ၾသစေတးလ်ႏိုင္ငံ၏ ပံ့ပိုးမႈျဖင့္ ဖြင့္လွစ္သည့္ ေတာင္ႀကီးေဘာ္လီေဘာသင္တန္း အမ်ိဳးသမီး ၅၄ ဦးတက္ေရာက္

ၾသစေတးလ်ႏိုင္ငံ၏ ပံ့ပိုးမႈျဖင့္ ဖြင့္လွစ္သည့္ ေတာင္ႀကီးေဘာ္လီေဘာသင္တန္း အမ်ိဳးသမီး ၅၄ ဦးတက္ေရာက္
မေ 17, 2017
By Tachileik News Agency

ေရာင္စံုမိန္းကေလးမ်ားအစီအစဥ္ျဖင့္ ၾသစေတးလ်ႏိုင္ငံ၏ ပံ့ပိုးမႈျဖင့္ ၾသစေတးလ် ေဘာ္လီေဘာနည္းျပ ကစားသမားမ်ား သင္ၾကားမည့္ ျမန္မာအမ်ိဳးသမီးေဘာ္လီေဘာသင္တန္းမ်ားကို ပို႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ျမန္မာအမ်ဳိးသမီးငယ္ (၅၄) ဦးတို႔ကို ေတာင္ႀကီးတကၠသိုလ္ အားကစားကြင္းတြင္ ေမလ (၁၀) ရက္ေန႔မွ (၁၈) ရက္ေန႔အထိ သင္တန္းပို႔ခ်ေနေၾကာင္း သိရသည္။

“ကၽြန္မတို႔ မ၀င္ရေသးတဲ့နယ္ေတြကိုေတာ့ ဒီႏွစ္ထဲစ၀င္မွာပါ။ အဖြဲ႕အစည္းက ဂဲလ္ဒီတာမိုင္းပါ ။ အစီအစဥ္ အေနနဲ႔ကေတာ့ ေရာင္စံုမိန္းကေလးမ်ား အစီအစဥ္လို႕ေခၚပါတယ္။ ေတာင္ႀကီးမွာက သင္တန္းျဖစ္ေျမာက္မႈကို အားကစားႏွင့္ကာယသိပၸံ ျပည္နယ္မွဴးကေန အမ်ားၾကီးပံ့ပိုးခဲ႕ပါတယ္။ ဒီအစီအစဥ္ကေတာ့ ေဘာ္လီေဘာ ၾသစေတးလ်အဖြဲ႕နဲ႕ ေရာင္စံုမိန္းကေလးမ်ားအဖြဲ႕ပူးေပါင္းတာက ပထမဆံုးအၾကိမ္ျဖစ္ပါတယ္” ဟု အားကစားအစီအစဥ္ညိႇႏိႈင္းေရးမွဴး ဂ်ဳိးစဖင္း ကေျပာသည္။

အဆိုပါသင္တန္း၏ ရည္ရြယ္ခ်က္မွာ ဆယ္ေက်ာ္သက္မိန္းကေလးမ်ားအား အားကစားနည္းပညာမ်ားကို လက္ဆင့္ကမ္းနိုင္ရန္ျဖစ္ၿပီး ၾသစေတးလ် သံရံုး၊ ဂဲလ္ဒီတာမိုင္းတို႔၏ ပူးေပါင္းစီစဥ္မႈျဖစ္ေၾကာင္း သိရသည္။

“ေႏြရာသီအားကစားသင္တန္းလုပ္ျဖစ္တာက ၾသစေတးလ်အစိုးရကေနေထာက္ပံ့မႈနဲ႕ သင္တန္းေတြ လုပ္ျဖစ္ပါတယ္။ (၁၀) ရက္သင္တန္းပါ။ အဲဒီသင္တန္းအျပင္ ေရာင္စံုမိန္းကေလးမ်ား အားကစားအဖြဲ႕ ကေန ျပန္လည္ေရြးခ်ယ္ ထားျခင္းျဖစ္ပါတယ္။ အားကစားအစီအစဥ္မွာက တစ္ႏွစ္ပတ္လံုးမွာ အားကစားတစ္ႀကိမ္ ဝင္ပါတယ္။ ေဘာလီေဘာ ၾသစေတးလ်အဖြဲ႕ကေတာ့ နည္းျပသင္တန္း ဆရာမေတြကေတာ့ သင္တန္း (၁၀) ရက္ကာလမွာပဲ နည္းျပလုပ္ေပးပါတယ္” ဟု အားကစားအစီအစဥ္ ညိႇႏိႈင္းေရးမွဴး ဂ်ဳိးစဖင္း ကေျပာသည္။

