တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္(အနီးေျပး)ယာဥ္လိုင္းေကာ္မတီအသစ္ ျပန္လည္ဖြဲ႔စည္း

တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္(အနီးေျပး)ယာဥ္လိုင္းေကာ္မတီအသစ္ ျပန္လည္ဖြဲ႔စည္း
မေ 30, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္း အနီးေျပး ခရီးသည္မ်ားအား ပို႔ေဆာင္ေပးေနသည့္ ေဟာင္လိတ္(အနီးေျပး)ယာဥ္လိုင္းေကာ္မတီ အသစ္အား ျပန္လည္ဖြဲ႔စည္း ေရြးခ်ယ္မႈအျဖစ္ ၂၀၁၇ခုႏွစ္ ေမလ(၃၀)ရက္ေန႔ ေန႔လယ္(၁)နာရီေက်ာ္ အခ်ိန္က တာခ်ီလိတ္ၿမိဳ႕ စက္မႈဇုန္အနီးရွိ အဆိုပါ  ယာဥ္လိုင္းဂိတ္တြင္ မဲစနစ္ျဖင့္ ေရြးခ်ယ္ရာ ယခင္အလုပ္အမႈေဆာင္အဖြဲ႔မွ ျပန္လည္ေရြးခ်ယ္ခံရေၾကာင္း သိရသည္။

အဆိုပါ ေရြးခ်ယ္ျခင္းအခမ္းအနားတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ မထသ ဥကၠဌ ဦးစ၀္စိုးလင္းမွ တက္ေရာက္ၿပီး ယာဥ္လိုင္းမ်ား စည္းကမ္းတက် ေျပးဆြဲရန္၊ ယာဥ္လိုင္းေျပးဆြဲသူအခ်င္းခ်င္း စည္းလံုးညီညႊတ္မႈရွိရန္ႏွင့္ အခ်င္းခ်င္း ေဖးမကူညီမႈမ်ား ရွိေစရန္အျပင္ ယာဥ္လိုင္းကိစၥမ်ားႏွင့္ ပတ္သက္၍ မိမိတို႔ ဘာသာ ေျဖရွင္းျခင္းကို မျပဳလုပ္ဘဲ မည္သည့္ကိစၥ ျဖစ္ေစ မထသသို႔ တင္ျပရန္ လိုအပ္ေၾကာင္း၊ မထသ မွ မည္သည့္ဘက္မွ မလိုက္ဘဲ ေျဖရွင္းေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ ဘ႑ာေငြကိစၥမ်ားႏွင့္
ပတ္သက္၍ လည္း အခ်င္းခ်င္း ပြင့္လင္းျမင္သာမႈရွိေစရန္ ခ်ျပသြားရန္ အျပင္ မထသ သို႔လည္း တစ္လတစ္ႀကိမ္ တင္ျပသြားရန္ လိုအပ္ေၾကာင္း ေျပာၾကားသည္။

အမႈေဆာင္သစ္ေရြးခ်ယ္ျခင္း မျပဳလုပ္မီတြင္ အမႈေဆာင္ေဟာင္းအဖြဲ႔က ဘ႑ာေငြစာရင္းရွင္းတမ္းကို ဖတ္ၾကားရွင္းလင္းၿပီး အမႈေဆာင္အျဖစ္မွ ႏႈတ္ထြက္ေၾကာင္း ေၾကညာကာ အမႈေဆာင္ေရြးခ်ယ္ျခင္းကို ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္သည္။

