ရွမ္း/ေျမာက္မွ ေထာက္ခံခ်က္မရိွသည့္ေရသန္႔လုပ္ငန္းမ်ား သတ္မွတ္ကာလေက်ာ္လြန္၍ ပိတ္သိမ္းရန္တင္ျပ

ရွမ္း/ေျမာက္မွ ေထာက္ခံခ်က္မရိွသည့္ေရသန္႔လုပ္ငန္းမ်ား သတ္မွတ္ကာလေက်ာ္လြန္၍ ပိတ္သိမ္းရန္တင္ျပ
မေ 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ FDA ေထာက္ခံခ်က္မရိွသျဖင့္ သတိေပးကာလသတ္မွတ္ေပးထားသည့္ ေရသန္႔လုပ္ငန္း(၁၁)ခုအနက္ သတိေပးကာလမွာ ႏွစ္လေက်ာ္လြန္လာသည့္တုိင္ ေထာက္ခံခ်က္ ရယူျခင္းမရိွသည့္ လုပ္ငန္း(၁၀)ခုအား ပိတ္သိမ္းရန္တင္ျပထားေၾကာင္း လားရႈိးၿမိဳ႕ စားသံုးသူေရးရာဌာနမွ သိရသည္။

အဆိုပါလုပ္ငန္း (၁၁)ခုအား ေထာက္ခံခ်က္မ်ား ရယူရန္ ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ(၁ )ရက္ေန႔မွ မတ္လ(၁)ရက္ေန႔ အထိ သတိေပး ကာလတစ္လ သတ္မွတ္ေပးထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔ကို ကြ်န္ေတာ္တို႔က အခ်ိန္တစ္လေပးထားတယ္။ တစ္လျပည့္တဲ့အခ်ိန္မွာ ပိတ္သိမ္းဖို႔ ခြင့္ျပဳခ်က္ယူၿပီး အမွာစာနဲ႔ ၿပီးခဲ့တဲ့ အစည္းအေဝးမွာ တင္ျပထားၿပီးပါၿပီ။ ရွမ္း/ေျမာက္မွာ တင္ေပးလိုက္တာ ေရသန္႔ထုတ္လုပ္ ေရာင္းခ်တဲ့လုပ္ငန္း(၁၁)ခုမွာ (၁)ခု က ေထာက္ခံခ်က္ ေလ်ွာက္ထားၿပီးသြားၿပီ။ (၁၀)ခုကက်န္ေနတယ္။ အဲဒီ (၁၀) ခုကို ပိတ္သိမ္းဖို႔ ၿမိဳ႕နယ္အစည္းအေဝးမွာ တင္ျပထားပါတယ္”ဟု လားရိႈးၿမိဳ႕ စားသံုးသူေရးရာဌာနမွ ဒုတိယ ျပည္နယ္ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလအတြင္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ ေရသန္႔ထုတ္လုပ္ေရာင္းခ်သည့္ လုပ္ငန္းရွင္မ်ားႏွင့္ ေဆြးေႏြးညိွႏိႈင္းျခင္း အသိပညာေပးျခင္းမ်ားျပဳလုပ္ေပးၿပီးေနာက္ FDA ေထာက္ခံခ်က္ ေလွ်ာက္ထားဆဲ ေရသန္႔ လုပ္ငန္းမ်ားႏွင့္ FDA ေထာက္ခံခ်က္လံုးဝမရရွိထားေသးသည့္ ေရသန္႔ လုပ္ငန္းမ်ားအား ဇန္နဝါရီလ ၃၁ ရက္ ေန႔တြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) စားသံုးသူေရးရာဦးစီးဌာနမွ သတိေပးအေၾကာင္းၾကားစာျဖင့္ ေၾကညာခ်က္ ထုတ္ျပန္ထားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ေထာက္ခံခ်က္ မေလ်ွာက္ထားရေသးတဲ့ လုပ္ငန္း(၁၀)ခုကို ျပန္ၿပီးစစ္ေဆးဖို႔ လားရိႈး FDA ခရိုင္မွဴးက အခ်ိန္ နည္းနည္းေပးပါအံုးဆိုၿပီး အစည္းအေဝးမွာတင္ျပထားပါတယ္။ အခ်ိန္ဘယ္ေလာက္ ေပးမယ္ဆိုတာကိုေတာ့ အစည္းအေဝးဆံုးျဖတ္ခ်က္ခ်မွ သိရမွာ။ တစ္ကယ္လို႔ အခ်ိန္ေပးထားတယ္ ဆိုရင္လည္း အဲဒီလုပ္ငန္း(၁၀)ခု က လုပ္ငန္းရွင္ေတြကို ျပန္ေခၚၿပီးထပ္ေဆြးေႏြးသြားမွာပါ” ဟု စားသံုးသူေရးရာဌာန ဒုတိယျပည္နယ္ဦးစီးမွဴးက ေျပာသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မူဆယ္၊ သိႏၷီ၊၊ လားရိႈး၊ မိုင္းရယ္၊ မဘိမ္း၊ သီေပါ၊ ေက်ာက္မဲ ႏွင့္ ေနာင္ခ်ိဳ ၿမိဳ႕မ်ားရွိ ေရသန္႔လုပ္ငန္း (၃)ခုတြင္ FDA ေထာက္ခံခ်က္ႏွင့္ ပုဂၢလိက စက္မႈလုပ္ငန္း မွတ္ပံုတင္၊ စည္ပင္လုပ္ငန္း လိုင္စင္ ၊ ကုန္အမွတ္တံဆိပ္မွတ္ပံုတင္မ်ား မရွိဘဲထုတ္လုပ္ျဖန္႔ျဖဴးေနသည့္ ေရသန္႔လုပ္ငန္း(၁၁)ခုအား စိစစ္ေတြ႔ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“တစ္ကယ္ေထာက္ခံခ်က္မရရွိထားေသးဘဲ ေရာင္းခ်ေနတာဆိုရင္ ထိထိေရာက္ေရာက္ အေရးယူသင့္တယ္။ အဲဒီလို လုပ္ကိုင္ေနၾကတဲ့တံဆိပ္ေတြကိုလည္း ျပည္သူလူထုသိရွိေအာင္ ေၾကညာေပးသင့္တယ္။ မဟုတ္ရင္ေတာ့ ေထာက္ခံခ်က္ရွိလားမသိ မရွိလားမသိ ဒီလိုပဲေရာင္းခ်ေနၿပီး ဒီလိုပဲစားသံုးသူေတြက အသံုးျပဳေနၾကမွာပဲ။ ေနာက္ဆံုးေတာ့ စားသံုးသူေတြပဲ နစ္နာရတာေပါ့”ဟု ေက်ာက္မဲၿမိိဳ႕မွ ထမင္းဆိုင္ရွင္တစ္ဦးက ေျပာသည္။

