မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္၌ က်င္းပသည့္ ပန္းခ်ီၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲဝင္ ၅၀ ဝင္ေရာက္ယွဥ္ၿပိဳင္

မူးယစ္ေဆး၀ါးတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ တာခ်ီလိတ္၌ က်င္းပသည့္ ပန္းခ်ီၿပိဳင္ပြဲတြင္ ၿပိဳင္ပြဲဝင္ ၅၀ ဝင္ေရာက္ယွဥ္ၿပိဳင္
မေ 23, 2017
By Tachileik News Agency

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အႀကိဳ (၂၀)ႀကိမ္ေျမာက္ ပန္းခ်ီ၊ ကာတြန္း၊ ပိုစတာ၊ ကြန္ပ်ဴတာပန္းခ်ီၿပိဳင္ပြဲအား ေမလ (၂၃)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(က)ရပ္ကြက္ရွိ အထက္တန္းေက်ာင္း(ဆန္ဆိုင္း)တြင္ က်င္းပရာ ၿပိဳင္ပြဲဝင္ (၅၀) ဝင္ေရာက္ယွဥ္ၿပိဳင္ေၾကာင္း သိရသည္။

ဇြန္လ (၂၆) ရက္ေန႔တြင္ က်ေရာက္မည့္ အထိမ္းအမွတ္ေန႔အတြက္ တာခ်ီလိတ္ခရိုင္  မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသေဆး၀ါးမ်ား အႏၱရာယ္တားဆီး ကာကြယ္ေရးေကာ္မတီ၏ ဦးစီးႀကီးၾကပ္မႈျဖင့္ အထက္တန္း၊ အလယ္တန္းႏွင့္ မူလတန္းအဆင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပါဝင္သည့္ ၿပိဳင္ပြဲအား ေမလ (၂၃)ရက္ေန႔ နံနက္(၉)နာရီမွ ေန႔လယ္(၁၂)နာရီအထိ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲသို႔ တာခ်ီလိတ္ခရိုင္  မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသာေဆး၀ါးမ်ား အႏၱရာယ္တားဆီး ကာကြယ္ေရးေကာ္မတီ ဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊ၊ ဒု-ဥကၠဌ ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီး ထိန္ဝင္း၊ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ မူးယစ္တပ္ဖြ႔ဲစုမွဴး ရဲမွဴးစိုးနိုင္နွင့္  အဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကုိေျပာင္းလဲေစေသေဆး၀ါးမ်ား အႏၱရာယ္တားဆီး ကာကြယ္ေရးေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္နွင့္ အဖြဲ႕ဝင္မ်ား၊ ခရိုင္မူးယစ္ဆန္႔က်င္ေရးအသင္း (MANA)ဥကၠဌ ဦးသိန္းဝင္း နွင့္ အဖြဲ႕ဝင္မ်ားမွ လာေရာက္ ၾကည့္ရႈအားေပးခဲ့ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို (၂၀)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲအား မေလ (၂၃)ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ကျင်းပရာ ပြိုင်ပွဲဝင် (၅၀) ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အထိမ်းအမှတ်နေ့အတွက် တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသေဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးကော်မတီ၏ ဦးစီးကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် ပြိုင်ပွဲအား မေလ (၂၃)ရက်နေ့ နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ဒု-ဥက္ကဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်း၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသေဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မူးယစ်ဆန့်ကျင်ရေးအသင်း (MANA)ဥက္ကဌ ဦးသိန်းဝင်း နှင့် အဖွဲ့ဝင်များမှ လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~