မိုင္းျဖတ္တြင္ လမ္းေဘးရပ္ထားသည့္ ယာဥ္အား မသကၤာ၍ စစ္ေဆးရာမွ ကဖင္းမ်ား ေတြ႕ရွိ

မိုင္းျဖတ္တြင္ လမ္းေဘးရပ္ထားသည့္ ယာဥ္အား မသကၤာ၍ စစ္ေဆးရာမွ ကဖင္းမ်ား ေတြ႕ရွိ
မေ 16, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ ငွက္ေပ်ာေတာေက်းရြာအနီး လမ္းေဘးတြင္ ရပ္ထားသည့္ ယာဥ္မွာ ေရွ႕ေခါင္းပိုင္း ပိန္႔ခ်ဳိင့္ၿပီး ရႊံ႕မ်ားေပေနသည့္အတြက္ မသကၤာ၍ ယာဥ္အတြင္း စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ေတြ႕ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူမ်ားက မိုင္းျဖတ္ၿမိဳ႕နယ္၊ ဆိုက္ေခါင္ေက်းရြာအနီးတြင္ ယာဥ္မေတာ္ တဆမႈ ျဖစ္ပြားေၾကာင္း သတင္းရရွိ၍ ေမလ(၁၆)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္အခ်ိန္က သြားေရာက္ရာမွ ငွက္ေပ်ာေတာေက်းရြာအနီး လမ္းေဘးတြင္ ရပ္တန္႔ထားသည့္ NISSAN NAVARA အမ်ဳိးအစား ယာဥ္အား မသကၤာ၍ စစ္ေဆးရာ ယာဥ္မွာ ဆက္လက္၍ မိုင္းျဖတ္ၿမိဳ႕ဘက္သို႔ ေမာင္းနင္ထြက္သြားၿပီးေနာက္ ရဲတပ္ဖြဲ႔မွ လိုက္လံရွာေဖြရာ မိုင္းျဖတ္ၿမိဳ႕တြင္းမေရာက္မီ နားမြန္းေက်းရြာ လမ္းေဘးတြင္ ယာဥ္အား ရပ္တန္႔ခဲ့သည္ကို ေတြ႕ရွိရ၍ စစ္ေဆးရာမွ မူးယစ္ေဆး၀ါးမ်ား ေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

လမ္းေဘးတြင္ အဆိုပါ ယာဥ္၏ လက္ကိုင္ေခြအား ေသာ့ခတ္လ်က္ ရပ္ထားသည္ကို ေတြ႕ရွိသျဖင့္ စုေပါင္းအဖြဲ႔မွ ယာဥ္အတြင္း ေနာက္ခန္းသို႔ ဆက္လက္ စစ္ေဆးရာ PCB-40 တံဆိပ္ပါ အ၀ါေရာင္ ဘိလပ္ေျမ အိတ္(၃)အိတ္ ႏွင့္ PCC တံဆိပ္ပါ အ၀ါေရာင္ ဘိလပ္ေျမတစ္အိတ္တို႔အား ေတြ႕ရွိရ၍ ေဖာက္ၾကည့္ရာမွ အိတ္အတြင္း၌ ကဖင္း ဟု ယူဆရသည့္ အျဖဴေရာင္အမႈန္႔ စုစုေပါင္း (၁၀၀)ကီလိုဂရမ္ခန္႔ကို စစ္ေဆးေတြ႕ရွိရေၾကာင္းႏွင့္ အဆိုပါ ကဖင္းမ်ား၏ ကာလတန္ဖိုးေငြမွာ က်ပ္သိန္း(၈၀)ခန္႔ရွိေၾကာင္း သိရသည္။

ယာဥ္တြင္ ပိုင္ရွင္မေတြ႕ရွိသျဖင့္ လတ္တေလာ ေတြ႕ရွိသည့္ သက္ေသခံယာဥ္ႏွင့္ ကဖင္းအိတ္ (၄)အိတ္အား ရွာေဖြပံုစံျဖင့္ သိမ္းဆည္းကာ ထြက္ေျပးတိမ္းေရွာင္သြားေသာ ပိုင္ရွင္အား စံုစမ္းေဖာ္ထုတ္ ႏိုင္ရန္အတြက္ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၆(ခ)အရ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာအနီး လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်မှာ ရှေ့ခေါင်းပိုင်း ပိန့်ချိုင့်ပြီး ရွှံ့များပေနေသည့်အတွက် မသင်္ကာ၍ ယာဉ်အတွင်း စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။
မိုင်းဖြတ်မြို့မရဲစခန်းမှ တာဝန်ရှိသူများက မိုင်းဖြတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအနီးတွင် ယာဉ်မတော် တဆမှု ဖြစ်ပွားကြောင်း သတင်းရရှိ၍ မေလ(၁၆)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က သွားရောက်ရာမှ ငှက်ပျောတောကျေးရွာအနီး လမ်းဘေးတွင် ရပ်တန့်ထားသည့် NISSAN NAVARA အမျိုးအစား ယာဉ်အား မသင်္ကာ၍ စစ်ဆေးရာ ယာဉ်မှာ ဆက်လက်၍ မိုင်းဖြတ်မြို့ဘက်သို့ မောင်းနင်ထွက်သွားပြီးနောက် ရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေရာ မိုင်းဖြတ်မြို့တွင်းမရောက်မီ နားမွန်းကျေးရွာ လမ်းဘေးတွင် ယာဉ်အား ရပ်တန့်ခဲ့သည်ကို တွေ့ရှိရ၍ စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
လမ်းဘေးတွင် အဆိုပါ ယာဉ်၏ လက်ကိုင်ခွေအား သော့ခတ်လျက် ရပ်ထားသည်ကို တွေ့ရှိသဖြင့် စုပေါင်းအဖွဲ့မှ ယာဉ်အတွင်း နောက်ခန်းသို့ ဆက်လက် စစ်ဆေးရာ PCB-40 တံဆိပ်ပါ အဝါရောင် ဘိလပ်မြေ အိတ်(၃)အိတ် နှင့် PCC တံဆိပ်ပါ အဝါရောင် ဘိလပ်မြေတစ်အိတ်တို့အား တွေ့ရှိရ၍ ဖောက်ကြည့်ရာမှ အိတ်အတွင်း၌ ကဖင်း ဟု ယူဆရသည့် အဖြူရောင်အမှုန့် စုစုပေါင်း (၁၀၀)ကီလိုဂရမ်ခန့်ကို စစ်ဆေးတွေ့ရှိရကြောင်းနှင့် အဆိုပါ ကဖင်းများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်း(၈၀)ခန့်ရှိကြောင်း သိရသည်။
ယာဉ်တွင် ပိုင်ရှင်မတွေ့ရှိသဖြင့် လတ်တလော တွေ့ရှိသည့် သက်သေခံယာဉ်နှင့် ကဖင်းအိတ် (၄)အိတ်အား ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ ထွက်ပြေးတိမ်းရှောင်သွားသော ပိုင်ရှင်အား စုံစမ်းဖော်ထုတ် နိုင်ရန်အတွက် မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၆(ခ)အရ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်း - ကိုသာ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~