ကြ်န္ေတာ္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕မသုသာန္တြင္းက "ဥ"

ကြ်န္ေတာ္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕မသုသာန္တြင္းက "ဥ"
မေ 9, 2017
By Tachileik News Agency
ကြ်န္ေတာ္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕မသုသာန္တြင္းက "ဥ" ။  ။ ကိုေဇာင္း

ဒီရက္ပိုင္း ကြ်န္ေတာ္တို႔ တာခ်ီလိတ္မွာ လူေတြစိတ္၀င္စားမႈ အမ်ားဆံုးျဖစ္ေနတာက ဥကိစၥဗ်၊ အေလးခ်ိန္ေတာင္ (၁)ကီလိုခြဲေလာက္ ရွိပါတယ္။

ေဟ.. ဘာ ဥ ကိစၥလဲ အစမရွိ အဆံုးမရွိ ၾကက္ဥလား၊ ဘဲဥလား၊ ေဂၚဇီလာဥလား၊ ဒိုင္ႏိုေဆာဥလား စသည္ျဖင့္ သိခ်င္သူေတြမ်ားၿပီး သတင္းတင္မိတဲ့ ကြ်န္ေတာ့္ကိုလည္း FB Message ကေန တစ္မ်ဳိး၊ ဖုန္းကေနတဖုံ ေမးလာသူေတြ ခပ္မ်ားမ်ားဗ်။

ပထမကေတာ့ အထူးအဆန္းသတင္းအေနန႔ဲ ေဖာ္ျပလိုက္ေပမယ့္ ေနာက္ပိုင္း ေမးလာတာမ်ားလာေတာ့ ေနာက္ဆက္တြဲ အေျခအေန သိရဖို႔ ဥ စေတြ႔ရတဲ့ တာခ်ီလိတ္ၿမိဳ႕မသုသာန္ကို မနက္ေစာေစာ သြားေရာက္စံုစမ္းရတာေပါ့။

လူအမ်ား စိတ္ဝင္စားေနတဲ့ ထူးဆန္းတဲ့ ဥအေၾကာင္း တာခ်ီလိတ္သုသာန္မွာ သြားစံုစမ္းမွ ရမွာကိုး။

ကြ်န္ေတာ္ တာခ်ီလိတ္သုသာန္ကိုေရာက္ေတာ့ ေမတၱာရွင္ သာေရးနာေရးကူညီမႈအသင္းက လွဴဒါန္းတဲ့ မီးသၿဂဳႋဟ္အုတ္ခံု ေဆာက္လုပ္ေနတဲ့ ဦးရန္ေအာင္ဆိုသူကို ေတြ႕ရပါတယ္။

ဦးရန္ေအာင္က ကၽြန္ေတာ့္ကို ထူးဆန္းတဲ့ ဥ ပထမဆံုးေတြ႕ရသူ ေနအိမ္တဲေလးဆီ လိုက္ပို႔ပါတယ္။ တဲေလးဆီေရာက္ေတာ့ ဥ နဲ႔ လူက ဒီမွာ မရွိဘူး အျပင္ကိုသြားတယ္တဲ့။ အဲဒါနဲ႔ပဲ သုသာန္ ေရာက္ေရာက္ခ်င္း အေျဖ မရေတာ့ ဘ၀င္မက်လွဘူး။ ဒီလိုနဲ႔ ဦးရန္ေအာင္ကို ဥ ေတြ႕ရသူ ျပန္လာရင္ ဖုန္းဆက္ေပးပါ ဆိုၿပီး ဖုန္းနံပါတ္ ေပးခဲ့လိုက္ပါတယ္။

သိပ္မၾကာခင္ ၾကားရတဲ့သတင္းကေတာ့ ဥ ေတြ႕ရသူက အဲဒီထူးဆန္းဥကို သူ႕မာတာမိခင္ ေမြးေမေမ အိမ္မွာ သြားပို႔ထားတယ္တဲ့။ သူလည္း ဘာလုပ္ရမွန္း မသိဘူး၊ အလကားေနရင္း ဥ ပ်က္စီးမွာစိုးလို႔တဲ့။ အဲဒီလိုလည္း သိရေရာ ကြ်န္ေတာ္လည္း ဥ ရွိရာ ေနရာကို သြားေရာက္ၿပီးေတာ့ ဆက္လက္ အတည္ျပဳ အေျဖရွာဖို႔ ညီေတာ္ေမာင္နဲ႔ ထြက္ခြာခဲ့ပါတယ္။

