တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္လမ္းဆံုမီးပိြဳင့္တြင္ ကားတစ္စီးအား လူငယ္တစ္စုက ခဲျဖင့္ပစ္ေပါက္

တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္လမ္းဆံုမီးပိြဳင့္တြင္ ကားတစ္စီးအား လူငယ္တစ္စုက ခဲျဖင့္ပစ္ေပါက္
မေ 16, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕၏ ေဟာင္လိတ္မီးပြိဳင့္လမ္းဆံုတြင္ ေမလ(၁၅)ရက္ေန႔ ည(၁၀)ခြဲေက်ာ္က ယာဥ္တစ္စီးအား အမည္မသိ လူငယ္တစ္စုမွ ေက်ာက္ခဲမ်ားျဖင့္ ပစ္ေပါက္မႈ
ျဖစ္ပြားခဲ့ေၾကာင္း ကာယကံရွင္ထံမွ သိရသည္။

"ကြ်န္ေတာ္ မီးပြိဳင့္နားေရာက္ေတာ့ လူငယ္ ေလး၊ ငါးေယာက္က အဲ့ဒီကားကို ထုဆိုၿပီး ခဲနဲ႔၀ိုင္းပစ္ၾကတယ္၊ ေဘးမွာ ကြ်န္ေတာ့္ သူငယ္ခ်င္း တစ္ေယာက္လည္းပါတယ္၊ ကားမွန္ကို အျမန္ ပိတ္ခိုင္းၿပီး ခပ္ျမန္ျမန္ေလး ေမာင္းခ်လာခဲ့ရတယ္၊ ေမာင္းသြားရင္း နီးစပ္ရာ ဘယ္ကို တိုင္ရမလဲ စဥ္းစားေနတုန္း။ အနီးစပ္ဆံုး ေဟာင္လိတ္မွာ ရံုးဖြင့္ထားတဲ့ ကမာၻလွည့္ခရီးသြားလုပ္ငန္းလံုၿခံဳေရးရဲတပ္ဖြဲ႔"( Myanmar Tourist Police )ရံုးမွာ ၀င္ၿပီး အေၾကာင္းၾကားလိုက္ပါတယ္"ဟု ကာယကံရွင္ ကိုမင္းယုႏိုင္က ေျပာသည္။

အဆိုပါ ေနရာတြင္ မီးမ်ားလင္းေနသည္ ျဖစ္ေသာ္လည္း ယခုလို အျပဳအမူမ်ဳိးေၾကာင့္ သြားလာသူမ်ား အတြက္ အႏၱရာယ္ရွိၿပီး၊ မိန္းကေလးမ်ားအတြက္ စိုးရိမ္စရာျဖစ္သည့္ အတြက္ ၎အေနျဖင့္
နီးစပ္ရာ ရဲတပ္ဖြဲ႔သို႔ အသိေပးအေၾကာင္းၾကားၿပီးေနာက္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔ႏွင့္ နယ္ထိန္းမ်ား ေရာက္ရွိလာေၾကာင္း သိရသည္။

"ဒီလိုအခ်ိန္ ဒီလိုေနရာမွာ မိန္းကေလးတစ္ေယာက္တည္း ကားနဲ႔ ျဖစ္ျဖစ္၊ ဆိုင္ကယ္နဲ႔ျဖစ္ျဖစ္ သြားတယ္ဆိုရင္၊ မေတာ္လို႔မ်ား အဲ့ဒီ လူတစ္စုက အတင္း၀င္လံုးရင္ မေတြးဝံ့စရာပါပဲ၊
ရဲတပ္ဖြဲ႔ ကေတာ့ ေျပာတယ္၊ ခါတိုင္း ဒီေနရာမွာ ပြိဳင့္ကားတစ္စီး အၿမဲရွိေနတယ္လို႔ ေျပာတယ္။ မသမာသူေတြက ရဲေတြေရွ႕မွာ လုပ္မွာ မဟုတ္ဘူး၊ ဘာျဖစ္ျဖစ္ သတိထားဖို႔ေတာ့ လိုပါတယ္၊ ကြ်န္ေတာ့္ အေနနဲ႔ကေတာ့ ကားကို ခဲနဲ႔၀ိုင္းထုခံရလို႔ တိုင္တာေတာ့ မဟုတ္ပါဘူး။ ဒီေနရာမွာ သတိထားႏိုင္ဖို႔နဲ႔ ေနာက္လူေတြလည္း သြားလာရင္ သတိထားႏိုင္ေအာင္လို႔ပါ"ဟု ၎က ေျပာသည္။

