ့ လမ်းဒီဇိုင်းနဲ့ Layout Plan ဆွဲကြမှာပါ။ အဲဒါတွေ အတည်ပြုပြီးတာနဲ့ ကုမ္ပဏီက လုပ်ငန်းစတော့မှာ ဖြစ်ပါတယ်”ဟု ကျောက်မဲမြို့ မြို့နယ် စည်ပင်သာယာရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးမှ ကျောက်မဲမြို့အဝင် ပင်လုံလမ်း၏ လက်ရှိအနေအထားမှာ မြင်ကွင်းများကွယ်နခြေင်း၊ လမ်းအယူအဆလိုအပ်ချက်အချို့ရှိနခြေင်းကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားနေသည့် မြို့လူထုသဘောဆန္ဒကောက်ယူကာ လမ်းချဲ့ထွင်ခြင်းဖြစ်ကြောင်း သိရသည်။

“အဝေးပြေးလမ်းကနပြေီးတော့ ဝင်လာတာပဲဖြစ်ဖြစ် ပင်လုံလမ်းပေါ်ကနေ အဝေးပြေးလမ်းပေါ်ကို ထွက်တာပဲဖြစ်ဖြစ် အဲဒီနေရာက လမ်းဒီဇိုင်းမှားယွင်းနေတဲ့အနေအထားဖြစ်နေတဲ့အတွက် မြင်ကွင်း ကွယ်နေတာတွေကြောင့် ယာဉ်တိုက်မှုတွဖြေစ်တယ်လို့ သိရတယ်။ ဒါကြောင့် လမ်းဘယ်ဘက်အခြမ်းရော ညာဘက်အခြမ်းရော အကွေ့အဝိုက်တွေမှာ မြင်ကွင်းကွယ်နေတဲ့ ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေ၊ တိုင်တွေ၊ အုတ်ခုံတွေ စတာတွေကို ရှင်းလင်းဖယ်ရှားပြီးတော့ လမ်းဧရိယာကျယ်သွားအောင် လုပ်မှာဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်အရာရှိက ပြောသည်။

အဆိုပါ နေရာအား လမ်းအားချဲ့ထွင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနတွင် ဘက်ဂျက်လျာထားချက် မရှိထားသည့် အတွက် ပြည်ထောင်စုလမ်းမကြီးအား BOT စနစ်ဖြင့် ဝန်ဆောင်မှုပေးနေသည့် Oriental Highway Co.ltd မှ ကုန်ကျစရိတ်အခကြေးငွေမယူဘဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~