ဥ ေျပာင္းေရြ႕သိမ္းဆည္းရာ ေနအိမ္ကို ေရာက္ေတာ့ ကြ်န္ေတာ့္မွာ ပါလာတဲ့ စလိုက္မီးအေသးစားနဲ႔ ဥကို ထိုးၾကည့္တဲ့အခါ ဥက လံုး၀ အစစ္ပဲ။ အထဲကိုလည္း ျမင္ရတယ္။ အထဲမွာ ၾကက္ဥလို အ၀ါေရာင္ အႏွစ္အရိပ္သ႑ာန္ေလးေတာ့ မျမင္ရဘူး။

ဒီလိုနဲ႔ ဥေတြ႕ရသူ ကိုသက္ကို ေမးလိုက္ေတာ့ ဒီဥကို သုသာန္တြင္း ေရေျမာင္းထဲက ေတြ႕ရတာ ျဖစ္ေၾကာင္း စေတြ႕ရတဲ့ အခ်ိန္က သန္႔ရွင္းေရး ျပဳလုပ္ရင္းေတြ႕တာျဖစ္ေၾကာင္းနဲ႔ စစေတြ႕ခ်င္းမွာ ဒီလို ဥမ်ဳိး တစ္ခါမွ မေတြ႕ဖူးတဲ့အတြက္ လန္႔သြားေၾကာင္းအျပင္ ေဘးပတ္၀န္းက်င္မွာ သတၱ၀ါ အေကာင္ႀကီးႀကီးမ်ား ရွိေနမလားဆိုၿပီး ေၾကာက္လန္႔သြားေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ ဒီဥေၾကာင့္ အိပ္ေရးပ်က္ခဲ့ရေၾကာင္း ေျပာပါတယ္။ ေနာက္ၿပီး ဒီ ဥကို ဘာဥ ဆိုတာကိုလည္း သိခ်င္တယ္။ အေျဖတစ္ခုခု ရခ်င္တာေပါ့။ အေကာင္ေပါက္ႏိုင္လား ဘာလားေပါ့။ အေျဖတစ္ခုခု သိရရင္ ေက်နပ္ၿပီး။ ကိုေဇာင္း လက္ထဲမွာ ဥကြဲသြားလည္း ကိစၥမရွိဘူး ကြ်န္ေတာ္ အပ္ပါတယ္ဆိုၿပီး ေျပာလာပါတယ္။

ကြ်န္ေတာ့္ရဲ႕ လက္ေတြ ယားလာတယ္။ မေတာ္လို႔မ်ား ကြ်န္ေတာ့္လက္ထဲကေန လြတ္က်ရင္ ျပႆနာဆိုၿပီးေတာ့ေလ။ ဒီလိုနဲ႔ ကြ်န္ေတာ္ ေ၀ေ၀၀ါး၀ါး မျဖစ္ခ်င္တာနဲ႔ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန နဲ႔ အေတြ႕အႀကံဳရွိသူေတြရဲ႕ ဖုန္းနံပါတ္ေတြကို စံုစမ္းၿပီး ေမးျမန္းပါတယ္။

သက္ဆိုင္ရာေတြကို ဖုန္ဆက္ေမးျမန္းၿပီးေနာက္ ကြ်န္ေတာ္အပါအ၀င္ ဥနဲ႔ သက္ဆိုင္သူရဲ႕ ညီအစ္မ ႏွစ္ေယာက္နဲ႔အတူ တာခ်ီလိတ္ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနရံုးကို သြားလိုက္တယ္။

ရံုးကို ေရာက္ေတာ့ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနရံုး ဦးစီးအရာရွိ ေဒါက္တာေက်ာ္ေက်ာ္စိုးက ကြ်န္ေတာ္တို႔ ယူလာတဲ့ ဥကို ေသခ်ာၾကည့္တယ္။ စလိုက္မီးနဲ႔လည္း ထိုးၾကည့္တယ္။ ပြတ္သပ္ ကိုင္တြယ္ၾကည့္ၿပီး..

