ဖမ္းဆီးရမိသည့္ ႏြားမ်ားအား ေရာင္းစားလိုက္ျခင္း မဟုတ္ေၾကာင္း ေရပူစစ္ေဆးေရးအဖြဲ႔ ရွင္းလင္း

ဖမ္းဆီးရမိသည့္ ႏြားမ်ားအား ေရာင္းစားလိုက္ျခင္း မဟုတ္ေၾကာင္း ေရပူစစ္ေဆးေရးအဖြဲ႔ ရွင္းလင္း
မေ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္ရိွ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ဧၿပီလ(၁၀) ရက္ေန႔က ပိုင္ရွင္မဲ့ ဖမ္းဆီးရမိထားသည့္ ႏြား(၇၄)ေကာင္အား ေရာင္းစားသည္ဟု သတင္းမ်ားထြက္ေနသည့္အတြက္ ေရပူစစ္ေဆးေရးအဖြဲ႕မွ ႏြားမ်ားအား ထိန္းသိမ္းထားဆဲျဖစ္ေၾကာင္း ေမလ(၂၆)ရက္ေန႔တြင္ ရွင္းလင္းသည္။

“အဲဒီႏြားေတြကို ေရာင္းစားလိုက္တယ္ဆိုတာ လံုးဝမဟုတ္ပါဘူး။ ဧၿပီလမွာ ဖမ္းမိထားတယ္။ လုပ္ထံုးလုပ္နည္း အတိုင္း ဆက္လက္ေဆာင္ရြက္ေနတယ္။ အေရးယူမႈ မၿပီးဆံုးခင္ ကာလအတြင္းမွာ အဲဒီႏြားေတြကို စခန္းမွာ ထိန္းသိမ္းထားရတာ အခက္အခဲ ရွိတဲ့အတြက္ တျခားတစ္ဦးဆီကို ႏြားေတြရဲ့ အတိုင္းအတာအရြယ္၊ အေလးခ်ိန္အတိအက်နဲ႔ ေခတၱလႊဲအပ္ၿပီး ထိန္းသိမ္းခိုင္းထားတာျဖစ္ပါတယ္ “ဟု ေရပူစစ္ေဆးေရးဂိတ္မွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ ႏြား(၇၄)ေကာင္အား စစ္ေဆးေရးအဖြဲ႔မွ တိတ္တဆိတ္ ေရာင္းစားခဲ့သည္ဆိုသည့္ သတင္းအား လူမႈကြန္ရက္ စာမ်က္ႏွာရွိ ေရႊတံခါးမွဴးခ်စ္သူ စာမ်က္ႏွာတြင္ ေမလ (၂၃)ရက္ေန႔က ေဖာ္ျပထားသျဖင့္ ေမလ (၂၆)ရက္ေန႔ နံနက္(၉)နာရီတြင္ သတင္းစာရွင္းလင္းျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔က စစ္ေဆးေရး ကိစၥကိုပဲလုပ္ေဆာင္ဖို႔ တာဝန္ရွိတာျဖစ္တဲ့အတြက္ အဲဒီႏြားေတြကို စခန္းမွာ ထိန္းသိမ္းထားရတာ အခက္အခဲရွိတယ္။ ဒါေၾကာင့္ ေဒသခံတစ္ဦးထံကို စာရြက္စာတမ္းနဲ႔ ေခတၱလႊဲအပ္ ထိန္းသိမ္း ခိုင္းထားတာျဖစ္ပါတယ္။ အဲဒီေဒသခံကလည္း ႏြားေတြကိုသူ႔အိမ္မွာ ထိန္းသိမ္းထားရတာ အခက္အခဲျဖစ္လို႔ ဆိုၿပီး တျခားတစ္ေနရာမွာ အစာေရစာ လြယ္ကူတဲ့ေနရာမွာ သူ႔သေဘာနဲ႔သူေရႊ႕ထားၿပီး ထိန္းသိမ္းထားတာပါ။ အဲဒါကို ႏြားေတြကိုေရာင္းစားလိုက္ပါတယ္ဆိုၿပီး သတင္းျဖန္႔ခံရျခင္းျဖစ္ပါတယ္” ဟု ဦးတက္ထြန္းေအာင္က ေျပာသည္။

အဆိုပါ ရွင္းလင္းပြဲသို႔ သိႏၷီၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာန၊ သိႏၷီၿမိဳ႕နယ္ရဲဌာန၊ ကိုးကန္႔အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၊ ႏြားမ်ားအားေခတၱထိန္းသိမ္းထားသူ၏ အိမ္နီးခ်င္းမ်ား၊ ေဒသအတြင္းရွိ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမ်ား၊ ေဒသခံမ်ား၊ မီဒီယာမ်ားအား ဖိတ္ၾကား၍ အဆိုပါႏြားမ်ားအား ထိန္းသိမ္းထားသည့္ေနရာသို႔ ေခၚေဆာင္၍ သတင္းစာရွင္းလင္းပြဲျပဳလုပ္ ေပးရျခင္းျဖစ္ေၾကာင္း သိရသည္။