ယင္းအခမ္းအနားသို႔ ေဟာင္လိတ္(အနီးေျပး)ယာဥ္လိုင္းမွ တက္ေရာက္လာသူ (၃၈)ဦး၊ မယ္ယန္း၊ မိုင္းကိုး ယာဥ္လိုင္းတို႔မွ လာေရာက္ေလ့လာသူ (၅)ဦး စုစုေပါင္း (၄၃)ဦး တက္ေရာက္ခဲ့ၿပီး ေဟာင္လိတ္(အနီးေျပး)ယာဥ္လိုင္းမွ တက္ေရာက္လာသူ (၃၈)ဦးက  အမႈေဆာင္သစ္အတြက္ ဦး၀င္းဗိုလ္ ပါ၀င္သည့္ (၅)ဦး အဖြဲ႔အား အဖြဲ႔(၁)အျဖစ္ လည္းေကာင္း၊ ဦးဆန္းေငြလင္း (၅)ဦးအဖြဲ႔အား အဖြဲ႔ (၂)အျဖစ္ လည္းေကာင္း သတ္မွတ္ၿပီး မဲေပးေရြးခ်ယ္ရာ အဖြဲ႔(၁)မွ (၂၈)မဲ၊ အဖြဲ႔(၂)မွ (၉)မဲ၊ ၾကားေနမဲ (၁)မဲ ရွိရာ အဖြဲ႔(၁)မွ
အမႈေဆာင္သစ္အဖြဲ႔ ေရြးခ်ယ္ခံရျခင္း ျဖစ္သည္။

ေရြးခ်ယ္ခံရသည့္ အဖြဲ႔(၁)သည္ အမႈေဆာင္ေဟာင္းမ်ားျဖစ္ၿပီး ယခု ျပန္လည္ဖြဲ႔စည္းရာတြင္ ထပ္မံေရြးခ်ယ္ခံရျခင္း ျဖစ္ရာ ဦး၀င္းဗိုလ္ မွ ဥကၠဌ အျဖစ္လည္းေကာင္း၊ ဦးစိုးလြင္မွ အတြင္းေရးမွဴး အျဖစ္လည္းေကာင္း၊ ဦးလွမ်ဳိးမွ စည္းကမ္းထိန္းသိမ္းေရး အျဖစ္ လည္းေကာင္း၊ ဦးငယ္ေလးမွ လူမႈ/စီမံအျဖစ္ လည္းေကာင္း၊ ဦးစိုးပိုင္မွ ဘ႑ာေရးမွဴး အျဖစ္လည္းေကာင္း အသီးသီး
တာ၀န္ခြဲေ၀ ယူလိုက္ၾကေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ တာခ်ီလိတ္ၿမိဳ႕နယ္ မထသ ဥကၠဌ ဦးစ၀္စိုးလင္း၊ ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရိုင္တာ၀န္ခံ ဦးကိုကိုေအာင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ ပို႔/ဆက္ဌာနမွ ဒုတိယဦးစီးမွဴး ဦးခင္ေမာင္ေဌး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း )ျမန္မာႏိုင္ငံသတင္းစာဆရာအသင္း ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္ တို႔မွ တက္ေရာက္ခဲ့ၾကၿပီး သဘာပတိအျဖစ္ ေဆာင္ရြက္ေပးခဲ့ၾကသည္။

သတင္း - ကိုေဇာင္း
ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင်း အနီးပြေး ခရီးသည်များအား ပို့ဆောင်ပေးနေသည့် ဟောင်လိတ်(အနီးပြေး)ယာဉ်လိုင်းကော်မတီ အသစ်အား ပြန်လည်ဖွဲ့စည်း ရွေးချယ်မှုအဖြစ် ၂၀၁၇ခုနှစ် မေလ(၃၀)ရက်နေ့ နေ့လယ်(၁)နာရီကျော် အချိန်က တာချီလိတ်မြို့ စက်မှုဇုန်အနီးရှိ အဆိုပါ ယာဉ်လိုင်းဂိတ်တွင် မဲစနစ်ဖြင့် ရွေးချယ်ရာ ယခင်အလုပ်အမှုဆောင်အဖွဲ့မှ ပြန်လည်ရွေးချယ်ခံရကြောင်း သိရသည်။