"ဒီဥက ဘာေကာင္ ရဲ႕ဥဆိုတာ ကိုေတာ့ ကြ်န္ေတာ့္အေနနဲ႔ အတိအက် မွတ္ခ်က္ေပးလို႔မရဘူး ငွက္ကုလားအုတ္ရဲ႕ ဥနဲ႔လည္း တူတယ္"လို႔ ေျပာပါတယ္။

ဒီလိုနဲ႔ အေျဖကို ယတိျပတ္မရေသးေတာ့ ၿမိဳ႕နယ္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနရံုး ဦးစီးအရာရွိ ေဒါက္တာေက်ာ္ေက်ာ္စိုးရဲ႕ ေျပာစကားအရရယ္ မွတ္ခ်က္ျပဳသူမ်ားရဲ႕ စကားလံုးမ်ားေၾကာင့္ရယ္ ငွက္ကုလားအုတ္ရဲ႕ ဥျဖစ္ႏိုင္ေခ် ရွိ/မရွိ ဆိုတာကို အတိအက် သိႏိုင္ဖို႔ ၂၀၀၄ ခုႏွစ္ေလာက္က ငွက္ကုလားအုပ္ေတြကို ေဆးကုသ ေပးခဲ့ဖူးတဲ့ တိ/ေမြး/ကုဆရာ၀န္ ေဒါက္တာစိုင္းမုတ္ ကို ဆက္သြယ္ၿပီး ေနအိမ္ကို သြားေရာက္ခ့ဲၾကပါတယ္။

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ထဲက ေနအိမ္ကို ေရာက္ေတာ့ တိ/ေမြး/ကုဆရာ၀န္ ေဒါက္တာစိုင္းမုတ္က ဥကို ေသခ်ာကိုင္တြယ္ၾကည့္ၿပီး ဒီဥဟာ ဘာဥလည္းဆိုတာကို အတည္ျပဳပါတယ္။

"ေသခ်ာတယ္၊ ဒီဥက ငွက္ကုလားအုတ္ရဲ႕ ဥပါ။ ဒီဥက အေကာင္ေပါက္ဖို႔ မလြယ္ကူေတာ့ဘူး။ ဒီအတိုင္းထားရင္ေတာ့ ၾကာလာရင္ ပုပ္သြားႏိုင္တယ္"လို႔ တိ/ေမြး/ကုဆရာ၀န္ ေဒါက္တာစိုင္းမုတ္က ေျပာပါတယ္။

ဆက္လက္ၿပီးေတာ့ တိ/ေမြး/ကုဆရာ၀န္ ေဒါက္တာစိုင္းမုတ္ရဲ႕ ေနအိမ္ေဘးက အေတြ႕အႀကံဳရွိသူက "ဒီဥက အခြံက မာတယ္။ ဒီဥကို အေကာင္ေပါက္ဖို႔ အမ တစ္ေကာင္တည္း ၀ပ္လို႔မရဘူး။ အမ အစာထြက္စား ေနခ်ိန္ဆိုရင္လည္း အထီးက ၀ပ္ေပးတယ္။"လို႔ ေျပာပါတယ္။

ကြ်န္ေတာ္တို႔ အေနနဲ႔ ဥက ဘာအမ်ဳိးအစားလည္းဆိုတာကို သိရၿပီးတဲ့ေနာက္ ဒီဥကို ဆက္လက္ၿပီး ဘာလုပ္ရမလဲ။ ဥက လတ္ေသးရဲ႕လားဆိုတာကို သိရဖို႔ တိ/ေမြး/ကုဆရာ၀န္ ေဒါက္တာစိုင္းမုတ္က ေရပုံးထဲကို ေရအျပည့္ထည့္ခိုင္းတယ္။