ေမွာင္ခိုလမ္းေၾကာင္းမွ ျပည္ပတင္ပုိ႔ရန္ သယ္ေဆာင္လာသည့္ ႏြား (၇၄)ေကာင္အား  ရွမ္းျပည္နယ္ ေျမာက္ပိုင္း မႏၱေလး - မူဆယ္ကုန္သြယ္ေရးလမ္း သိန္းနီၿမိဳ႕နယ္ရိွ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းႏွင့္ (၃) မိုင္ခန္႔အကြာတြင္ ေရပူစစ္ေဆးေရးအဖြဲ႕က ဧၿပီလ(၁၀)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ဖမ္းဆီး ရမိလုိက္ျခင္း ျဖစ္ေၾကာင္း ႏွင့္ ႏြားမ်ားအားေမာင္းႏွင္လာသူမ်ားမွာ ထြက္ေျပးသြားသျဖင့္ သက္ဆိုင္ရာဌာနမ်ား အလိုက္ စစ္ေဆး ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေရပူအၿမဲတမ္း စစ္ေဆးေရးအဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဧပြီလ(၁၀) ရက်နေ့က ပိုင်ရှင်မဲ့ ဖမ်းဆီးရမိထားသည့် နွား(၇၄)ကောင်အား ရောင်းစားသည်ဟု သတင်းများထွက်နေသည့်အတွက် ရေပူစစ်ဆေးရေးအဖွဲ့မှ နွားများအား ထိန်းသိမ်းထားဆဲဖြစ်ကြောင်း မေလ(၂၆)ရက်နေ့တွင် ရှင်းလင်းသည်။

“အဲဒီနွားတွေကို ရောင်းစားလိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဧပြီလမှာ ဖမ်းမိထားတယ်။ လုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင်ရွက်နေတယ်။ အရေးယူမှု မပြီးဆုံးခင် ကာလအတွင်းမှာ အဲဒီနွားတွေကို စခန်းမှာ ထိန်းသိမ်းထားရတာ အခက်အခဲ ရှိတဲ့အတွက် တခြားတစ်ဦးဆီကို နွားတွေရဲ့ အတိုင်းအတာအရွယ်၊ အလေးချိန်အတိအကျနဲ့ ခေတ္တလွှဲအပ်ပြီး ထိန်းသိမ်းခိုင်းထားတာဖြစ်ပါတယ် “ဟု ရေပူစစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။

အဆိုပါ နွား(၇၄)ကောင်အား စစ်ဆေးရေးအဖွဲ့မှ တိတ်တဆိတ် ရောင်းစားခဲ့သည်ဆိုသည့် သတင်းအား လူမှုကွန်ရက် စာမျက်နှာရှိ ရွှေတံခါးမှူးချစ်သူ စာမျက်နှာတွင် မေလ (၂၃)ရက်နေ့က ဖော်ပြထားသဖြင့် မေလ (၂၆)ရက်နေ့ နံနက်(၉)နာရီတွင် သတင်းစာရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က စစ်ဆေးရေး ကိစ္စကိုပဲလုပ်ဆောင်ဖို့ တာဝန်ရှိတာဖြစ်တဲ့အတွက် အဲဒီနွားတွေကို စခန်းမှာ ထိန်းသိမ်းထားရတာ အခက်အခဲရှိတယ်။ ဒါကြောင့် ဒေသခံတစ်ဦးထံကို စာရွက်စာတမ်းနဲ့ ခေတ္တလွှဲအပ် ထိန်းသိမ်း ခိုင်းထားတာဖြစ်ပါတယ်။ အဲဒီဒေသခံကလည်း နွားတွေကိုသူ့အိမ်မှာ ထိန်းသိမ်းထားရတာ အခက်အခဲဖြစ်လို့ ဆိုပြီး တခြားတစ်နေရာမှာ အစာရေစာ လွယ်ကူတဲ့နေရာမှာ သူ့သဘောနဲ့သူရွှေ့ထားပြီး ထိန်းသိမ်းထားတာပါ။ အဲဒါကို နွားတွေကိုရောင်းစားလိုက်ပါတယ်ဆိုပြီး သတင်းဖြန့်ခံရခြင်းဖြစ်ပါတယ်” ဟု ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ ရှင်းလင်းပွဲသို့ သိန္နီမြို့နယ်အုပ်ချုပ်ရေးဌာန၊ သိန္နီမြို့နယ်ရဲဌာန၊ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နွားများအားခေတ္တထိန်းသိမ်းထားသူ၏ အိမ်နီးချင်းများ၊ ဒေသအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံများ၊ မီဒီယာများအား ဖိတ်ကြား၍ အဆိုပါနွားများအား ထိန်းသိမ်းထားသည့်နေရာသို့ ခေါ်ဆောင်၍ သတင်းစာရှင်းလင်းပွဲပြုလုပ် ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်း/မြောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်နှင့် (၃) မိုင်ခန့်အကွာရှိ မှောင်ခိုလမ်းကြောင်းတစ်ခုတွင် ဧပြီလ(၁၀)ရက်နေ့ နေ့လယ်ပိုင်းက ပြည်ပသို့ တင်ပို့ရန် ဖြတ်သန်းလာသည့် နွား အရှင် ( ၇၄ )ကောင်အား ရေပူစစ်ဆေးရေး အဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး နွားများအားမောင်းနှင်လာသူများမှာ ထွက်ပြေးသွားသဖြင့် သက်ဆိုင်ရာဌာနများအလိုက် စစ်ဆေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူအမြဲတမ်း စစ်ဆေးရေးအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~