ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသော အလုပ်ရုံဆွေးနွေးပွဲ ရှမ်း/မြောက် အရပ်ဖက်အဖွဲ့များ ကျင်းပနေ

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသော အလုပ်ရုံဆွေးနွေးပွဲ ရှမ်း/မြောက် အရပ်ဖက်အဖွဲ့များ ကျင်းပနေ
မေ 7, 2017
By Tachileik News Agency


အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ငြိမ်းချမ်းရေးအခြေပြု အရပ်ဖက်အဖွဲ့များ၊ လယ်ယာမြေသမဂ္ဂ၊ တိုင်းရင်းသား အရပ်ဖက်အဖွဲ့များ၊ တအာင်းကျောင်းသားလူငယ်အဖွဲ့၊ တအာင်းအမျိုးသမီးများ လူငယ်အဖွဲ့၊ ရှမ်းလူငယ်အဖွဲ့၊ ရှမ်းလူငယ်ကွန်ရက်၊ ၈၈ ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့၊ အပစ်အခတ် ရပ်စဲရေးစောင့်ကြည့်ရေး ကော်မတီအပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း (၃၇)ဖွဲ့မှ ကိုယ်စားလှယ် အမျိုးသမီး (၃၅)ဦးနှင့် အမျိုးသား (၄၀)ဦး စုစုပေါင်း ကိုယ်စားလှယ် (၇၅)ဦး တက်ရောက် ဆွေးနွေးနေကြခြင်း ဖြစ်ကြောင်း သိရသည်။


သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - MaiMai


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) အရပ်ဖက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသော အလုပ်ရုံ ဆွေးနွေးပွဲကို လားရှိုးမြို့တွင် မေလ (၇)ရက်နေ့မှစ၍ သုံးရက်တာ ကျင်းပနေကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ငြိမ်းချမ်းရေးအခြပြေု အရပ်ဖက်အဖွဲ့များ၊ လယ်ယာမြေသမဂ္ဂ၊ တိုင်းရင်းသား အရပ်ဖက်အဖွဲ့များ၊ တအာင်းကျောင်းသားလူငယ်အဖွဲ့၊ တအာင်းအမျိုးသမီးများ လူငယ်အဖွဲ့၊ ရှမ်းလူငယ်အဖွဲ့၊ ရှမ်းလူငယ်ကွန်ရက်၊ ၈၈ ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့၊ အပစ်အခတ် ရပ်စဲရေးစောင့်ကြည့်ရေး ကော်မတီအပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း (၃၇)ဖွဲ့မှ ကိုယ်စားလှယ် အမျိုးသမီး (၃၅)ဦးနှင့် အမျိုးသား (၄၀)ဦး စုစုပေါင်း ကိုယ်စားလှယ် (၇၅)ဦး တက်ရောက် ဆွေးနွေးနကြခြေင်း ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေနှင့် သယံဇာတ၊ ဖက်ဒရယ်စီးပွားရေး ခေါင်းစဉ်(၅)ခုအား အခြေခံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - MaiMai

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~