"ေပ်ာက္ဆံုးေနသည့္ ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြ (၇) ဘီလီယံေက်ာ္အေၾကာင္း"

"ေပ်ာက္ဆံုးေနသည့္ ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြ (၇) ဘီလီယံေက်ာ္အေၾကာင္း"
မေ 1, 2017
By Tachileik News Agency
"ေပ်ာက္ဆံုးေနသည့္ ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြ (၇) ဘီလီယံေက်ာ္အေၾကာင္း"
 မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳႏွင္႔ ေတြ႔ဆံုေမးျမန္းျခင္း

ယခင္အစိုးရလက္ထက္ မေကြးတိုင္းေဒသႀကီး၏ ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြမွ က်ပ္ (၇)ဘီလီယံေက်ာ္ ေပ်ာက္ဆံုးေနၿပီး ယင္းအနက္ က်ပ္ (၃)ဘီလီယံႏွင့္ ေမာ္ေတာ္ယာဥ္အခ်ိဳ႕အား တိုင္းေဒသႀကီးအစိုးရထံ ျပန္လည္ လႊဲေျပာင္းမည္ဟု သိရေသာ္လည္း က်န္ရိွသည့္ စာရင္းေပ်ာက္ ရန္ပံုေငြႏွင့္ပတ္သက္၍ မည္သုို႔ေဆာင္ရြက္ေနသည္ကို သိရိွႏုိင္ရန္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႔ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳထံ တာခ်ီလိတ္သတင္းေအဂ်င္စီမွ သြားေရာက္ေတြ႔ဆံု ေမးျမန္းထားပါသည္။

TNA ။   ။  မဂၤလာပါ ဝန္ႀကီးခ်ဳပ္ခင္ဗ်ာ

ဝန္ႀကီးခ်ဳပ္ ။  ။ ဟုတ္ကဲ့ မဂၤလာပါ။

TNA ။   ။  ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးဘုန္းေမာ္ေရႊထံက မေကြးတိုင္းျပည္ခိုင္ၿဖိဳးပါတီကို လွဴဒါန္း ခဲ့တယ္လို႔ စစ္ေဆးေပၚေပါက္ခဲ့တဲ႔ ေမာ္ေတာ္ယာဥ္ (၄)စီး၊ ဘက္ဟိုးတစ္စီးနဲ႔ ပဲ့ေထာင္ေရယာဥ္ (၂)စီးတို႔ကို လာေရာက္ အပ္ႏွံၿပီလို႔သိရပါတယ္။ အဲဒါဟုတ္ပါသလား ခင္ဗ်ာ။

ဝန္ႀကီးခ်ဳပ္ ။  ။ ဟုတ္ပါတယ္။ ကၽြန္ေတာ္ရန္ကုန္မွာ ရိွေနတုန္း ဧၿပီ (၂၉) ရက္ ညေနပိုင္းက ဝန္ႀကီးေတြပါဝင္တဲ႔ တိုင္းအစိုးရအဖဲြ႔ထံမွာ ေမာ္ေတာ္ယာဥ္ (၄) စီး၊ ဘက္ဟိုးယာဥ္ (၁)စီးကို ဦးဘုန္းေမာ္ေရႊ တာဝန္ေပးခ်က္ အရ ဦးၾကည္ထြန္းက စည္းကမ္းတက်နဲ႔ လာေရာက္ အပ္ႏွံသြားတယ္လို႔ ေျပာပါတယ္။

TNA ။   ။  ဟုတ္ကဲ႔ ပဲ႔ေထာင္ေရယာဥ္ ႏွစ္စီးကေရာ။

ဝန္ႀကီးခ်ဳပ္ ။  ။ ပဲ႔ေထာင္ယာဥ္တစ္စီးက ျမစ္ေၾကာင္းၿဖိဳးကို ေပးထားတယ္ေျပာတယ္။ ဟုတ္တယ္ ျမစ္ေၾကာင္းၿဖိဳးကကိုင္တာ။ တစ္စီးက ႀကီးအံုႀကီးဝတမံမွာလို႔ေျပာတယ္။ အဲဒါေတြပါ အကုန္အပ္ၿပီးတဲ႔ သေဘာပါပဲ။