လားရိႈး၊ မူဆယ္ ၊ ေက်ာက္မဲ ၊ မဘိမ္းၿမိဳ႕မ်ားမွ FDA ေထာက္ခံခ်က္ သက္တမ္းတိုးႏွင့္ ေလွ်ာက္ထားဆဲ ေရသန္႔လုပ္ငန္း (၁၁) ခုကိုလည္း ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁ )ရက္ေန႔မွ ဇူလိုင္လ (၁) ရက္ေန႔ အထိ ေျခာက္လသတိေပးကာလ သတ္မွတ္ေပးထားေၾကာင္း သိရသည္။

သတ္မွတ္ကာလေက်ာ္လြန္သည္အထိ လိုအပ္သည့္အေထာက္အထားမ်ား မျပည့္စံုပါက ေစ်းကြက္အတြင္း ျဖန္႔ျဖဴးထားသည့္ ကုန္ပစၥည္းမ်ားအား ျပန္လည္ သိမ္းဆည္းေစမည္ျဖစ္ေၾကာင္း သိရသည္။

ေရသန္႔လုပ္ငန္းအားလံုးသည္ ၎ထို႔ထုတ္ကုန္မ်ားတြင္ ထုတ္လုပ္ရက္စြဲ၊ ကုန္ဆံုးရက္စြဲ၊ FDA ေထာက္ခံခ်က္အမွတ္၊ ထုထည္၊ လိပ္စာ၊ ဖုန္းနံပါတ္ႏွင့္ အမွတ္တံဆိပ္မ်ားကိုလည္း ထည့္သြင္းေဖၚျပရန္ လိုအပ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ FDA ထောက်ခံချက်မရှိသဖြင့် သတိပေးကာလသတ်မှတ်ပေးထားသည့် ရေသန့်လုပ်ငန်း(၁၁)ခုအနက် သတိပေးကာလမှာ နှစ်လကျော်လွန်လာသည့်တိုင် ထောက်ခံချက် ရယူခြင်းမရှိသည့် လုပ်ငန်း(၁၀)ခုအား ပိတ်သိမ်းရန်တင်ပြထားကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဌာနမှ သိရသည်။

