မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူအား တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္းဂိတ္တြင္ ဖမ္းဆီးရမိ

မူးယစ္ေဆး၀ါး သယ္ေဆာင္လာသူအား တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္းဂိတ္တြင္ ဖမ္းဆီးရမိ
မေ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕နယ္ ဖန္မင္အုပ္စု ၊ မယ္ယန္းပူးေပါင္းေရးစခန္းမွ ပူးေပါင္း စစ္ေဆးေရးအဖြဲ႕သည္ ေမလ (၂၇)ရက္ေန႔တြင္ စိတ္ၾကြေဆးျပား သယ္လာသူတစ္ဦးအား စစ္ေဆး ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းစစ္ေဆးေရးအဖြဲ႕သည္ ေမလ (၂၇)ရက္ေန႔ ေန႔လယ္ (၁၁)နာရီခန္႔က မိုင္းကိုးရြာဘက္မွ တာခ်ီလိတ္ဘက္သို႔ နံပါတ္ မပါ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ စိုင္းလ်ိဳးဆိုသူအား ရပ္တန္႔ စစ္ေဆးရွာေဖြရာ လြယ္အိတ္အတြင္း ထည့္လာသည့္ WY စာတမ္းပါ ပန္းေရာင္ စိတ္ႂကြေဆးျပား (၁၁၁)ျပား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စိတ္ၾကြေဆးျပားမ်ားအား ဝမ္ေကာင္းမြန္ရြာတြင္ေနထိုင္သည့္ စိုင္းလုံသန္းက ေပးလိုက္ျခင္း ျဖစ္ေၾကာင္း သိရၿပီး စိုင္းလံုသန္းကို ဖမ္းဆီးရမိျခင္း မရိွေသးေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းလ်ိဳးႏွင့္ ေဆးျပားမ်ားေပးလုိက္သည္ဆိုသည့္ စိုင္းလံုသန္းတို႔အား တာခ်ီလိတ္ၿမိဳ့မရဲစခန္းတြင္ မယ(ပ)၂၉/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) /၂၁ အရ အေရးယူေဆာင္ရြက္ထားေၾကာင္းသိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် ဖန်မင်အုပ်စု၊ မယ်ယန်းပူးပေါင်းရေးစခန်းမှ ပူးပေါင်း စစ်ဆေးရေးအဖွဲ့သည် မေလ (၂၇)ရက်နေ့တွင် စိတ်ကြွဆေးပြား သယ်လာသူတစ်ဦးအား စစ်ဆေး ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မေလ (၂၇)ရက်နေ့ နေ့လယ် (၁၁)နာရီခန့်က မိုင်းကိုးရွာဘက်မှ တာချီလိတ်ဘက်သို့ နံပါတ် မပါ ဆိုင်ကယ်မောင်းနှင်လာသည့် စိုင်းလျိုးဆိုသူအား ရပ်တန့် စစ်ဆေးရှာဖွေရာ လွယ်အိတ်အတွင်း ထည့်လာသည့် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၁၁)ပြား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများအား ဝမ်ကောင်းမွန်ရွာတွင်နေထိုင်သည့် စိုင်းလုံသန်းက ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရပြီး စိုင်းလုံသန်းကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းလျိုးနှင့် ဆေးပြားများပေးလိုက်သည်ဆိုသည့် စိုင်းလုံသန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) /၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~