TNA ။   ။  ေပ်ာက္ဆံုးေနတဲ႔ တိုင္းေဒသႀကီးဖံြ႔ၿဖိဳးေရးရန္ပံုေငြ (၇) ဘီလီယံေက်ာ္အနက္က (၃) ဘီလီယံေက်ာ္ကို ျပန္အပ္မယ္လို႔ သိရတဲ႔အေပၚ ဘယ္လိုျပန္အပ္မလဲဆိုတာေလးလည္း သိပါရေစခင္ဗ်။

ဝန္ႀကီးခ်ဳပ္ ။  ။  ျပန္အပ္မယ္လို႔ ကတိေပးထားတဲ႔ က်ပ္သန္း သံုးေထာင္ေက်ာ္ထဲက သိန္းငါးေထာင္ကို ေမလ ပထမပတ္ထဲမွာ ေပးအပ္မယ္လို႔ေျပာပါတယ္။ က်န္တာကိုေတာ႔ ၂၀၁၇ ခုႏွစ္ ဇူလိုင္လမကုန္မီ အကုန္ ေပးအပ္မယ္လို႔ ဦးဘုန္းေမာ္ေရႊဆီက ကတိျပဳခ်က္ရထားပါတယ္။

TNA ။   ။  ေပ်ာက္ဆံုးေနတာက (၇.၄၅၉) ဘီလီယံေက်ာ္ဆိုေတာ႔ က်န္တဲ႔ သန္း ေလးေထာင္ေက်ာ္ အတြက္ကိုေရာ ဘယ္လိုေဆာင္ရြက္ထားလဲဆိုတာ သိပါရေစ။

ဝန္ႀကီးခ်ဳပ္ ။  ။  က်န္ေငြေတြအတြက္ ျပည္ေထာင္စုအစိုးရက ဘာမွေဖာ္ျပမထားဘူး။ ဘာမွေဖာ္ျပ မထားေတာ႔ကာ က်န္တဲ႔ပိုက္ဆံေတြက သူတို႔ဘာသံုးတယ္ ညာသံုးတယ္ဆိုတာနဲ႔ပတ္သက္ၿပီးေတာ႔ ျပည္ေထာင္စု အစိုးရက သူတို႔အသံုးကိုပဲ လက္ခံထားသလား/ လက္မခံသလားဆိုတာမသိဘူး။ သို႔ေသာ္လည္း မေကြး တိုင္းေဒသႀကီးက ျပည္သူလူထုရဲ႕သံုးရမယ္႔ ပိုက္ဆံျဖစ္ေတာ႔ကာ ဘယ္ဒင္းေတြ သံုးခဲ႔သလဲ။ လမ္းေဖာက္ သလား။ တံတားေဆာက္သလား။ ဘာေတြလုပ္တုန္း။ စနစ္တက် စည္းနဲ႔ကမ္းနဲ႔ သံုးခဲ႔တာဟုတ္လား၊ မဟုတ္ဖူးလား သိခ်င္တာကိုး။ အဲဒါေတြက ကၽြန္ေတာ္တစ္ေယာက္ထဲသေဘာနဲ႔ ဘာမွလုပ္မရဘူး။ မေကြးတိုင္းအစိုးရအဖဲြ႔ အစည္းအေဝးထိုင္ၿပီး ေမးသင္႔တာေမး လက္ခံသင့္တာလက္ခံ အဲလိုလုပ္ရမွာ။