အဆိုပါလုပ်ငန်း (၁၁)ခုအား ထောက်ခံချက်များ ရယူရန် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ(၁ )ရက်နေ့မှ မတ်လ(၁)ရက်နေ့ အထိ သတိပေး ကာလတစ်လ သတ်မှတ်ပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကို ကျွန်တော်တို့က အချိန်တစ်လပေးထားတယ်။ တစ်လပြည့်တဲ့အချိန်မှာ ပိတ်သိမ်းဖို့ ခွင့်ပြုချက်ယူပြီး အမှာစာနဲ့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ တင်ပြထားပြီးပါပြီ။ ရှမ်း/မြောက်မှာ တင်ပေးလိုက်တာ ရေသန့်ထုတ်လုပ် ရောင်းချတဲ့လုပ်ငန်း(၁၁)ခုမှာ (၁)ခု က ထောက်ခံချက် လျှောက်ထားပြီးသွားပြီ။ (၁၀)ခုကကျန်နေတယ်။ အဲဒီ (၁၀) ခုကို ပိတ်သိမ်းဖို့ မြို့နယ်အစည်းအဝေးမှာ တင်ပြထားပါတယ်”ဟု လားရှိုးမြို့ စားသုံးသူရေးရာဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရေသန့်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းခြင်း အသိပညာပေးခြင်းများပြုလုပ်ပေးပြီးနောက် FDA ထောက်ခံချက် လျှောက်ထားဆဲ ရေသန့် လုပ်ငန်းများနှင့် FDA ထောက်ခံချက်လုံးဝမရရှိထားသေးသည့် ရေသန့် လုပ်ငန်းများအား ဇန်နဝါရီလ ၃၁ ရက် နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) စားသုံးသူရေးရာဦးစီးဌာနမှ သတိပေးအကြောင်းကြားစာဖြင့် ကြေညာချက် ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ထောက်ခံချက် မလျှောက်ထားရသေးတဲ့ လုပ်ငန်း(၁၀)ခုကို ပြန်ပြီးစစ်ဆေးဖို့ လားရှိုး FDA ခရိုင်မှူးက အချိန် နည်းနည်းပေးပါအုံးဆိုပြီး အစည်းအဝေးမှာတင်ပြထားပါတယ်။ အချိန်ဘယ်လောက် ပေးမယ်ဆိုတာကိုတော့ အစည်းအဝေးဆုံးဖြတ်ချက်ချမှ သိရမှာ။ တစ်ကယ်လို့ အချိန်ပေးထားတယ် ဆိုရင်လည်း အဲဒီလုပ်ငန်း(၁၀)ခု က လုပ်ငန်းရှင်တွေကို ပြန်ခေါ်ပြီးထပ်ဆွေးနွေးသွားမှာပါ” ဟု စားသုံးသူရေးရာဌာန ဒုတိယပြည်နယ်ဦးစီးမှူးက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်၊ သိန္နီ၊ လားရှိုး၊ မိုင်းရယ်၊ မဘိမ်း၊ သီပေါ၊ ကျောက်မဲ နှင့် နောင်ချို မြို့များရှိ ရေသန့်လုပ်ငန်း (၃)ခုတွင် FDA ထောက်ခံချက်နှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင်၊ စည်ပင်လုပ်ငန်း လိုင်စင်၊ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်များ မရှိဘဲထုတ်လုပ်ဖြန့်ဖြူးနေသည့် ရေသန့်လုပ်ငန်း(၁၁)ခုအား စိစစ်တွေ့ထားခြင်းဖြစ်ကြောင်း သိရသည်။

“တစ်ကယ်ထောက်ခံချက်မရရှိထားသေးဘဲ ရောင်းချနေတာဆိုရင် ထိထိရောက်ရောက် အရေးယူသင့်တယ်။ အဲဒီလို လုပ်ကိုင်နကြေတဲ့တံဆိပ်တွေကိုလည်း ပြည်သူလူထုသိရှိအောင် ကြေညာပေးသင့်တယ်။ မဟုတ်ရင်တော့ ထောက်ခံချက်ရှိလားမသိ မရှိလားမသိ ဒီလိုပဲရောင်းချနပြေီး ဒီလိုပဲစားသုံးသူတွေက အသုံးပြုနကြေမှာပဲ။ နောက်ဆုံးတော့ စားသုံးသူတွေပဲ နစ်နာရတာပေါ့”ဟု ကျောက်မဲမြို့မှ ထမင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

လားရှိုး၊ မူဆယ်၊ ကျောက်မဲ၊ မဘိမ်းမြို့များမှ FDA ထောက်ခံချက် သက်တမ်းတိုးနှင့် လျှောက်ထားဆဲ ရေသန့်လုပ်ငန်း (၁၁) ခုကိုလည်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁ )ရက်နေ့မှ ဇူလိုင်လ (၁) ရက်နေ့ အထိ ခြောက်လသတိပေးကာလ သတ်မှတ်ပေးထားကြောင်း သိရသည်။

သတ်မှတ်ကာလကျော်လွန်သည်အထိ လိုအပ်သည့်အထောက်အထားများ မပြည့်စုံပါက ဈေးကွက်အတွင်း ဖြန့်ဖြူးထားသည့် ကုန်ပစ္စည်းများအား ပြန်လည် သိမ်းဆည်းစေမည်ဖြစ်ကြောင်း သိရသည်။

ရေသန့်လုပ်ငန်းအားလုံးသည်၎င်းထို့ထုတ်ကုန်များတွင် ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲ၊ FDA ထောက်ခံချက်အမှတ်၊ ထုထည်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် အမှတ်တံဆိပ်များကိုလည်း ထည့်သွင်းဖော်ပြရန် လိုအပ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~