တာခ်ီလိတ္တြင္ တိုင္းရင္းသားလူငယ္အဖြဲ႕က ဆင္းရဲႏြမ္းပါး ေက်ာင္းျပင္ပေရာက္ လူငယ္မ်ားအတြက္ သင္ၾကားေရး စင္တာဖြင့္မည္

တာခ်ီလိတ္တြင္ တိုင္းရင္းသားလူငယ္အဖြဲ႕က ဆင္းရဲႏြမ္းပါး ေက်ာင္းျပင္ပေရာက္ လူငယ္မ်ားအတြက္ သင္ၾကားေရး စင္တာဖြင့္မည္
မေ 13, 2017
By Tachileik News Agency

တုိင္းရင္းသားလူငယ္အဖြဲ႕က ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဆင္းရဲႏြမ္းပါးၿပီး ေက်ာင္းျပင္ပ ေရာက္ရွိေနေသာ တိုင္းရင္းသား လူငယ္မ်ားအတြက္ သင္ၾကားေရးစင္တာမ်ားဖြင့္လွစ္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“တိုင္းရင္းသားလူငယ္အဖြဲ႕ထဲမွာ တိုင္းရင္းသားေပါင္းစုံနဲ႔ ဖြဲ႕စည္းထားတယ္။ အဓိကကေတာ့ ဆင္းရဲၿပီး (၉) တန္း (၁၀) တန္းထဲက ေက်ာင္းျပင္ပကို ေရာက္ရွိသြားၿပီး အခြင့္အလမ္းတြင္ ပိတ္ေနတဲ့ တိုင္းရင္းသား လူငယ္ေတြကို သင္ၾကားေရးစင္တာဖြင့္ၿပီး (၄)လၾကာသင္ၾကားေပးသြားမွာပါ။ သင္ၾကားမႈေတြ ၿပီးစီးသြားတဲ့ အခါမွာ အလုပ္အကိုင္ေတြ ရရွိေစေရးအတြက္ ရွာေဖြေပးသြားမွာပါ”ဟု တိုင္းရင္းသားလူငယ္အဖြဲ႕ ဒုဥကၠဌ ဦးလွမင္းေဖက ေျပာသည္။

အဆိုပါအဖြဲ႕၏ တရားဝင္ဖြဲ႕စည္းျခင္း အခမ္းအနားအား ၂၀၁၇ ခုႏွစ္ ေမလ (၁၃) ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊဘူးသီးဟုိတယ္ရွိ မဂၤလာခန္းမတြင္ က်င္းပရာ ခရိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းဖြဲ႕မ်ားႏွင့္ တိုင္းရင္းသားလူငယ္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အဖြဲ႕အေနျဖင့္ သင္ၾကားေရးစင္တာ(၃)ခုတြင္ အသက္(၁၇)မွ (၂၂)ႏွစ္ အထိ လူငယ္မ်ားအား ဘ၀ပိုင္းဆိုင္ရာ ကၽြမ္းက်င္မႈစင္တာႏွင့္ အသက္ေမြး၀မ္းေၾကာင္းႏွင့္ ျပင္ပေရာက္ရွိေနေသာ လူငယ္မ်ားအတြက္ ရပ္ရြာအက်ိဳးျပဳလုပ္ငန္းမ်ားကို သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တိုင်းရင်းသားလူငယ်အဖွဲ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဆင်းရဲနွမ်းပါးပြီး ကျောင်းပြင်ပ ရောက်ရှိနေသော တိုင်းရင်းသား လူငယ်များအတွက် သင်ကြားရေးစင်တာများဖွင့်လှစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“တိုင်းရင်းသားလူငယ်အဖွဲ့ထဲမှာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတယ်။ အဓိကကတော့ ဆင်းရဲပြီး (၉) တန်း (၁၀) တန်းထဲက ကျောင်းပြင်ပကို ရောက်ရှိသွားပြီး အခွင့်အလမ်းတွင် ပိတ်နေတဲ့ တိုင်းရင်းသား လူငယ်တွေကို သင်ကြားရေးစင်တာဖွင့်ပြီး (၄)လကြာသင်ကြားပေးသွားမှာပါ။ သင်ကြားမှုတွေ ပြီးစီးသွားတဲ့ အခါမှာ အလုပ်အကိုင်တွေ ရရှိစေရေးအတွက် ရှာဖွေပေးသွားမှာပါ”ဟု တိုင်းရင်းသားလူငယ်အဖွဲ့ ဒုဥက္ကဌ ဦးလှမင်းဖေက ပြောသည်။

အဆိုပါအဖွဲ့၏ တရားဝင်ဖွဲ့စည်းခြင်း အခမ်းအနားအား ၂၀၁၇ ခုနှစ် မေလ (၁၃) ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ရွှေဘူးသီးဟိုတယ်ရှိ မင်္ဂလာခန်းမတွင် ကျင်းပရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များနှင့် တိုင်းရင်းသားလူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဖွဲ့အနဖြေင့် သင်ကြားရေးစင်တာ(၃)ခုတွင် အသက်(၁၇)မှ (၂၂)နှစ် အထိ လူငယ်များအား ဘဝပိုင်းဆိုင်ရာ ကျွမ်းကျင်မှုစင်တာနှင့် အသက်မွေးဝမ်းကြောင်းနှင့် ပြင်ပရောက်ရှိနေသော လူငယ်များအတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းများကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~