TNA ။   ။  အဲဒီလိုေမးျမန္းဖို႔ အခက္အခဲရိွေနရင္ေရာ ဘာဆက္လုပ္မလဲခင္ဗ်။

ဝန္ႀကီးခ်ဳပ္ ။  ။ ေမးလို႔မရဘူး။ ကၽြန္ေတာ္တို႔က သူတို႔အသံုးျပတာကို မေက်နပ္ဖူးဆိုရင္ ဥပမာ သန္း ငါးရာပဲ ကုန္ရမွာကို သန္းတစ္ေထာင္ျပထားတဲ႔ ကိစၥမ်ိဳးေတြ႔ရင္ ျပည္ေထာင္စုအစိုးရကို ေမးတန္သင္႔ေမးရမယ္။ တိုင္ပင္ တန္သင္႔ရင္ တိုင္ပင္ရမယ္။ (၇.၄၅၉) ဘီလီယံကိစၥ မေကြးတိုင္းအစိုးရ အဖဲြ႔ရဲ႕ ၾသဇာအာဏာနဲ႔ ဒီကိစၥကို ေဖာ္ထုတ္ဖို႔ ရႏိုင္စရာအေၾကာင္း မရိွလုိ႔ ျပည္ေထာင္စုအစိုးရက အကူအညီေပးပါဆိုၿပီးေတာ႔ ျပည္ေထာင္စု အစိုးရက အထူးစံုစမ္း စစ္ေဆးေရးကို တာဝန္ေပးစစ္ခိုင္းတယ္။ ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလေလာက္မွာ စသံုးလံုးက ျပည္ေထာင္စု အစိုးရကို တင္လိုက္တာ။ အဲဒီတင္တဲ႔ အစီရင္ခံစာနဲ႔ ပတ္သက္ၿပီးေတာ႔လည္း ကၽြန္ေတာ္တို႔က ဘာမွ မသိရဘူး။ သိခြင္႔ရရင္ေတာ႔ သိခ်င္တာေပါ႔။ ဒါလည္း တိုင္းအထူးစံုစမ္းစစ္ေဆးေရးအဖဲြ႔ကို ေမးလည္းၾကည့္ပါဦးမယ္။ သန္း ေလးေထာင္သံုးတဲ႔ကိစၥနဲ႔ ပတ္သက္ၿပီးေတာ႔ ဒီမွာ ဒါေတြသံုးထားတာ မွန္တာပဲ။ ဒါေတြလက္ခံ သင္႔တယ္ လက္မခံသင္႔ဘူး ဆိုတာ ဒါေတြ ေနာက္က်လာမွာေပါ့။

TNA ။   ။  ျပည္ေထာင္စုအစိုးရအဖဲြ႔က ဒီကိစၥနဲ႔ပတ္သက္ၿပီး ေနာက္ေၾကာင္းျပန္အေရးယူမႈမလုပ္ဖူး လို႔ေျပာ ထားပါတယ္။ အဲဒီအေပၚမွာေရာ ဝန္ႀကီးခ်ဳပ္အေနနဲ႔ ဘာေျပာခ်င္ပါသလဲ။

ဝန္ႀကီးခ်ဳပ္ ။  ။ ကြ်န္ေတာ္တို႔အစိုးရက ေဒသဆိုင္ရာအစိုးရေလ။ ျပည္ေထာင္စုအစိုးရရဲ႕သေဘာထားက ဒီလိုသ ေဘာထားတယ္ဆိုတာကို ဒါ မရဘူးကြ လက္မခံဘူးကြ လို႔ ဒီလိုလုပ္လို႔မရဘူး။ လက္ခံရမွာပဲ ျပည္သူ လူထုကိုလည္း လက္ခံလာေအာင္ ေျပာရမွာေပါ႔။ အဲလိုမ်ိဳးသာ လက္မခံၾကဘူးဆိုၿပီး ေနာက္ျပန္ေနလို႔ရိွရင္ အကုန္လံုးဇယားရႈပ္ၿပီး ေရွ႕ဆက္ ဘာမွလုပ္လို႔ရေတာ႔မွာ မဟုတ္ဘူး။ ေတာ္လွန္ေရး ေကာင္စီလက္ထက္မွာ လုပ္ခဲ႔တာေတြရိွမယ္။ ျမန္မာ႔ဆိုရွယ္လစ္လမ္းစဥ္ ပါတီလက္ထက္မွာ လုပ္ခဲ႔တာေတြ ရိွမယ္။ နဝတ ၊ နအဖ လက္ထက္မွာ လုပ္ခဲ႔တာေတြရိွမယ္။ အဲဒီလုပ္ခဲ႔တာေတြနဲ႔ ပတ္သက္ၿပီး ေျဖရွင္းလို႔ကို မရတာေတြရိွတယ္။ ဥပမာ လယ္သိမ္းယာသိမ္းတဲ႔ ကိစၥေတြေပါ့။