အဆိုပါ ရွေးချယ်ခြင်းအခမ်းအနားတွင် တာချီလိတ်မြို့နယ် မထသ ဥက္ကဌ ဦးစဝ်စိုးလင်းမှ တက်ရောက်ပြီး ယာဉ်လိုင်းများ စည်းကမ်းတကျ ပြေးဆွဲရန်၊ ယာဉ်လိုင်းပြေးဆွဲသူအချင်းချင်း စည်းလုံးညီညွှတ်မှုရှိရန်နှင့် အချင်းချင်း ဖေးမကူညီမှုများ ရှိစေရန်အပြင် ယာဉ်လိုင်းကိစ္စများနှင့် ပတ်သက်၍ မိမိတို့ ဘာသာ ဖြေရှင်းခြင်းကို မပြုလုပ်ဘဲ မည်သည့်ကိစ္စ ဖြစ်စေ မထသသို့ တင်ပြရန် လိုအပ်ကြောင်း၊ မထသ မှ မည်သည့်ဘက်မှ မလိုက်ဘဲ ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေကိစ္စများနှင့်
ပတ်သက်၍ လည်း အချင်းချင်း ပွင့်လင်းမြင်သာမှုရှိစေရန် ချပြသွားရန် အပြင် မထသ သို့လည်း တစ်လတစ်ကြိမ် တင်ပြသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

အမှုဆောင်သစ်ရွေးချယ်ခြင်း မပြုလုပ်မီတွင် အမှုဆောင်ဟောင်းအဖွဲ့က ဘဏ္ဍာငွေစာရင်းရှင်းတမ်းကို ဖတ်ကြားရှင်းလင်းပြီး အမှုဆောင်အဖြစ်မှ နှုတ်ထွက်ကြောင်း ကြေညာကာ အမှုဆောင်ရွေးချယ်ခြင်းကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းအခမ်းအနားသို့ ဟောင်လိတ်(အနီးပြေး)ယာဉ်လိုင်းမှ တက်ရောက်လာသူ (၃၈)ဦး၊ မယ်ယန်း၊ မိုင်းကိုး ယာဉ်လိုင်းတို့မှ လာရောက်လေ့လာသူ (၅)ဦး စုစုပေါင်း (၄၃)ဦး တက်ရောက်ခဲ့ပြီး ဟောင်လိတ်(အနီးပြေး)ယာဉ်လိုင်းမှ တက်ရောက်လာသူ (၃၈)ဦးက အမှုဆောင်သစ်အတွက် ဦးဝင်းဗိုလ် ပါဝင်သည့် (၅)ဦး အဖွဲ့အား အဖွဲ့(၁)အဖြစ် လည်းကောင်း၊ ဦးဆန်းငွေလင်း (၅)ဦးအဖွဲ့အား အဖွဲ့ (၂)အဖြစ် လည်းကောင်း သတ်မှတ်ပြီး မဲပေးရွေးချယ်ရာ အဖွဲ့(၁)မှ (၂၈)မဲ၊ အဖွဲ့(၂)မှ (၉)မဲ၊ ကြားနေမဲ (၁)မဲ ရှိရာ အဖွဲ့(၁)မှ
အမှုဆောင်သစ်အဖွဲ့ ရွေးချယ်ခံရခြင်း ဖြစ်သည်။

ရွေးချယ်ခံရသည့် အဖွဲ့(၁)သည် အမှုဆောင်ဟောင်းများဖြစ်ပြီး ယခု ပြန်လည်ဖွဲ့စည်းရာတွင် ထပ်မံရွေးချယ်ခံရခြင်း ဖြစ်ရာ ဦးဝင်းဗိုလ် မှ ဥက္ကဌ အဖြစ်လည်းကောင်း၊ ဦးစိုးလွင်မှ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ဦးလှမျိုးမှ စည်းကမ်းထိန်းသိမ်းရေး အဖြစ် လည်းကောင်း၊ ဦးငယ်လေးမှ လူမှု/စီမံအဖြစ် လည်းကောင်း၊ ဦးစိုးပိုင်မှ ဘဏ္ဍာရေးမှူး အဖြစ်လည်းကောင်း အသီးသီး
တာဝန်ခွေဲဝ ယူလိုက်ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တာချီလိတ်မြို့နယ် မထသ ဥက္ကဌ ဦးစဝ်စိုးလင်း၊ မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်၊ တာချီလိတ်မြို့နယ် ပို့/ဆက်ဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်ဌေး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း )မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန် တို့မှ တက်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့ကြသည်။

သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~