တာခ်ီလိတ္တြင္ အိမ္ရာမဲ့ေနထိုင္သူမ်ား ႏွင့္ ခ်စ္ၾကည္ေရးတံတားေပၚ ေတာင္းရမ္းစားေနသူမ်ားအား ပညာေပးႏွင့္ ေနရပ္ျပန္ႏိုင္ေရး ကူညီလုပ္ေဆာင္

တာခ်ီလိတ္တြင္ အိမ္ရာမဲ့ေနထိုင္သူမ်ား ႏွင့္ ခ်စ္ၾကည္ေရးတံတားေပၚ ေတာင္းရမ္းစားေနသူမ်ားအား ပညာေပးႏွင့္ ေနရပ္ျပန္ႏိုင္ေရး ကူညီလုပ္ေဆာင္
မေ 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဒုစရိုက္မႈမ်ားေလ်ာ့နည္း ပေပ်ာက္ေစေရး လုပ္ေဆာင္မႈ အျဖစ္ ရဲတပ္ဖြဲ႕ႏွင့္ အရပ္ဖက္အဖြဲ႕မ်ား ပူးေပါင္းအဖြဲ႕ျဖင့္ အိမ္ရာမဲ့ ေနထုိင္သူမ်ားအား ပညာေပး ေဟာေျပာျခင္းႏွင့္ ေနရပ္ျပန္လိုသူမ်ားအား ကူညီျခင္းတို႔ကို ေမလ (၂၅)ရက္ေန႔က စတင္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“တာခ်ီလိတ္ၿမိဳ႕မွာ ဒုစရိုက္မႈမ်ား ေလ်ာ့နည္းပေပ်ာက္ေစေရးအတြက္ဆိုၿပီး ေလလြင့္အေျခမဲ့လူငယ္ေတြနဲ႔ တံတားေပၚ ေတာင္းရမ္းစားေသာက္ေနၾကတဲ့သူေတြကိုစုၿပီး ပညာေပးမႈေတြေဆာင္ရြက္တာပါ။ ဒီထဲမွာမွ ေနရပ္ကို ျပန္ခ်င္တယ္ဆိုရင္ ျပန္ပို႔ေပးဖို႔ စီစဥ္ေဆာင္ရြက္ေပးသြားမွာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရဲစခန္းမွ နယ္ထိန္းဒုေခါင္းေဆာင္ ဒုရဲအုပ္ ကိုကုိဦးက ေျပာသည္။

ပူးေပါင္းအဖြဲ႕သည္ တာခ်ီလိိတ္ၿမိဳ႕ သုသာန္တြင္ ေနထိုင္သည့္ အိမ္ရာမဲ့ (၃၂)ဦးႏွင့္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၂)တံတားေပၚတြင္ ေတာင္းရမ္းစားေသာက္ေနသူ (၁၃)ဦးတို႔အား ရွမ္းရိုးမကြင္းအတြင္း ေခၚယူ၍ အသိပညာေပး ေဆြးေႏြးျခင္း ျဖစ္ေၾကာင္း သိရသည္။

“သူတို႔ေတြကုိ ေခၚၿပီးေတာ့ ဒုစရိုက္မႈမ်ား မက်ဴးလြန္မိေအာင္၊ မိမိတို႔အသိုင္းအဝိုင္းမွာ က်ဴးလြန္မိသူ ရွိတယ္ဆိုရင္ သက္ဆိုင္ရာဌာနမွာ အေၾကာင္းၾကားေပးရန္ ေျပာတယ္။ ေနာက္ၿပီးေနရပ္ျပန္မယ့္သူကို ပို႔ေပးၿပီး ဒီမွာက်န္ခဲ့တဲ့ သူေတြကိုေတာ့ ညနက္ဖက္မွာ အျပင္ေတြ မထြက္ဖို႔ မွာၾကားတယ္”ဟု ပူးေပါင္းကူညီသည့္ အဖြဲ႕တစ္ခုျဖစ္သည့္ မဇၥ်ိမလူမႈေရးအသင္းဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