ေရအျပည့္ထည့္ၿပီးေတာ့ ဥကို ေရပံုးထဲ ထည့္လိုက္တဲ့ အခါမွာ ဥက ေရထဲမွာ ျမဳပ္ေနတယ္။ လတ္ေသးတယ္ဆိုတာ သိရေပမယ့္ အေကာင္ေပါက္ဖို႔ ဆိုတာကေတာ့ မလြယ္ကူႏိုင္ဘူးလို႔ ေျပာလာတယ္။ ဘာလို႔လဲဆိုေတာ့ ဥရဲ႕ အခြံမွာက အက္ေၾကာင္းရာျဖစ္ေနတယ္။ အဲ့ဒီအျပင္ ဘယ္နည္းနဲ႔ ေပါက္ေအာင္လုပ္ရမလဲဆိုတာလည္း အေျဖက မရွိ။ ေသခ်ာတာကေတာ့ အေကာင္ေပါက္ဖို႔ မလြယ္ဘူးဆိုတာပါပဲ။

ကြ်န္ေတာ္သိသေလာက္ ေျပာရမယ္ဆိုရင္ တိ/ေမြး/ကုဆရာ၀န္ ေဒါက္တာစိုင္းမုတ္ဟာ ၂၀၀၄ခုႏွစ္ ၀န္းက်င္ေလာက္မွာတာခ်ီလိတ္ၿမိဳ႕ ၀မ္ေက်ာက္လံုေက်းရြာအတြင္းက ေအးရိမ္ၿမိဳင္ပန္းၿခံမွာ ေမြးျမဴထားတဲ့ ငွက္ကုလားအုတ္ အေကာင္ ၂၀ ေက်ာ္ကို ေဆးကုသေပးခဲ့သူျဖစ္ၿပီး ငွက္ကုလားအုတ္ေတြရဲ႕ အေျခအေနကို သိထားသူ ျဖစ္ပါတယ္။

တာခ်ီလိတ္မွာ ၂၀၀၄ ခုႏွစ္ ၀န္းက်င္ေလာက္က ငွက္ကုလားအုတ္ အေကာင္ (၂၀)ေက်ာ္ ေမြးျမဴထားေၾကာင္း သိရၿပီး အဲဒီတုန္းက ငွက္ကုလားအုတ္ေတြဟာ ၾကာၾကာမခံဘဲ ေသဆံုး ခဲ့တာေတြလည္း ရွိခဲ့ပါတယ္။

အဲ့ဒီေနာက္ပိုင္းမွာေတာ့ တာခ်ီလိတ္မွာ ငွက္ကုလားအုတ္ ေမြးျမဴထားတယ္ဆိုတာကို ထပ္မၾကားရ၊ မသိရေတာ့ေပမယ့္ တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္းက ေတြ႕ရွိရတဲ့ ငွက္ကုလားအုတ္ရဲ႕ ဥဟာ ပေဟဠိျဖစ္ေပမယ့္ ေသခ်ာတာကေတာ့ အခု ဥဟာ သစ္ငွက္ကုလားအုတ္ရဲ႕ ဥျဖစ္တယ္ဆိုတာကိုေတာ့ သိလိုက္ရပါၿပီ။

သတင္းေဆာင္းပါး - ကိုေဇာင္း
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ဒီရက်ပိုင်း ကျွန်တော်တို့ တာချီလိတ်မှာ လူတွေစိတ်ဝင်စားမှု အများဆုံးဖြစ်နေတာက ဥကိစ္စဗျ၊ အလေးချိန်တောင် (၁)ကီလိုခွဲလောက် ရှိပါတယ်။

ဟေ.. ဘာ ဥ ကိစ္စလဲ အစမရှိ အဆုံးမရှိ ကြက်ဥလား၊ ဘဲဥလား၊ ဂေါ်ဇီလာဥလား၊ ဒိုင်နိုဆောဥလား စသည်ဖြင့် သိချင်သူတွေများပြီး သတင်းတင်မိတဲ့ ကျွန်တော့်ကိုလည်း FB Message ကနေ တစ်မျိုး၊ ဖုန်းကနေတဖုံ မေးလာသူတွေ ခပ်များများဗျ။