TNA ။   ။  ရရိွလာမယ္႔ သန္း သံုးေထာင္ေက်ာ္ကို ဘယ္လိုစီမံခန္႔ခဲြ သံုးစဲြသြားမလဲဆိုတာေလးလည္း သိပါရေစ။

ဝန္ႀကီးခ်ဳပ္ ။  ။ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္အတြက္ သံုးရမယ္႔ဘတ္ဂ်က္ေတြက ခ်မွတ္ၿပီးသြားၿပီ။ ဒါေၾကာင္႔ သူတို႔ေပးမယ္႔ေငြကို ေလာေလာဆယ္ သံုးလို႔မရေသးဘူး။ သန္း သံုးေထာင္ေက်ာ္ဆိုတာ တစ္ကယ္ေတာ႔ ဘယ္ေလာက္မွရိွတာ မဟုတ္ဘူး။ မေကြးတိုင္း (၅)ခရိုင္ (၂၅) ၿမိဳ႕နယ္လံုးအတြက္ဆို ဘယ္ေလာက္မွ အသံုးခံမွာ မဟုတ္ဖူး။ ေက်ာင္းေတာ္ရာလမ္း (၁၈) ေပခ်ဲ႕တာ ျပင္တာေတာင္ သန္းတစ္ေထာင္ေလာက္ ကုန္တယ္။ တစ္တိုင္းလံုးအတြက္ ဟိုကလည္းေပးပါဦး။ ဒီကလည္းေပးပါဦးဆိုရင္ မေလာက္ငွႏိုင္ဘူး။ အဲဒီေတာ႔ စဥ္းစား ၾကည့္တယ္။ တကယ္အေကာင္အထည္ေဖာ္ျဖစ္မယ္ မေဖာ္ျဖစ္မယ္ေတာ႔ မသိေသးဘူး။ အစိုးရဘဏ္မွာ အပ္ထားမယ္ဆိုရင္ တစ္လတစ္လကို ဘဏ္တိုး သိန္း တစ္ရာကေန ႏွစ္ရာေလာက္ရမယ္။ ဥပမာ ဝန္ထမ္းေတြ ေဆးရံုတက္ရမယ္။ ကေလးမ်က္ႏွာျမင္မယ္ ဗိုက္ခဲြေမြးရမယ္။ ပင္စင္စား အဖိုးႀကီး အဖြားႀကီးေတြမ်က္စိခဲြရမယ္။ သဘာဝေဘးအႏၱရာယ္က်မယ္။ တစ္ကယ္တမ္း တိုင္းမွာ ဘ႑ာေငြက မလံုေလာက္ေတာ႔ တစ္ကယ္႔ကို မစို႔မပို႔ထိန္းသံုးေနရတယ္။ အဲလို ကိစၥေတြအတြက္ သံုးလို႔ရတာေပါ႔။ ဒါက စဥ္းစားထားတာပါ။ တစ္ကယ္ ဘယ္လိုသံုးစဲြမယ္ဆိုတာကေတာ႔ တိုင္းအစိုးရအဖဲြ႔ အစည္းအေဝးထိုင္ၿပီးဆံုးျဖတ္ရမွာပါ။

TNA ။   ။  ဟုတ္ကဲ႔ အခုလိုေမးသမွ်အေပၚ စိတ္ရွည္လက္ရွည္နဲ႔ ေျဖၾကားေပးတဲ႔ ဝန္ႀကီးခ်ဳပ္ကို ေက်းဇူး တင္ပါ တယ္ခင္ဗ်။

ေတြ႕ဆံုေမးျမန္သူ - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~

"ပျောက်ဆုံးနေသည့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (၇) ဘီလီယံကျော်အကြောင်း"
 မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တွေ့ဆုံမေးမြန်းခြင်း


ယခင်အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ကျပ် (၇)ဘီလီယံကျော် ပျောက်ဆုံးနပြေီး ယင်းအနက် ကျပ် (၃)ဘီလီယံနှင့် မော်တော်ယာဉ်အချို့အား တိုင်းဒေသကြီးအစိုးရထံ ပြန်လည် လွှဲပြောင်းမည်ဟု သိရသော်လည်း ကျန်ရှိသည့် စာရင်းပျောက် ရန်ပုံငွေနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်နေသည်ကို သိရှိနိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံ တာချီလိတ်သတင်းအေဂျင်စီမှ သွားရောက်တွေ့ဆုံ မေးမြန်းထားပါသည်။