ေရာင္စံုမိန္းကေလးမ်ားအစီအစဥ္အား တိုင္းေဒသႀကီး (၆)ခုတြင္ ေဆာင္ရြက္ခဲ့ၿပီး ထူးခၽြန္သူမ်ားအား နည္းျပမ်ားအျဖစ္ ျပန္လည္ေရြးခ်ယ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရောင်စုံမိန်းကလေးများအစီအစဉ်ဖြင့် သြစတေးလျနိုင်ငံ၏ ပံ့ပိုးမှုဖြင့် သြစတေးလျ ဘော်လီဘောနည်းပြ ကစားသမားများ သင်ကြားမည့် မြန်မာအမျိုးသမီးဘော်လီဘောသင်တန်းများကို ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသမီးငယ် (၅၄) ဦးတို့ကို တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင် မေလ (၁၀) ရက်နေ့မှ (၁၈) ရက်နေ့အထိ  သင်တန်းပို့ချနေကြောင်း သိရသည်။

“ကျွန်မတို့ မဝင်ရသေးတဲ့နယ်တွေကိုတော့ ဒီနှစ်ထဲစဝင်မှာပါ။ အဖွဲ့အစည်းက ဂဲလ်ဒီတာမိုင်းပါ။ အစီအစဉ် အနေနဲ့ကတော့ ရောင်စုံမိန်းကလေးများ အစီအစဉ်လို့ခေါ်ပါတယ်။ တောင်ကြီးမှာက သင်တန်းဖြစ်မြောက်မှုကို အားကစားနှင့်ကာယသိပ္ပံ ပြည်နယ်မှူးကနေ အများကြီးပံ့ပိုးခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ ဘော်လီဘော သြစတေးလျအဖွဲ့နဲ့ ရောင်စုံမိန်းကလေးများအဖွဲ့ပူးပေါင်းတာက ပထမဆုံးအကြိမ်ဖြစ်ပါတယ်” ဟု အားကစားအစီအစဉ်ညှိနှိုင်းရေးမှူး ဂျိုးစဖင်း ကပြောသည်။

အဆိုပါသင်တန်း၏ ရည်ရွယ်ချက်မှာ ဆယ်ကျော်သက်မိန်းကလေးများအား အားကစားနည်းပညာများကို လက်ဆင့်ကမ်းနိုင်ရန်ဖြစ်ပြီး သြစတေးလျ သံရုံး၊ ဂဲလ်ဒီတာမိုင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြစ်ကြောင်း သိရသည်။

“နွေရာသီအားကစားသင်တန်းလုပ်ဖြစ်တာက သြစတေးလျအစိုးရကနေထောက်ပံ့မှုနဲ့ သင်တန်းတွေ လုပ်ဖြစ်ပါတယ်။ (၁၀) ရက်သင်တန်းပါ။ အဲဒီသင်တန်းအပြင် ရောင်စုံမိန်းကလေးများ အားကစားအဖွဲ့ ကနေ ပြန်လည်ရွေးချယ် ထားခြင်းဖြစ်ပါတယ်။ အားကစားအစီအစဉ်မှာက တစ်နှစ်ပတ်လုံးမှာ အားကစားတစ်ကြိမ် ဝင်ပါတယ်။ ဘောလီဘော သြစတေးလျအဖွဲ့ကတော့ နည်းပြသင်တန်း ဆရာမတွေကတော့ သင်တန်း (၁၀) ရက်ကာလမှာပဲ နည်းပြလုပ်ပေးပါတယ်” ဟု အားကစားအစီအစဉ် ညှိနှိုင်းရေးမှူး ဂျိုးစဖင်း ကပြောသည်။

ရောင်စုံမိန်းကလေးများအစီအစဉ်အား တိုင်းဒေသကြီး (၆)ခုတွင် ဆောင်ရွက်ခဲ့ပြီး ထူးချွန်သူများအား နည်းပြများအဖြစ် ပြန်လည်ရွေးချယ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~