ပင္းတယတြင္ ဧည့္လမ္းညႊန္မ်ားအတြက္ အဂၤလိပ္စာ အရည္အေသြးျမႇင့္သင္တန္း ပို႔ခ်

ပင္းတယတြင္ ဧည့္လမ္းညႊန္မ်ားအတြက္ အဂၤလိပ္စာ အရည္အေသြးျမႇင့္သင္တန္း ပို႔ခ်
မေ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ၊ ပင္းတယၿမိဳ႕တြင္ ဧည့္လမ္းညႊန္မ်ား အတြက္ အဂၤလိပ္စာ အရည္အေသြးျမႇင့္သင္တန္းကို ေမလ (၃) ရက္ေန႔မွ (၂၆) ရက္ေန႕အထိ ပို႕ခ်ေပးသြားမည္ ျဖစ္ေၾကာင္း ေတာင္ႀကီးၿမဳိ႕ ဟုိတယ္ႏွင့္ခရီးသြား ညြန္ၾကားမႈဦးစီးဌာနမွသိရသည္။

ဟိုတယ္ႏွင့္ ခရီးသြားညြန္ၾကားေရးမွဴးဦးစီးဌာန၏ လမ္းညြန္မႈျဖင့္ ေညာင္ေရႊၿမိဳ႕နယ္ ဧည္႕လမ္းညြန္မ်ား အသင္း (Inle Speaks Community Skills Development Center) ၊ ေနာ္ေ၀းနိုင္ငံအေျခစိုက္ Partnership for Change(Pfc) ႏွင့္ ပင္းတယၿမိဳ႕နယ္ ဟိုတယ္လုပ္ငန္းရွင္မ်ား အသင္းတို႔ ပူးေပါင္း ဖြင့္လွစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“မႏွစ္ကေတာ့ ကေလာမွာသင္တန္းေပးပါတယ္။ ဒီႏွစ္ကေတာ့ ပင္းတယမွာ လုပ္ေပးပါတယ္။ ရြာငံ ၊ ပင္းတယ ဘက္ကလည္း tourism လုပ္ငန္းက ဆက္စပ္ေနတယ္ေလ။ ပင္းတယမွာက အင္းေလးဘက္ကို လာမယ္ဆိုရင္ ဆက္ျပီး ပင္းတယကို သြားၾကတယ္။ ပင္းတယမွာက ေရႊဥမင္လိုဏ္ဂူေတြလည္းရွိတယ္။ တျခားလည္ပတ္စရာေတြလည္းမ်ားတယ္။ tourismနဲ႕ပတ္သက္ရင္ ပင္းတယ မွာက အလားအလာ ရွိတယ္။ လမ္းပန္းဆက္သြယ္ေရးလည္းေကာင္းေတာ့ tourism ေတြအတြက္လည္း အရမ္း အဆင္ေျပပါတယ္”ဟု ေတာင္ႀကီးၿမဳိ႕ ဟုိတယ္ႏွင့္ခရီးသြား ညြန္ၾကားမႈဦးစီးဌာနမွ လက္ေထာက္ ညြန္ၾကားေရးမွဴး ဦး၀င္းေအာင္ ကေျပာသည္။

အဆိုပါ သင္တန္းတြင္ သင္တန္းသားဦးေရ (၅၀) တက္ေရာက္ေနၿပီး ခရီးသြားလည္ပတ္မႈ မ်ားသည့္ ၿမိဳ႕နယ္မ်ားတြင္ တစ္ႏွစ္တစ္ႀကိမ္ အလွည့္က်ဖြင့္လွစ္မည္ျဖစ္ေၾကာင္းသိရသည္။

၂၀၁၆ခုႏွစ္အတြင္း ပင္းတယသို႕သြားေရာက္ လည္ပတ္သူဦးေရမွာ ဧျပီလမွ မတ္လအတြင္း ႏုိင္ငံျခားခရီးသြား (၄၈၁၅)ဦးႏွင့္ ျပည္တြင္းမွလည္ပတ္သူ (၈၂၇၃)ဦး ရိွေၾကာင္း သိရသည္။

ပင္းတယၿမိဳ႕တြင္ လက္ဖက္လုပ္ငန္း၊ ထီး၊ခေမာက္ လုပ္ငန္းမ်ားႏွင့္ ေရႊဥမင္လိုဏ္ဂူဘုရားတို႔မွာ နိုင္ငံျခားသားမ်ား အမ်ားဆံုး သြားေရာက္လည္ပတ္ေသာေနရာျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
Photo: Inle Speaks Community Skills Development Center


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့တွင် ဧည့်လမ်းညွှန်များ အတွက် အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်းကို မေလ (၃) ရက်နေ့မှ (၂၆) ရက်နေ့အထိ ပို့ချပေးသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့ ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာနမှသိရသည်။

ဟိုတယ်နှင့် ခရီးသွားညွန်ကြားရေးမှူးဦးစီးဌာန၏ လမ်းညွန်မှုဖြင့် ညောင်ရွှမြေို့နယ် ဧည့်လမ်းညွန်များ အသင်း (Inle Speaks Community Skills Development Center)၊ နော်ဝးနိုင်ငံအခြေစိုက် Partnership for Change(Pfc) နှင့် ပင်းတယမြို့နယ် ဟိုတယ်လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

“မနှစ်ကတော့ ကလောမှာသင်တန်းပေးပါတယ်။ ဒီနှစ်ကတော့ ပင်းတယမှာ လုပ်ပေးပါတယ်။ ရွာငံ၊ ပင်းတယ ဘက်ကလည်း tourism လုပ်ငန်းက ဆက်စပ်နေတယ်လေ။ ပင်းတယမှာက အင်းလေးဘက်ကို လာမယ်ဆိုရင် ဆက်ပြီး ပင်းတယကို သွားကြတယ်။ ပင်းတယမှာက ရွှေဥမင်လိုဏ်ဂူတွေလည်းရှိတယ်။ တခြားလည်ပတ်စရာတွေလည်းများတယ်။ tourismနဲ့ပတ်သက်ရင် ပင်းတယ မှာက အလားအလာ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးလည်းကောင်းတော့ tourism တွေအတွက်လည်း အရမ်း အဆင်ပြေပါတယ်”ဟု တောင်ကြီးမြို့ ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဦးဝင်းအောင် ကပြောသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသားဦးရေ (၅၀) တက်ရောက်နပြေီး ခရီးသွားလည်ပတ်မှု များသည့် မြို့နယ်များတွင် တစ်နှစ်တစ်ကြိမ် အလှည့်ကျဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

၂၀၁၆ခုနှစ်အတွင်း ပင်းတယသို့သွားရောက် လည်ပတ်သူဦးရေမှာ ဧပြီလမှ မတ်လအတွင်း နိုင်ငံခြားခရီးသွား (၄၈၁၅)ဦးနှင့် ပြည်တွင်းမှလည်ပတ်သူ (၈၂၇၃)ဦး ရှိကြောင်း သိရသည်။

ပင်းတယမြို့တွင် လက်ဖက်လုပ်ငန်း၊ ထီး၊ခမောက် လုပ်ငန်းများနှင့် ရွှေဥမင်လိုဏ်ဂူဘုရားတို့မှာ နိုင်ငံခြားသားများ အများဆုံး သွားရောက်လည်ပတ်သောနေရာဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို
Photo: Inle Speaks Community Skills Development Center

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~