ေက်ာက္မဲတြင္ တပ္မေတာ္က တန္ဖိုးသင့္ထမင္းဟင္းလ်ာ တတိယအႀကိမ္ေရာင္းခ်

ေက်ာက္မဲတြင္ တပ္မေတာ္က တန္ဖိုးသင့္ထမင္းဟင္းလ်ာ တတိယအႀကိမ္ေရာင္းခ်
မေ 18, 2017
By Tachileik News Agency

ရွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ ဗဟိုေစ်းေတာင္ဘက္တြင္ အမွတ္ (၁) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္က ေမလ (၁၈) ရက္ နံနက္ (၈) နာရီခြဲမွစ၍ တန္ဖိုးသင့္ ထမင္းဟင္းလ်ာ တတိယအႀကိမ္ ေရာင္းခ် ေပးေနေၾကာင္း သိရသည္။

“ထမင္း ဟင္းေတြကို ဒီမနက္ (၅) နာရီေလာက္မွာခ်က္တာ။ အဓိကကေတာ့ ေစ်းႏႈန္းသက္သက္ သာသာနဲ႕ အမ်ားျပည္သူဝယ္ယူ စားသံုးႏိုင္ေအာင္ ရည္ရြယ္ေရာင္းခ်ေပးတာပါ။ ၂၀၁၇ ခုႏွစ္ထဲမွာ တတိယအႀကိမ္ ျဖစ္ပါတယ္” ဟု အမွတ္ (၁) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ မွ အရာရွိတဦးက ေျပာသည္။

ယေန႔ နံနက္ပိုင္းမွာပင္ အမွတ္ ၅၀၂ တပ္ရင္းမွလည္း ေက်ာက္မဲၿမိဳ႕ မဂၤလာေစ်း (မနက္ခင္းေစ်း)အနီး၌ ေရာင္းခ်ေပးခ့ဲၿပီး စုစုေပါင္း တပ္ရင္း ၂ ခုမွ တစ္ရက္တည္းတြင္ ႏွစ္ေနရာခြဲ၍ ေရာင္းခ်ေပးခ့ဲျခင္း ျဖစ္ေၾကာင္း သိရသည္။

တန္ဖိုးသင့္ ထမင္း ဟင္းလ်ာမ်ားကို အနည္းဆံုး ေငြက်ပ္ ( ၃၀၀)ဖိုးမွ စ၍ဝယ္ယူႏိုင္သည့္အတြက္ အမ်ားျပည္သူဝယ္ယူမႈမ်ားေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ဗဟိုဈေးတောင်ဘက်တွင် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က မေလ (၁၈) ရက် နံနက် (၈) နာရီခွဲမှစ၍ တန်ဖိုးသင့် ထမင်းဟင်းလျာ တတိယအကြိမ် ရောင်းချ ပေးနေကြောင်း သိရသည်။

“ထမင်း ဟင်းတွေကို ဒီမနက် (၅) နာရီလောက်မှာချက်တာ။ အဓိကကတော့ ဈေးနှုန်းသက်သက် သာသာနဲ့ အများပြည်သူဝယ်ယူ စားသုံးနိုင်အောင် ရည်ရွယ်ရောင်းချပေးတာပါ။ ၂၀၁၇ ခုနှစ်ထဲမှာ တတိယအကြိမ် ဖြစ်ပါတယ်” ဟု အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှ အရာရှိတဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းမှာပင် အမှတ် ၅၀၂ တပ်ရင်းမှလည်း ကျောက်မဲမြို့ မင်္ဂလာဈေး (မနက်ခင်းဈေး)အနီး၌ ရောင်းချပေးခဲ့ပြီး စုစုပေါင်း တပ်ရင်း ၂ ခုမှ တစ်ရက်တည်းတွင် နှစ်နေရာခွဲ၍ ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တန်ဖိုးသင့် ထမင်း ဟင်းလျာများကို အနည်းဆုံး ငွေကျပ် ( ၃၀၀)ဖိုးမှ စ၍ဝယ်ယူနိုင်သည့်အတွက် အများပြည်သူဝယ်ယူမှုများကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~