တာချီလိတ်တွင် မိုးသက်လေပြင်းကျရောက်ကာ နေအိမ်(၃)လုံး အမိုးလန်၍ သွပ်(၇၈)ချပ် ပျက်စီးသွား

တာချီလိတ်တွင် မိုးသက်လေပြင်းကျရောက်ကာ နေအိမ်(၃)လုံး အမိုးလန်၍ သွပ်(၇၈)ချပ် ပျက်စီးသွား
မေ 7, 2017
By Tachileik News Agency

တာချီလိတ်မြို့တွင် မေလ(၇)ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လွယ်တော်ခမ်း ကျေးရွာအုပ်စုအတွင်း နေအိမ်(၃)လုံး အမိုးလန်၍ သွပ်(၇၈)ချပ် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိ(အောက်)ရွာရှိ နေအိမ်များအနက် နေအိမ်(၃)လုံးမှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ လွယ်တော်ခမ်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးရာတွင် သွပ်အချပ်(၇၈)ချပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မေလ(၇)ရက်နေ့ ညနေ(၄း၄၆)နာရီအချိန်က စ၍ ညနေ (၅း၁၅)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုနှင့် အတူ မိုးရွာသွန်းမှုဖြစ်ပွား၍ တာချီလိတ်မြို့ပေါ် ရပ်ကွက်အချို့တွင် သစ်ပင်သစ်ကိုင်းကျိုးကျမှုသာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် မေလ(၇)ရက်နေ့ ညနေပိုင်းက မိုးသက်လပြေင်း တိုက်ခတ်မှုကြောင့် လွယ်တော်ခမ်း ကျေးရွာအုပ်စုအတွင်း နေအိမ်(၃)လုံး အမိုးလန်၍ သွပ်(၇၈)ချပ် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိ(အောက်)ရွာရှိ နေအိမ်များအနက် နေအိမ်(၃)လုံးမှာ မိုးသက်လပြေင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာ လွယ်တော်ခမ်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးရာတွင် သွပ်အချပ်(၇၈)ချပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

မေလ(၇)ရက်နေ့ ညနေ(၄း၄၆)နာရီအချိန်က စ၍ ညနေ (၅း၁၅)နာရီအချိန်အထိ လပြေင်းတိုက်ခတ်မှုနှင့် အတူ မိုးရွာသွန်းမှုဖြစ်ပွား၍ တာချီလိတ်မြို့ပေါ် ရပ်ကွက်အချို့တွင် သစ်ပင်သစ်ကိုင်းကျိုးကျမှုသာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - လွယ်တော်ခမ်း ရပ်/ကျေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~