ေဟာင္လိတ္မီးပြိဳင့္လမ္းဆံုတြင္ လူတစ္စုမွ ခဲမ်ားျဖင့္ ၀ိုင္းေပါက္ၾကသည္မွာ ၎အေနျဖင့္ မ်က္ႏွာမ်ားကို မမွတ္မိႏိုင္ေသာ္လည္း၊ ၎တို႔မွာ လူငယ္မ်ားသာ ျဖစ္ေၾကာင္း သိရသည္။

"မ်က္ႏွာေတာ့ မမွတ္မိဘူး၊ လူငယ္ေလးေတြပဲ၊ ဘာေၾကာင့္ လုပ္လဲဆုိတာလည္း မသိဘူး။ အရင္တုန္းက ေလာင္းကစား၀ိုင္းေတြ ပိတ္တုန္း ခဏကေတာ့ ဘာအသံမွ မၾကားရဘူး။ ခု ေလာင္းကစား၀ိုင္းေတြ ျပန္ဖြင့္ေတာ့ လုယက္တာေတြ၊ ဒီလိုေတြ ၾကားရ ႀကံဳရေနၿပီ။ ဘာျဖစ္ျဖစ္၊ လူျပတ္တဲ့ေနရာပဲ ျဖစ္ျဖစ္၊ သြားတာ လာတာ ကိုယ့္ကိုကိုယ္လည္း သတိထားဖို႔ လိုပါတယ္"ဟု ကိုမင္းယုႏိုင္က ေျပာသည္။

တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွ နယ္ေျမလံုၿခံဳေရးအေနျဖင့္ လွည့္ကင္းမ်ား ပတ္ျခင္း ႏွင့္ ပြိဳင့္ကားမ်ားအား ေနရာ (၃)(၄)ေနရာတို႔တြင္ ရပ္တန္႔ထားၿပီး ကင္းလွည့္လည္မႈမ်ား
ျပဳလုပ္ေၾကာင္း သိရသည္။

"ၿမိဳ႕တြင္းေနရာေတြနဲ႔ ေဟာင္လိတ္ အပါအ၀င္ အခ်ဳိ႕ေနရာေတြမွာ အေရးႀကံဳရင္ လာေရာက္ၿပီး သတင္ေပးႏိုင္ရန္အတြက္ ပြိဳင့္ကားေတြ ရပ္တန႔္ေပးထားတာေတြရွိပါတယ္၊"ဟု
တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လူသြား လူလာ ျပတ္လပ္သည့္ ေနရာမ်ားတြင္ ၿပီးခဲ့သည့္ လက လုယက္မႈမ်ား ရွိခဲ့ေသာ္လည္း ကာယကံရွင္မ်ား အေနျဖင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔သို႔ အမႈဖြင့္တိုင္ၾကားျခင္း
မရွိေၾကာင္း ႏွင့္ လုယက္မႈမ်ား က်ဴးလြန္သူမ်ားသည္ အမ်ားအားျဖင့္ လူငယ္မ်ား ျဖစ္ေနေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့၏ ဟောင်လိတ်မီးပွိုင့်လမ်းဆုံတွင် မေလ(၁၅)ရက်နေ့ ည(၁၀)ခွဲကျော်က ယာဉ်တစ်စီးအား အမည်မသိ လူငယ်တစ်စုမှ ကျောက်ခဲများဖြင့် ပစ်ပေါက်မှု
ဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်ထံမှ သိရသည်။

"ကျွန်တော် မီးပွိုင့်နားရောက်တော့ လူငယ် လေး၊ ငါးယောက်က အဲ့ဒီကားကို ထုဆိုပြီး ခဲနဲ့ဝိုင်းပစ်ကြတယ်၊ ဘေးမှာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်လည်းပါတယ်၊ ကားမှန်ကို အမြန် ပိတ်ခိုင်းပြီး ခပ်မြန်မြန်လေး မောင်းချလာခဲ့ရတယ်၊ မောင်းသွားရင်း နီးစပ်ရာ ဘယ်ကို တိုင်ရမလဲ စဉ်းစားနေတုန်း။ အနီးစပ်ဆုံး ဟောင်လိတ်မှာ ရုံးဖွင့်ထားတဲ့ ကမာ္ဘလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့"( Myanmar Tourist Police )ရုံးမှာ ဝင်ပြီး အကြောင်းကြားလိုက်ပါတယ်"ဟု ကာယကံရှင် ကိုမင်းယုနိုင်က ပြောသည်။