ပထမကတော့ အထူးအဆန်းသတင်းအနေနဲ့ ဖော်ပြလိုက်ပေမယ့် နောက်ပိုင်း မေးလာတာများလာတော့ နောက်ဆက်တွဲ အခြေအနေ သိရဖို့ ဥ စတွေ့ရတဲ့ တာချီလိတ်မြို့မသုသာန်ကို မနက်စောစော သွားရောက်စုံစမ်းရတာပေါ့။

လူအများ စိတ်ဝင်စားနေတဲ့ ထူးဆန်းတဲ့ ဥအကြောင်း တာချီလိတ်သုသာန်မှာ သွားစုံစမ်းမှ ရမှာကိုး။

ကျွန်တော် တာချီလိတ်သုသာန်ကိုရောက်တော့ မေတ္တာရှင် သာရေးနာရေးကူညီမှုအသင်းက လှူဒါန်းတဲ့ မီးသင်္ဂြိုဟ်အုတ်ခုံ ဆောက်လုပ်နေတဲ့ ဦးရန်အောင်ဆိုသူကို တွေ့ရပါတယ်။

ဦးရန်အောင်က ကျွန်တော့်ကို ထူးဆန်းတဲ့ ဥ ပထမဆုံးတွေ့ရသူ နေအိမ်တဲလေးဆီ လိုက်ပို့ပါတယ်။ တဲလေးဆီရောက်တော့ ဥ နဲ့ လူက ဒီမှာ မရှိဘူး အပြင်ကိုသွားတယ်တဲ့။ အဲဒါနဲ့ပဲ သုသာန် ရောက်ရောက်ချင်း အဖြေ မရတော့ ဘဝင်မကျလှဘူး။ ဒီလိုနဲ့ ဦးရန်အောင်ကို ဥ တွေ့ရသူ ပြန်လာရင် ဖုန်းဆက်ပေးပါ ဆိုပြီး ဖုန်းနံပါတ် ပေးခဲ့လိုက်ပါတယ်။

သိပ်မကြာခင် ကြားရတဲ့သတင်းကတော့ ဥ တွေ့ရသူက အဲဒီထူးဆန်းဥကို သူ့မာတာမိခင် မွေးမေမေ အိမ်မှာ သွားပို့ထားတယ်တဲ့။ သူလည်း ဘာလုပ်ရမှန်း မသိဘူး၊ အလကားနေရင်း ဥ ပျက်စီးမှာစိုးလို့တဲ့။ အဲဒီလိုလည်း သိရရော ကျွန်တော်လည်း ဥ ရှိရာ နေရာကို သွားရောက်ပြီးတော့ ဆက်လက် အတည်ပြု အဖြေရှာဖို့ ညီတော်မောင်နဲ့ ထွက်ခွာခဲ့ပါတယ်။

ဥ ပြောင်းရွေ့သိမ်းဆည်းရာ နေအိမ်ကို ရောက်တော့ ကျွန်တော့်မှာ ပါလာတဲ့ စလိုက်မီးအသေးစားနဲ့ ဥကို ထိုးကြည့်တဲ့အခါ ဥက လုံးဝ အစစ်ပဲ။ အထဲကိုလည်း မြင်ရတယ်။ အထဲမှာ ကြက်ဥလို အဝါရောင် အနှစ်အရိပ်သဏ္ဍာန်လေးတော့ မမြင်ရဘူး။

ဒီလိုနဲ့ ဥတွေ့ရသူ ကိုသက်ကို မေးလိုက်တော့ ဒီဥကို သုသာန်တွင်း ရေမြောင်းထဲက တွေ့ရတာ ဖြစ်ကြောင်း စတွေ့ရတဲ့ အချိန်က သန့်ရှင်းရေး ပြုလုပ်ရင်းတွေ့တာဖြစ်ကြောင်းနဲ့ စစတွေ့ချင်းမှာ ဒီလို ဥမျိုး တစ်ခါမှ မတွေ့ဖူးတဲ့အတွက် လန့်သွားကြောင်းအပြင် ဘေးပတ်ဝန်းကျင်မှာ သတ္တဝါ အကောင်ကြီးကြီးများ ရှိနေမလားဆိုပြီး ကြောက်လန့်သွားကြောင်း ပြောပါတယ်။

