အင္းေလးေရေပၚရြာတြင္ ေရသန္႔ရရန္ စက္ေရတြင္းမ်ား စတင္တူးေဖာ္

အင္းေလးေရေပၚရြာတြင္ ေရသန္႔ရရန္ စက္ေရတြင္းမ်ား စတင္တူးေဖာ္
မေ 28, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေရႊၿမိဳ႕နယ္၊ အင္းေလးေဒသေရေပၚရြာတြင္ လက္ရိုက္စက္ျဖင့္ ေရတြင္းတူး မရသည့္အတြက္ အလွဴရွင္မ်ား၏ ပံ့ပိုးမႈျဖင့္ အင္းေလးေတာင္သူလယ္သမားအဖြဲ႕က အဝီစိစက္ေရတြင္း (၄)တြင္း ေမလအတြင္း စတင္တူးေဖာ္ေပးေနေၾကာင္း သိရသည္။

“ေရတြင္းတူးတဲ့ ကုန္က်ေငြေတြကိုေတာ့ အလွဴရွင္ေတြ လွဴေပးပါတယ္။ ေနာက္ထပ္တူးနိုင္ဖို႔ကိုေတာ့ အလွဴရွင္ေတြ ရွာသြားမွာပါ။ အိမ္ေျခ (၅၀၀) ကေန (၁၀၀၀) အတြင္းမွာ တစ္တြင္း တူးထားေပးပါတယ္။ တခ်ဳိ႕ရြာေတြကေတာ့ ေရထြက္ဦးေရကေန သံုးၾကတာ ရွိတယ္။ အရမ္းခက္ခဲတဲ့ ရြာေတြကို အဓိကထားၿပီး ဆက္လက္ တူးသြားေပးမွာပါ”ဟု အင္းေလးေတာင္သူလယ္သမားအဖြဲ႕ အတြင္းေရးမွဴး ဦးခင္ေမာင္လတ္ ကေျပာသည္။

ယခင္ႏွစ္မ်ားတြင္ အဆိုပါေဒသ၌ လက္ရိုက္စက္ျဖင့္ ေရတြင္းတူးေဖာ္ရာ ေရမထြက္ဘဲ ဓာတ္ေငြ႕မ်ားသာ ထြက္ရွိသျဖင့္ ယခုႏွစ္တြင္ စက္ေရတြင္းတူးေဖာ္ျခင္းျဖစ္ေၾကာင္းသိရသည္။

“အခုႏွစ္ကစၿပီး စက္ႀကီးနဲ႕တူးၾကည့္ေတာ့ ေပ (၅၀၀) ေက်ာ္တာနဲ႕ ေရလည္းၾကည္တယ္၊ သန္႔လည္းသန္႔တယ္။ ေရသန္႔ေသာက္နိုင္ဖို႕က တကယ္ေ၀းသြားတဲ့ရြာေတြက်ေတာ့ ေရရဖို႔ခက္ခဲတယ္။ ေရသန္႔မ၀ယ္နိုင္လို႔လည္း မဟုတ္ပါဘူး။ ရဖို႕ခက္ခဲတာပါ။ ေရသန္႔တစ္ဘူးကို (၈၀၀)က်ပ္ေလာက္ ေပးရတယ္။ ဒါေၾကာင့္ ဒီႏွစ္မွာအ၀ီစိေရတြင္းတူးလိုက္တာပါ” ဟု ဦးခင္ေမာင္လတ္က ေျပာသည္။

ေညာင္ေရႊၿမိဳ႕နယ္ အင္းေလးကန္နယ္နိမိတ္၏ ေရျပင္ေပၚတြင္ ရြာေပါင္း (၁၀၀) ေက်ာ္ႏွင့္ ေရျပင္ေပၚတြင္ ေျမေပၚရြာေပါင္း (၂၀) ရိွေနေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှမြေို့နယ်၊ အင်းလေးဒေသရေပေါ်ရွာတွင် လက်ရိုက်စက်ဖြင့် ရေတွင်းတူး မရသည့်အတွက် အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် အင်းလေးတောင်သူလယ်သမားအဖွဲ့က အဝီစိစက်ရေတွင်း (၄)တွင်း မေလအတွင်း စတင်တူးဖော်ပေးနေကြောင်း သိရသည်။

“ရေတွင်းတူးတဲ့ ကုန်ကျငွေတွေကိုတော့ အလှူရှင်တွေ လှူပေးပါတယ်။ နောက်ထပ်တူးနိုင်ဖို့ကိုတော့ အလှူရှင်တွေ ရှာသွားမှာပါ။ အိမ်ခြေ (၅၀၀) ကနေ (၁၀၀၀) အတွင်းမှာ တစ်တွင်း တူးထားပေးပါတယ်။ တချို့ရွာတွေကတော့ ရေထွက်ဦးရေကနေ သုံးကြတာ ရှိတယ်။ အရမ်းခက်ခဲတဲ့ ရွာတွေကို အဓိကထားပြီး ဆက်လက် တူးသွားပေးမှာပါ”ဟု အင်းလေးတောင်သူလယ်သမားအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လတ် ကပြောသည်။

ယခင်နှစ်များတွင် အဆိုပါဒေသ၌ လက်ရိုက်စက်ဖြင့် ရေတွင်းတူးဖော်ရာ ရေမထွက်ဘဲ ဓာတ်ငွေ့များသာ ထွက်ရှိသဖြင့် ယခုနှစ်တွင် စက်ရေတွင်းတူးဖော်ခြင်းဖြစ်ကြောင်းသိရသည်။

“အခုနှစ်ကစပြီး စက်ကြီးနဲ့တူးကြည့်တော့ ပေ (၅၀၀) ကျော်တာနဲ့ ရေလည်းကြည်တယ်၊ သန့်လည်းသန့်တယ်။ ရေသန့်သောက်နိုင်ဖို့က တကယေ်ဝးသွားတဲ့ရွာတွေကျတော့ ရေရဖို့ခက်ခဲတယ်။ ရေသန့်မဝယ်နိုင်လို့လည်း မဟုတ်ပါဘူး။ ရဖို့ခက်ခဲတာပါ။ ရေသန့်တစ်ဘူးကို (၈၀၀)ကျပ်လောက် ပေးရတယ်။ ဒါကြောင့် ဒီနှစ်မှာအဝီစိရေတွင်းတူးလိုက်တာပါ” ဟု ဦးခင်မောင်လတ်က ပြောသည်။

ညောင်ရွှမြေို့နယ် အင်းလေးကန်နယ်နိမိတ်၏ ရပြေင်ပေါ်တွင် ရွာပေါင်း (၁၀၀) ကျော်နှင့် ရပြေင်ပေါ်တွင် မြေပေါ်ရွာပေါင်း (၂၀) ရှိနေကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~