အဆိုပါ ပူးေပါင္းအဖြဲ႕အား ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဦးေဆာင္ကာ မီးသတ္တပ္ဖြဲ႕၊ စည္ပင္၊ ရပ္ေက်းအဖြဲ႕အစည္းႏွင့္ မဇၥ်ိမလူမႈေရးအသင္းတို႔ ပါဝင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မသုသာန္တြင္ ေနထိုင္သူ (၃၂)ဦးအနက္ (၁၄)ဦးမွာ ေနရပ္ျပန္လိုသျဖင့္ ၎တို႔ ေနရပ္ျပန္ႏုိင္ေရးကို အဆိုပါ ပူးေပါင္းအဖြဲ႕က ကူညီလုပ္ေဆာင္ေပးေနၿပီး အိမ္ရာမဲ့မ်ားအား ေဆြးေႏြး ပညာေပးမႈကို တစ္လတစ္ႀကိမ္ခန္႔ လုပ္ေဆာင္သြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒုစရိုက်မှုများလျော့နည်း ပပျောက်စေရေး လုပ်ဆောင်မှု အဖြစ် ရဲတပ်ဖွဲ့နှင့် အရပ်ဖက်အဖွဲ့များ ပူးပေါင်းအဖွဲ့ဖြင့် အိမ်ရာမဲ့ နေထိုင်သူများအား ပညာပေး ဟောပြောခြင်းနှင့် နေရပ်ပြန်လိုသူများအား ကူညီခြင်းတို့ကို မေလ (၂၅)ရက်နေ့က စတင် လုပ်ဆောင်နေကြောင်း သိရသည်။

“တာချီလိတ်မြို့မှာ ဒုစရိုက်မှုများ လျော့နည်းပပျောက်စေရေးအတွက်ဆိုပြီး လေလွင့်အခြေမဲ့လူငယ်တွေနဲ့ တံတားပေါ် တောင်းရမ်းစားသောက်နကြေတဲ့သူတွေကိုစုပြီး ပညာပေးမှုတွေဆောင်ရွက်တာပါ။ ဒီထဲမှာမှ နေရပ်ကို ပြန်ချင်တယ်ဆိုရင် ပြန်ပို့ပေးဖို့ စီစဉ်ဆောင်ရွက်ပေးသွားမှာပါ”ဟု တာချီလိတ်မြို့နယ်ရဲစခန်းမှ နယ်ထိန်းဒုခေါင်းဆောင် ဒုရဲအုပ် ကိုကိုဦးက ပြောသည်။

ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ သုသာန်တွင် နေထိုင်သည့် အိမ်ရာမဲ့ (၃၂)ဦးနှင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားပေါ်တွင် တောင်းရမ်းစားသောက်နေသူ (၁၃)ဦးတို့အား ရှမ်းရိုးမကွင်းအတွင်း ခေါ်ယူ၍ အသိပညာပေး ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့တွေကို ခေါ်ပြီးတော့ ဒုစရိုက်မှုများ မကျူးလွန်မိအောင်၊ မိမိတို့အသိုင်းအဝိုင်းမှာ ကျူးလွန်မိသူ ရှိတယ်ဆိုရင် သက်ဆိုင်ရာဌာနမှာ အကြောင်းကြားပေးရန် ပြောတယ်။ နောက်ပြီးနေရပ်ပြန်မယ့်သူကို ပို့ပေးပြီး ဒီမှာကျန်ခဲ့တဲ့ သူတွေကိုတော့ ညနက်ဖက်မှာ အပြင်တွေ မထွက်ဖို့ မှာကြားတယ်”ဟု ပူးပေါင်းကူညီသည့် အဖွဲ့တစ်ခုဖြစ်သည့် မဇ္ဈိမလူမှုရေးအသင်းဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

အဆိုပါ ပူးပေါင်းအဖွဲ့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့၊ စည်ပင်၊ ရပ်ကျေးအဖွဲ့အစည်းနှင့် မဇ္ဈိမလူမှုရေးအသင်းတို့ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့မသုသာန်တွင် နေထိုင်သူ (၃၂)ဦးအနက် (၁၄)ဦးမှာ နေရပ်ပြန်လိုသဖြင့်၎င်းတို့ နေရပ်ပြန်နိုင်ရေးကို အဆိုပါ ပူးပေါင်းအဖွဲ့က ကူညီလုပ်ဆောင်ပေးနပြေီး အိမ်ရာမဲ့များအား ဆွေးနွေး ပညာပေးမှုကို တစ်လတစ်ကြိမ်ခန့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~