ဒါ့အပြင် ဒီဥကြောင့် အိပ်ရေးပျက်ခဲ့ရကြောင်း ပြောပါတယ်။ နောက်ပြီး ဒီ ဥကို ဘာဥ ဆိုတာကိုလည်း သိချင်တယ်။ အဖြေတစ်ခုခု ရချင်တာပေါ့။ အကောင်ပေါက်နိုင်လား ဘာလားပေါ့။ အဖြေတစ်ခုခု သိရရင် ကျေနပ်ပြီး။ ကိုဇောင်း လက်ထဲမှာ ဥကွဲသွားလည်း ကိစ္စမရှိဘူး ကျွန်တော် အပ်ပါတယ်ဆိုပြီး ပြောလာပါတယ်။

ကျွန်တော့်ရဲ့ လက်တွေ ယားလာတယ်။ မတော်လို့များ ကျွန်တော့်လက်ထဲကနေ လွတ်ကျရင် ပြဿနာဆိုပြီးတော့လေ။ ဒီလိုနဲ့ ကျွန်တော်ေဝေဝဝါးဝါး မဖြစ်ချင်တာနဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နဲ့ အတွေ့အကြုံရှိသူတွေရဲ့ ဖုန်းနံပါတ်တွေကို စုံစမ်းပြီး မေးမြန်းပါတယ်။

သက်ဆိုင်ရာတွေကို ဖုန်ဆက်မေးမြန်းပြီးနောက် ကျွန်တော်အပါအဝင် ဥနဲ့ သက်ဆိုင်သူရဲ့ ညီအစ်မ နှစ်ယောက်နဲ့အတူ တာချီလိတ်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးကို သွားလိုက်တယ်။

ရုံးကို ရောက်တော့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါက်တာကျော်ကျော်စိုးက ကျွန်တော်တို့ ယူလာတဲ့ ဥကို သေချာကြည့်တယ်။ စလိုက်မီးနဲ့လည်း ထိုးကြည့်တယ်။ ပွတ်သပ် ကိုင်တွယ်ကြည့်ပြီး..

"ဒီဥက ဘာကောင် ရဲ့ဥဆိုတာ ကိုတော့ ကျွန်တော့်အနေနဲ့ အတိအကျ မှတ်ချက်ပေးလို့မရဘူး ငှက်ကုလားအုတ်ရဲ့ ဥနဲ့လည်း တူတယ်"လို့ ပြောပါတယ်။

ဒီလိုနဲ့ အဖြေကို ယတိပြတ်မရသေးတော့ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဒေါက်တာကျော်ကျော်စိုးရဲ့ ပြောစကားအရရယ် မှတ်ချက်ပြုသူများရဲ့ စကားလုံးများကြောင့်ရယ် ငှက်ကုလားအုတ်ရဲ့ ဥဖြစ်နိုင်ချေ ရှိ/မရှိ ဆိုတာကို အတိအကျ သိနိုင်ဖို့ ၂၀၀၄ ခုနှစ်လောက်က ငှက်ကုလားအုပ်တွေကို ဆေးကုသ ပေးခဲ့ဖူးတဲ့ တိ/မွေး/ကုဆရာဝန် ဒေါက်တာစိုင်းမုတ် ကို ဆက်သွယ်ပြီး နေအိမ်ကို သွားရောက်ခဲ့ကြပါတယ်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ထဲက နေအိမ်ကို ရောက်တော့ တိ/မွေး/ကုဆရာဝန် ဒေါက်တာစိုင်းမုတ်က ဥကို သေချာကိုင်တွယ်ကြည့်ပြီး ဒီဥဟာ ဘာဥလည်းဆိုတာကို အတည်ပြုပါတယ်။

"သေချာတယ်၊ ဒီဥက ငှက်ကုလားအုတ်ရဲ့ ဥပါ။ ဒီဥက အကောင်ပေါက်ဖို့ မလွယ်ကူတော့ဘူး။ ဒီအတိုင်းထားရင်တော့ ကြာလာရင် ပုပ်သွားနိုင်တယ်"လို့ တိ/မွေး/ကုဆရာဝန် ဒေါက်တာစိုင်းမုတ်က ပြောပါတယ်။