TNA ။   ။  မင်္ဂလာပါ ဝန်ကြီးချုပ်ခင်ဗျာ

ဝန္ႀကီးခ်ဳပ္ ။  ။ ဟုတ်ကဲ့ မင်္ဂလာပါ။

TNA ။   ။  ယခင်ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေထံက မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီကို လှူဒါန်း ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့ မော်တော်ယာဉ် (၄)စီး၊ ဘက်ဟိုးတစ်စီးနဲ့ ပဲ့ထောင်ရေယာဉ် (၂)စီးတို့ကို လာရောက် အပ်နှံပြီလို့သိရပါတယ်။ အဲဒါဟုတ်ပါသလား ခင်ဗျာ။

ဝန္ႀကီးခ်ဳပ္ ။  ။ ဟုတ်ပါတယ်။ ကျွန်တော်ရန်ကုန်မှာ ရှိနေတုန်း ဧပြီ (၂၉) ရက် ညနေပိုင်းက ဝန်ကြီးတွေပါဝင်တဲ့ တိုင်းအစိုးရအဖွဲ့ထံမှာ မော်တော်ယာဉ် (၄) စီး၊ ဘက်ဟိုးယာဉ် (၁)စီးကို ဦးဘုန်းမော်ရွှေ တာဝန်ပေးချက် အရ ဦးကြည်ထွန်းက စည်းကမ်းတကျနဲ့ လာရောက် အပ်နှံသွားတယ်လို့ ပြောပါတယ်။

TNA ။   ။  ဟုတ်ကဲ့ ပဲ့ထောင်ရေယာဉ် နှစ်စီးကရော။

ဝန္ႀကီးခ်ဳပ္ ။  ။  ပဲ့ထောင်ယာဉ်တစ်စီးက မြစ်ကြောင်းဖြိုးကို ပေးထားတယ်ပြောတယ်။ ဟုတ်တယ် မြစ်ကြောင်းဖြိုးကကိုင်တာ။ တစ်စီးက ကြီးအုံကြီးဝတမံမှာလို့ပြောတယ်။ အဲဒါတွေပါ အကုန်အပ်ပြီးတဲ့ သဘောပါပဲ။

TNA ။   ။  ပျောက်ဆုံးနေတဲ့ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ (၇) ဘီလီယံကျော်အနက်က (၃) ဘီလီယံကျော်ကို ပြန်အပ်မယ်လို့ သိရတဲ့အပေါ် ဘယ်လိုပြန်အပ်မလဲဆိုတာလေးလည်း သိပါရစေခင်ဗျ။

ဝန္ႀကီးခ်ဳပ္ ။  ။ ပြန်အပ်မယ်လို့ ကတိပေးထားတဲ့ ကျပ်သန်း သုံးထောင်ကျော်ထဲက သိန်းငါးထောင်ကို မေလ ပထမပတ်ထဲမှာ ပေးအပ်မယ်လို့ပြောပါတယ်။ ကျန်တာကိုတော့ ၂၀၁၇ ခုနှစ် ဇူလိုင်လမကုန်မီ အကုန် ပေးအပ်မယ်လို့ ဦးဘုန်းမော်ရွှေဆီက ကတိပြုချက်ရထားပါတယ်။

TNA ။   ။  ပျောက်ဆုံးနေတာက (၇.၄၅၉) ဘီလီယံကျော်ဆိုတော့ ကျန်တဲ့ သန်း လေးထောင်ကျော် အတွက်ကိုရော ဘယ်လိုဆောင်ရွက်ထားလဲဆိုတာ သိပါရစေ။

