တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါး စစ္ေဆးရာမွ အမ်ဳိးသားတစ္ဦး အေၾကာက္လြန္ကာ သတိလစ္ၿပီး ေသဆံုး

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါး စစ္ေဆးရာမွ အမ်ဳိးသားတစ္ဦး အေၾကာက္လြန္ကာ သတိလစ္ၿပီး ေသဆံုး
မေ 17, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းပူးေပါင္း စစ္ေဆးေရးစခန္းတြင္ မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆး ရွာေဖြရာမွ မူးယစ္ေဆး၀ါးေတြ႕ရွိရ၍ သိမ္းဆည္းမႈမ်ား ျပဳလုပ္ေနစဥ္ သယ္ေဆာင္လာသူမွာ အေၾကာက္လြန္ၿပီး အသက္ရွဴက်ပ္ကာ သတိ လစ္သြားရာမွ ေဆးရံုတြင္ ေသဆံုးသြားမႈ ေမလ(၁၆)ရက္ေန႔ ညေန(၅)နာရီ အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဂိတ္တြင္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္လာသည့္ Wave 100i အမ်ဳိးအစား ေမာ္ေတာ္ဆိုင္ကယ္အား စီးနင္းလာသူ အသက္(၄၁)ႏွစ္ရွိ အားခဲ အား ရပ္တန္႔ေစၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ဘိန္းစိမ္း(၂၅၀)ဂရမ္ခန္႔ေတြ႕ရွိရ၍ သိမ္းဆည္းစဥ္ ၎မွာ အေၾကာက္လြန္ကာ အသက္ရွဴက်ပ္၍ သတိလစ္သြားသျဖင့္ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ကုသစဥ္ ႏွလံုးေရာဂါျဖင့္ ေသဆံုးသြားေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ ေသဆံုးသူႏွင့္ ပတ္သက္၍ စံုစမ္းမႈမ်ား ျပဳလုပ္ရာ ၎သည္ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရ၍ ၎၏ ဇနီးျဖစ္သူႏွင့္ ေဆြမ်ဳိးမ်ားအား ဆယ္အိမ္မွဴးတို႔ႏွင့္အတူ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တာ၀န္ရွိသူမ်ား ေတြ႕ဆံု၍ အားေပးစကား ေျပာၾကားေၾကာင္း သိရသည္။ အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၃/၂၀၁၇၊ မူး/စိတ္ ပုဒ္မ ၁၉(က) အရ အမႈဖြင့္ထားရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာမှ မူးယစ်ဆေးဝါးတွေ့ရှိရ၍ သိမ်းဆည်းမှုများ ပြုလုပ်နေစဉ် သယ်ဆောင်လာသူမှာ အကြောက်လွန်ပြီး အသက်ရှူကျပ်ကာ သတိ လစ်သွားရာမှ ဆေးရုံတွင် သေဆုံးသွားမှု မေလ(၁၆)ရက်နေ့ ညနေ(၅)နာရီ အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိတ်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် Wave 100i အမျိုးအစား မော်တော်ဆိုင်ကယ်အား စီးနင်းလာသူ အသက်(၄၁)နှစ်ရှိ အားခဲ အား ရပ်တန့်စပြေီး စစ်ဆေးမှုများ ပြုလုပ်ရာ ဘိန်းစိမ်း(၂၅၀)ဂရမ်ခန့်တွေ့ရှိရ၍ သိမ်းဆည်းစဉ်၎င်းမှာ အကြောက်လွန်ကာ အသက်ရှူကျပ်၍ သတိလစ်သွားသဖြင့် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သေဆုံးသူနှင့် ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်ရာ၎င်းသည် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရ၍၎င်း၏ ဇနီးဖြစ်သူနှင့် ဆွေမျိုးများအား ဆယ်အိမ်မှူးတို့နှင့်အတူ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တာဝန်ရှိသူများ တွေ့ဆုံ၍ အားပေးစကား ပြောကြားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၃/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၉(က) အရ အမှုဖွင့်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~