ဆက်လက်ပြီးတော့ တိ/မွေး/ကုဆရာဝန် ဒေါက်တာစိုင်းမုတ်ရဲ့ နေအိမ်ဘေးက အတွေ့အကြုံရှိသူက "ဒီဥက အခွံက မာတယ်။ ဒီဥကို အကောင်ပေါက်ဖို့ အမ တစ်ကောင်တည်း ဝပ်လို့မရဘူး။ အမ အစာထွက်စား နေချိန်ဆိုရင်လည်း အထီးက ဝပ်ပေးတယ်။"လို့ ပြောပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဥက ဘာအမျိုးအစားလည်းဆိုတာကို သိရပြီးတဲ့နောက် ဒီဥကို ဆက်လက်ပြီး ဘာလုပ်ရမလဲ။ ဥက လတ်သေးရဲ့လားဆိုတာကို သိရဖို့ တိ/မွေး/ကုဆရာဝန် ဒေါက်တာစိုင်းမုတ်က ရေပုံးထဲကို ရေအပြည့်ထည့်ခိုင်းတယ်။

ရေအပြည့်ထည့်ပြီးတော့ ဥကို ရေပုံးထဲ ထည့်လိုက်တဲ့ အခါမှာ ဥက ရေထဲမှာ မြုပ်နေတယ်။ လတ်သေးတယ်ဆိုတာ သိရပေမယ့် အကောင်ပေါက်ဖို့ ဆိုတာကတော့ မလွယ်ကူနိုင်ဘူးလို့ ပြောလာတယ်။ ဘာလို့လဲဆိုတော့ ဥရဲ့ အခွံမှာက အက်ကြောင်းရာဖြစ်နေတယ်။ အဲ့ဒီအပြင် ဘယ်နည်းနဲ့ ပေါက်အောင်လုပ်ရမလဲဆိုတာလည်း အဖြေက မရှိ။ သေချာတာကတော့ အကောင်ပေါက်ဖို့ မလွယ်ဘူးဆိုတာပါပဲ။

ကျွန်တော်သိသလောက် ပြောရမယ်ဆိုရင် တိ/မွေး/ကုဆရာဝန် ဒေါက်တာစိုင်းမုတ်ဟာ ၂၀၀၄ခုနှစ် ဝန်းကျင်လောက်မှာတာချီလိတ်မြို့ ဝမ်ကျောက်လုံကျေးရွာအတွင်းက အေးရိမ်မြိုင်ပန်းခြံမှာ မွေးမြူထားတဲ့ ငှက်ကုလားအုတ် အကောင် ၂၀ ကျော်ကို ဆေးကုသပေးခဲ့သူဖြစ်ပြီး ငှက်ကုလားအုတ်တွေရဲ့ အခြေအနေကို သိထားသူ ဖြစ်ပါတယ်။

တာချီလိတ်မှာ ၂၀၀၄ ခုနှစ် ဝန်းကျင်လောက်က ငှက်ကုလားအုတ် အကောင် (၂၀)ကျော် မွေးမြူထားကြောင်း သိရပြီး အဲဒီတုန်းက ငှက်ကုလားအုတ်တွေဟာ ကြာကြာမခံဘဲ သေဆုံး ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ တာချီလိတ်မှာ ငှက်ကုလားအုတ် မွေးမြူထားတယ်ဆိုတာကို ထပ်မကြားရ၊ မသိရတော့ပေမယ့် တာချီလိတ်မြို့မသုသာန်အတွင်းက တွေ့ရှိရတဲ့ ငှက်ကုလားအုတ်ရဲ့ ဥဟာ ပဟေဠိဖြစ်ပေမယ့် သေချာတာကတော့ အခု ဥဟာ သစ်ငှက်ကုလားအုတ်ရဲ့ ဥဖြစ်တယ်ဆိုတာကိုတော့ သိလိုက်ရပါပြီ။

သတင်းဆောင်းပါး - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~