ဝန္ႀကီးခ်ဳပ္ ။  ။ ကျန်ငွေတွေအတွက် ပြည်ထောင်စုအစိုးရက ဘာမှဖော်ပြမထားဘူး။ ဘာမှဖော်ပြ မထားတော့ကာ ကျန်တဲ့ပိုက်ဆံတွေက သူတို့ဘာသုံးတယ် ညာသုံးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စု အစိုးရက သူတို့အသုံးကိုပဲ လက်ခံထားသလား/ လက်မခံသလားဆိုတာမသိဘူး။ သို့သော်လည်း မကွေး တိုင်းဒေသကြီးက ပြည်သူလူထုရဲ့သုံးရမယ့် ပိုက်ဆံဖြစ်တော့ကာ ဘယ်ဒင်းတွေ သုံးခဲ့သလဲ။ လမ်းဖောက် သလား။ တံတားဆောက်သလား။ ဘာတွေလုပ်တုန်း။ စနစ်တကျ စည်းနဲ့ကမ်းနဲ့ သုံးခဲ့တာဟုတ်လား၊ မဟုတ်ဖူးလား သိချင်တာကိုး။ အဲဒါတွေက ကျွန်တော်တစ်ယောက်ထဲသဘောနဲ့ ဘာမှလုပ်မရဘူး။ မကွေးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးထိုင်ပြီး မေးသင့်တာမေး လက်ခံသင့်တာလက်ခံ အဲလိုလုပ်ရမှာ။

TNA ။   ။  အဲဒီလိုမေးမြန်းဖို့ အခက်အခဲရှိနေရင်ရော ဘာဆက်လုပ်မလဲခင်ဗျ။

ဝန္ႀကီးခ်ဳပ္ ။  ။ မေးလို့မရဘူး။ ကျွန်တော်တို့က သူတို့အသုံးပြတာကို မကျေနပ်ဖူးဆိုရင် ဥပမာ သန်း ငါးရာပဲ ကုန်ရမှာကို သန်းတစ်ထောင်ပြထားတဲ့ ကိစ္စမျိုးတွေ့ရင် ပြည်ထောင်စုအစိုးရကို မေးတန်သင့်မေးရမယ်။ တိုင်ပင် တန်သင့်ရင် တိုင်ပင်ရမယ်။ (၇.၄၅၉) ဘီလီယံကိစ္စ မကွေးတိုင်းအစိုးရ အဖွဲ့ရဲ့ သြဇာအာဏာနဲ့ ဒီကိစ္စကို ဖော်ထုတ်ဖို့ ရနိုင်စရာအကြောင်း မရှိလို့ ပြည်ထောင်စုအစိုးရက အကူအညီပေးပါဆိုပြီးတော့ ပြည်ထောင်စု အစိုးရက အထူးစုံစမ်း စစ်ဆေးရေးကို တာဝန်ပေးစစ်ခိုင်းတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလလောက်မှာ စသုံးလုံးက ပြည်ထောင်စု အစိုးရကို တင်လိုက်တာ။ အဲဒီတင်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က ဘာမှ မသိရဘူး။ သိခွင့်ရရင်တော့ သိချင်တာပေါ့။ ဒါလည်း တိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို မေးလည်းကြည့်ပါဦးမယ်။ သန်း လေးထောင်သုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီမှာ ဒါတွေသုံးထားတာ မှန်တာပဲ။ ဒါတွေလက်ခံ သင့်တယ် လက်မခံသင့်ဘူး ဆိုတာ ဒါတွေ နောက်ကျလာမှာပေါ့။

TNA ။   ။   ပြည်ထောင်စုအစိုးရအဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ကြောင်းပြန်အရေးယူမှုမလုပ်ဖူး လို့ပြော ထားပါတယ်။ အဲဒီအပေါ်မှာရော ဝန်ကြီးချုပ်အနေနဲ့ ဘာပြောချင်ပါသလဲ။

