က်ပ္ တစ္ေသာင္းခြဲခန္႔ တန္ဖိုးရွိ ဘိန္းစိမ္းေၾကာင့္ မိုင္းျဖတ္တြင္ အမ်ဳိးသားတစ္ဦး အဖမ္းခံရ

က်ပ္ တစ္ေသာင္းခြဲခန္႔ တန္ဖိုးရွိ ဘိန္းစိမ္းေၾကာင့္ မိုင္းျဖတ္တြင္ အမ်ဳိးသားတစ္ဦး အဖမ္းခံရ
မေ 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕ရွိ ရႈခင္းသာေဂါက္ကြင္းအနီးတြင္ အမ်ဳိးသား တစ္ဦးထံက က်ပ္တစ္ေသာင္းခြဲဖိုးခန္႔တန္ဖိုးရွိ ဘိန္းစိမ္း အေလးခ်ိန္ (၂၂.၅)ဂရမ္ခန္႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္၊ ၀မ္ေဟြရပ္ကြက္၊ ရႈခင္းသာေဂါက္ကြင္းအနီးတြင္ ေမလ (၇)ရက္ေန႔ ေန႔လယ္ (၁၂)နာရီ၀န္းက်င္ အခ်ိန္က လမ္းေလွ်ာက္လာသူ မသကၤာဖြယ္ အမ်ဳိးသားတစ္ဦးအား မိုင္းျဖတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူမ်ားက စစ္ေဆးေမးျမန္းရာမွ ၎၏အက်ႌအိတ္ကပ္အတြင္းမွ ဘိန္းစိမ္းဟု ယူဆရသည့္ ကာလတန္ဖိုး (၁၅၀၀၀)က်ပ္ခန္႔ရွိ အညိဳေရာင္အေစး အေလးခ်ိန္ (၂၂.၅)ဂရမ္ခန္႔အား ေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးႏွင့္အတူ ေတြ႕ရွိရသည့္ အသက္ (၂၆)ႏွစ္အရြယ္ ေမာရွည္အား သက္ေသမ်ားႏွင့္အတူ စစ္ေဆးရာ ၎သည္ ဆြပ္ပေလာင္းေက်းရြာတြင္ ေနထုိင္သူျဖစ္ေၾကာင္း သိရၿပီး အက်ႌအိတ္ကပ္အတြင္း ကြမ္းယာေဆးဘူးခြံျဖင့္ ထည့္ထားသည့္ ဘိန္းစိမ္းဟုယူဆရသည့္ အညိဳေရာင္အေစးမ်ားအား ေတြ႔ရသျဖင့္ မူးယစ္ေဆးဝါး သံုးစြဲရန္အလို႔ငွာ လက္ဝယ္ထားရိွမႈျဖင့္ အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
အဆိုပါ အမ်ိဳးသားအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁/၂၀၁၇၊ မူး/စိတ္ပုဒ္မ - ၁၅/၁၆ (ဂ)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ ရှုခင်းသာဂေါက်ကွင်းအနီးတွင် အမျိုးသား တစ်ဦးထံက ကျပ်တစ်သောင်းခွဲဖိုးခန့်တန်ဖိုးရှိ ဘိန်းစိမ်း အလေးချိန် (၂၂.၅)ဂရမ်ခန့်အား ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်၊ ရှုခင်းသာဂေါက်ကွင်းအနီးတွင် မေလ (၇)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင် အချိန်က လမ်းလျှောက်လာသူ မသင်္ကာဖွယ် အမျိုးသားတစ်ဦးအား မိုင်းဖြတ်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက စစ်ဆေးမေးမြန်းရာမှ၎င်း၏အင်္ကျီအိတ်ကပ်အတွင်းမှ ဘိန်းစိမ်းဟု ယူဆရသည့် ကာလတန်ဖိုး (၁၅၀၀၀)ကျပ်ခန့်ရှိ အညိုရောင်အစေး အလေးချိန် (၂၂.၅)ဂရမ်ခန့်အား တွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ တွေ့ရှိရသည့် အသက် (၂၆)နှစ်အရွယ် မောရှည်အား သက်သေများနှင့်အတူ စစ်ဆေးရာ၎င်းသည် ဆွပ်ပလောင်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး အင်္ကျီအိတ်ကပ်အတွင်း ကွမ်းယာဆေးဘူးခွံဖြင့် ထည့်ထားသည့် ဘိန်းစိမ်းဟုယူဆရသည့် အညိုရောင်အစေးများအား တွေ့ရသဖြင့် မူးယစ်ဆေးဝါး သုံးစွဲရန်အလို့ငှါ လက်ဝယ်ထားရှိမှုဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ အမျိုးသားအား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ) ၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ - ၁၅/၁၆ (ဂ)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~