အဆိုပါ နေရာတွင် မီးများလင်းနေသည် ဖြစ်သော်လည်း ယခုလို အပြုအမူမျိုးကြောင့် သွားလာသူများ အတွက် အန္တရာယ်ရှိပြီး၊ မိန်းကလေးများအတွက် စိုးရိမ်စရာဖြစ်သည့် အတွက်၎င်းအနဖြေင့်
နီးစပ်ရာ ရဲတပ်ဖွဲ့သို့ အသိပေးအကြောင်းကြားပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်ထိန်းများ ရောက်ရှိလာကြောင်း သိရသည်။

"ဒီလိုအချိန် ဒီလိုနေရာမှာ မိန်းကလေးတစ်ယောက်တည်း ကားနဲ့ ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ဖြစ်ဖြစ် သွားတယ်ဆိုရင်၊ မတော်လို့များ အဲ့ဒီ လူတစ်စုက အတင်းဝင်လုံးရင် မတွေးဝံ့စရာပါပဲ၊
ရဲတပ်ဖွဲ့ ကတော့ ပြောတယ်၊ ခါတိုင်း ဒီနေရာမှာ ပွိုင့်ကားတစ်စီး အမြဲရှိနေတယ်လို့ ပြောတယ်။ မသမာသူတွေက ရဲတွေရှေ့မှာ လုပ်မှာ မဟုတ်ဘူး၊ ဘာဖြစ်ဖြစ် သတိထားဖို့တော့ လိုပါတယ်၊ ကျွန်တော့် အနေနဲ့ကတော့ ကားကို ခဲနဲ့ဝိုင်းထုခံရလို့ တိုင်တာတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ သတိထားနိုင်ဖို့နဲ့ နောက်လူတွေလည်း သွားလာရင် သတိထားနိုင်အောင်လို့ပါ"ဟု၎င်းက ပြောသည်။

ဟောင်လိတ်မီးပွိုင့်လမ်းဆုံတွင် လူတစ်စုမှ ခဲများဖြင့် ဝိုင်းပေါက်ကြသည်မှာ၎င်းအနဖြေင့် မျက်နှာများကို မမှတ်မိနိုင်သော်လည်း၊၎င်းတို့မှာ လူငယ်များသာ ဖြစ်ကြောင်း သိရသည်။

"မျက်နှာတော့ မမှတ်မိဘူး၊ လူငယ်လေးတွေပဲ၊ ဘာကြောင့် လုပ်လဲဆိုတာလည်း မသိဘူး။ အရင်တုန်းက လောင်းကစားဝိုင်းတွေ ပိတ်တုန်း ခဏကတော့ ဘာအသံမှ မကြားရဘူး။ ခု လောင်းကစားဝိုင်းတွေ ပြန်ဖွင့်တော့ လုယက်တာတွေ၊ ဒီလိုတွေ ကြားရ ကြုံရနပြေီ။ ဘာဖြစ်ဖြစ်၊ လူပြတ်တဲ့နေရာပဲ ဖြစ်ဖြစ်၊ သွားတာ လာတာ ကိုယ့်ကိုကိုယ်လည်း သတိထားဖို့ လိုပါတယ်"ဟု ကိုမင်းယုနိုင်က ပြောသည်။

တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးအနဖြေင့် လှည့်ကင်းများ ပတ်ခြင်း နှင့် ပွိုင့်ကားများအား နေရာ (၃)(၄)နေရာတို့တွင် ရပ်တန့်ထားပြီး ကင်းလှည့်လည်မှုများ
ပြုလုပ်ကြောင်း သိရသည်။

"မြို့တွင်းနေရာတွေနဲ့ ဟောင်လိတ် အပါအဝင် အချို့နေရာတွေမှာ အရေးကြုံရင် လာရောက်ပြီး သတင်ပေးနိုင်ရန်အတွက် ပွိုင့်ကားတွေ ရပ်တန့်ပေးထားတာတွေရှိပါတယ်၊"ဟု
တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် လူသွား လူလာ ပြတ်လပ်သည့် နေရာများတွင် ပြီးခဲ့သည့် လက လုယက်မှုများ ရှိခဲ့သော်လည်း ကာယကံရှင်များ အနဖြေင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ အမှုဖွင့်တိုင်ကြားခြင်း
မရှိကြောင်း နှင့် လုယက်မှုများ ကျူးလွန်သူများသည် အများအားဖြင့် လူငယ်များ ဖြစ်နေကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~