ဝန္ႀကီးခ်ဳပ္ ။  ။  ကျွန်တော်တို့အစိုးရက ဒေသဆိုင်ရာအစိုးရလေ။ ပြည်ထောင်စုအစိုးရရဲ့သဘောထားက ဒီလိုသ ဘောထားတယ်ဆိုတာကို ဒါ မရဘူးကွ လက်မခံဘူးကွ လို့ ဒီလိုလုပ်လို့မရဘူး။ လက်ခံရမှာပဲ ပြည်သူ လူထုကိုလည်း လက်ခံလာအောင် ပြောရမှာပေါ့။ အဲလိုမျိုးသာ လက်မခံကြဘူးဆိုပြီး နောက်ပြန်နေလို့ရှိရင် အကုန်လုံးဇယားရှုပ်ပြီး ရှေ့ဆက် ဘာမှလုပ်လို့ရတော့မှာ မဟုတ်ဘူး။ တော်လှန်ရေး ကောင်စီလက်ထက်မှာ လုပ်ခဲ့တာတွေရှိမယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီလက်ထက်မှာ လုပ်ခဲ့တာတွေ ရှိမယ်။ နဝတ၊ နအဖ လက်ထက်မှာ လုပ်ခဲ့တာတွေရှိမယ်။ အဲဒီလုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းလို့ကို မရတာတွေရှိတယ်။ ဥပမာ လယ်သိမ်းယာသိမ်းတဲ့ ကိစ္စတွေပေါ့။

TNA ။   ။   ရရှိလာမယ့် သန်း သုံးထောင်ကျော်ကို ဘယ်လိုစီမံခန့်ခွဲ သုံးစွဲသွားမလဲဆိုတာလေးလည်း သိပါရစေ။

ဝန္ႀကီးခ်ဳပ္ ။  ။  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် သုံးရမယ့်ဘတ်ဂျက်တွေက ချမှတ်ပြီးသွားပြီ။ ဒါကြောင့် သူတို့ပေးမယ့်ငွေကို လောလောဆယ် သုံးလို့မရသေးဘူး။ သန်း သုံးထောင်ကျော်ဆိုတာ တစ်ကယ်တော့ ဘယ်လောက်မှရှိတာ မဟုတ်ဘူး။ မကွေးတိုင်း (၅)ခရိုင် (၂၅) မြို့နယ်လုံးအတွက်ဆို ဘယ်လောက်မှ အသုံးခံမှာ မဟုတ်ဖူး။ ကျောင်းတော်ရာလမ်း (၁၈) ပေချဲ့တာ ပြင်တာတောင် သန်းတစ်ထောင်လောက် ကုန်တယ်။ တစ်တိုင်းလုံးအတွက် ဟိုကလည်းပေးပါဦး။ ဒီကလည်းပေးပါဦးဆိုရင် မလောက်ငှနိုင်ဘူး။ အဲဒီတော့ စဉ်းစား ကြည့်တယ်။ တကယ်အကောင်အထည်ဖော်ဖြစ်မယ် မဖော်ဖြစ်မယ်တော့ မသိသေးဘူး။ အစိုးရဘဏ်မှာ အပ်ထားမယ်ဆိုရင် တစ်လတစ်လကို ဘဏ်တိုး သိန်း တစ်ရာကနေ နှစ်ရာလောက်ရမယ်။ ဥပမာ ဝန်ထမ်းတွေ ဆေးရုံတက်ရမယ်။ ကလေးမျက်နှာမြင်မယ် ဗိုက်ခွဲမွေးရမယ်။ ပင်စင်စား အဖိုးကြီး အဖွားကြီးတွေမျက်စိခွဲရမယ်။ သဘာဝဘေးအန္တရာယ်ကျမယ်။ တစ်ကယ်တမ်း တိုင်းမှာ ဘဏ္ဍာငွေက မလုံလောက်တော့ တစ်ကယ့်ကို မစို့မပို့ထိန်းသုံးနေရတယ်။ အဲလို ကိစ္စတွေအတွက် သုံးလို့ရတာပေါ့။ ဒါက စဉ်းစားထားတာပါ။ တစ်ကယ် ဘယ်လိုသုံးစွဲမယ်ဆိုတာကတော့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးထိုင်ပြီးဆုံးဖြတ်ရမှာပါ။

TNA ။   ။  ဟုတ်ကဲ့ အခုလိုမေးသမျှအပေါ် စိတ်ရှည်လက်ရှည်နဲ့ ဖြကြေားပေးတဲ့ ဝန်ကြီးချုပ်ကို ကျေးဇူး တင်ပါ တယ်ခင်ဗျ။

တွေ့ဆုံမေးမြန်သူ - ဖီးနစ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~