လက္ေထာက္ ဆရာ၀န္တစ္ဦး ေနအိမ္ခန္းအတြင္း ႀကိဳးဆြဲခ် ေသဆံုးမႈ လြိဳင္ေကာ္တြင္ ျဖစ္ပြား

လက္ေထာက္ ဆရာ၀န္တစ္ဦး ေနအိမ္ခန္းအတြင္း ႀကိဳးဆြဲခ် ေသဆံုးမႈ လြိဳင္ေကာ္တြင္ ျဖစ္ပြား
မေ 22, 2017
By Tachileik News Agency

ကယားျပည္​နယ္​ ၊ လြိဳင္ေကာ္ၿမိဳ႕၊ မဂၤလာရပ္ကြက္​တြင္​ ​ေနထိုင္​​ေသာ လက္ေထာက္ဆရာ၀န္တစ္​ဦး ေမလ (၂၁)ရက္ေန႔ ညက ၎၏ ေနအိမ္အတြင္း ႀကိဳးဆြဲခ်ေသဆံုးသြားေၾကာင္း သိရသည္။

" သူ႔ အိမ္​အခန္​းထဲမွာ​ေပါ့။ သူ႔အ​ေမက လာ​ေခၚတာနဲ႔ အျမန္​လိုက္​သြားၾကတာ ၊ အခန္​းထဲမွာ ေသဆုံး​ေနၿပီ​ေပါ့။ လူမႈေရး ခံစားခ်က္​​ေတြ​ေၾကာင္​့လား ၊ ဘာ​ေၾကာင္​့လဲ​ေတာ့ မသိ​ေပမယ့္ ဆရာဝန္​တစ္​​ေယာက္​က ကိုယ္​့ကိုကိုယ္​ အခုလို ျပဳလုပ္​တယ္​ဆိုတာ သူ႔မွာ​ေတာ္​​ေတာ္​​ေလး စိတ္​ညစ္​စရာေတြ႐ွိ​ေနလို႔ထင္​တာပဲ။ လံုးဝစိတ္မ​ေကာင္​းဘူး "ဟု အိမ္​နီးခ်င္​းတစ္​ဦးက ​ေျပာသည္​။

ေမလ (၂၁ )ရက္​ေန႔ ည (၈) နာရီခန္႔က ၎၏ ေနအိမ္အခန္းတြင္​း၌ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ၎၏ မိခင္ျဖစ္သူက စတင္ေတြ႕ရွိခဲ့ျခင္​း ျဖစ္​​ေၾကာင္​း သိရသည္​။

​ေသဆုံးသူမွာ အသက္ (၃၀) အရြယ္ ေဒါက္တာေကခိုင္၀င္း ျဖစ္​ၿပီး သူမအား အျပစ္မျမင္ရန္၊ အေမ့ကို ကန္ေတာ့ခဲ့ေၾကာင္း၊ အေမတစ္ေယာက္တည္း ေနႏိုင္ရန္ ႀကိဳးစားရန္ႏွင့္ ဘဏ္နံပါတ္မ်ား ေရးသားထားေသာ စာတစ္ေစာင္အား သူမအ​ေမအတြက္​ ​ေရးသားထားခဲ့​ေၾကာင္​း သိရသည္။

​ေသဆုံးသူအား လိြဳင္ေကာ္ၿမိဳ႕​ေဆး႐ုံႀကီးတြင္​ ရင္​ခြဲစစ္​​ေဆးမႈမ်ား ျပဳလုပ္​ကာ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္ /မဟုတ္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်​နယ်​၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်​တွင်​ ​နေထိုင်​​သော လက်ထောက်ဆရာဝန်တစ်​ဦး မေလ (၂၁)ရက်နေ့ ညက၎င်း၏ နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

" သူ့ အိမ်​အခန်​းထဲမှာ​ပေါ့။ သူ့အ​မေက လာ​ခေါ်တာနဲ့ အမြန်​လိုက်​သွားကြတာ၊ အခန်​းထဲမှာ သေဆုံး​နပြေီ​ပေါ့။ လူမှုရေး ခံစားချက်​​တွေ​ကြောင်​့လား၊ ဘာ​ကြောင်​့လဲ​တော့ မသိ​ပေမယ့် ဆရာဝန်​တစ်​​ယောက်​က ကိုယ်​့ကိုကိုယ်​ အခုလို ပြုလုပ်​တယ်​ဆိုတာ သူ့မှာ​တော်​​တော်​​လေး စိတ်​ညစ်​စရာတွေရှိ​နေလို့ထင်​တာပဲ။ လုံးဝစိတ်မ​ကောင်​းဘူး "ဟု အိမ်​နီးချင်​းတစ်​ဦးက ​ပြောသည်​။

မေလ (၂၁ )ရက်​နေ့ ည (၈) နာရီခန့်က၎င်း၏ နေအိမ်အခန်းတွင်​း၌ ကြိုးဆွဲချသေဆုံးနေသည်ကို၎င်း၏ မိခင်ဖြစ်သူက စတင်တွေ့ရှိခဲ့ခြင်​း ဖြစ်​​ကြောင်​း သိရသည်​။

​သေဆုံးသူမှာ အသက် (၃၀) အရွယ် ဒေါက်တာကေခိုင်ဝင်း ဖြစ်​ပြီး သူမအား အပြစ်မမြင်ရန်၊ အမေ့ကို ကန်တော့ခဲ့ကြောင်း၊ အမေတစ်ယောက်တည်း နေနိုင်ရန် ကြိုးစားရန်နှင့် ဘဏ်နံပါတ်များ ရေးသားထားသော စာတစ်စောင်အား သူမအ​မေအတွက်​ ​ရေးသားထားခဲ့​ကြောင်​း သိရသည်။

​သေဆုံးသူအား လွိုင်ကော်မြို့​ဆေးရုံကြီးတွင်​ ရင်​ခွဲစစ်​​ဆေးမှုများ ပြုလုပ်​ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် /မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~