ေက်ာက္မဲၿမိဳ႕တြင္ တပ္မေတာ္ အစီအစဥ္ျဖင့္ တန္ဖိုးသင့္ထမင္းဟင္းလ်ာ ေရာင္းခ်

ေက်ာက္မဲၿမိဳ႕တြင္ တပ္မေတာ္ အစီအစဥ္ျဖင့္ တန္ဖိုးသင့္ထမင္းဟင္းလ်ာ ေရာင္းခ်
မေ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ အမွတ္(၁) စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္က တန္ဖိုးသင့္ထမင္း ဟင္းလ်ာမ်ားကို ဗဟိုေစ်းေတာင္ဘက္တြင္  ေရာင္းခ်ေပးေနေသာ္လည္း ေရာင္းခ်မည့္ရက္ အတိအက် သတ္မွတ္ထားျခင္း မရိွေၾကာင္း သိရသည္။

 “အစီအစဥ္ကေတာ့ တပ္ရဲ႕ အစီအစဥ္နဲ႔ ေရာင္းခ်ေပးတာျဖစ္ပါတယ္။ အခ်ိန္ကို ပံုမွန္ သတ္မွတ္ထားတာရယ္ေတာ့ မရွိပါဘူး။ လာမယ့္ မိုးရာသီအထိ ဒီလိုတန္ဖိုးသင့္ ထမင္းဟင္းလ်ာေတြကို အခန္႔သင့္တဲ့ အခ်ိန္တိုင္း ေရာင္းခ်ေပးသြားဖို႔ စီစဥ္ထားပါတယ္”ဟု တန္ဖိုးသင့္ ထမင္းဟင္းလ်ာ ေရာင္းခ်သည့္ တပ္မိသားစုမွ အရာရွိ တစ္ဦးက ေျပာသည္။

တန္ဖိုးသင့္ ထမင္းဟင္းလ်ာမ်ားအား အသားငါးႏွင့္ အသီးအရြက္ဟင္းမ်ိဳးစံုကိုု က်ပ္ (၁၀၀)ဖိုးမွစ၍ သက္သာသည့္ႏႈန္းထားမ်ားျဖင့္ ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ခ်က္တဲ့ လက္ရာေတြလည္း စားလို႔ေကာင္းပါတယ္။ ျဖစ္သလိုခ်က္ထားတာ မဟုတ္ေလာက္ဘူး။ ၿပီးေတာ့ ဟင္းဆိုရင္လည္း (၂၀၀) ဖိုး (၃၀၀) ဖိုးေတာင္ဝယ္လို႔ရတယ္ေလ။ ၾကက္ဥဆိုရင္လည္း တစ္ေထာင္က်ပ္ဖိုးဆို (၁၁) လံုးေတာင္ရတယ္။ ခုလို မၾကာမၾကာ လာေရာင္းေပးမယ္ဆိုရင္ေတာ့ အေျခခံ လူတန္းစားေတြအတြက္ အရမ္းအဆင္ေျပပါတယ္ “ဟုတန္ဖိုးသင့္ထမင္းဟင္းလ်ာ ဝယ္ယူေနသည့္ မသန္းသန္းေအးက ေျပာသည္။

တန္ဖိုးသင့္ ဟင္းလ်ာမ်ားအား ဧၿပီလ တတိယပတ္တြင္ စတင္ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး မိုးရာသီကာလအတြင္း အလ်ဥ္းသင့္သလို ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က တန်ဖိုးသင့်ထမင်း ဟင်းလျာများကို ဗဟိုဈေးတောင်ဘက်တွင် ရောင်းချပေးနေသော်လည်း ရောင်းချမည့်ရက် အတိအကျ သတ်မှတ်ထားခြင်း မရှိကြောင်း သိရသည်။

 “အစီအစဉ်ကတော့ တပ်ရဲ့ အစီအစဉ်နဲ့ ရောင်းချပေးတာဖြစ်ပါတယ်။ အချိန်ကို ပုံမှန် သတ်မှတ်ထားတာရယ်တော့ မရှိပါဘူး။ လာမယ့် မိုးရာသီအထိ ဒီလိုတန်ဖိုးသင့် ထမင်းဟင်းလျာတွေကို အခန့်သင့်တဲ့ အချိန်တိုင်း ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်”ဟု တန်ဖိုးသင့် ထမင်းဟင်းလျာ ရောင်းချသည့် တပ်မိသားစုမှ အရာရှိ တစ်ဦးက ပြောသည်။

တန်ဖိုးသင့် ထမင်းဟင်းလျာများအား အသားငါးနှင့် အသီးအရွက်ဟင်းမျိုးစုံကို ကျပ် (၁၀၀)ဖိုးမှစ၍ သက်သာသည့်နှုန်းထားများဖြင့် ရောင်းချပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“ချက်တဲ့ လက်ရာတွေလည်း စားလို့ကောင်းပါတယ်။ ဖြစ်သလိုချက်ထားတာ မဟုတ်လောက်ဘူး။ ပြီးတော့ ဟင်းဆိုရင်လည်း (၂၀၀) ဖိုး (၃၀၀) ဖိုးတောင်ဝယ်လို့ရတယ်လေ။ ကြက်ဥဆိုရင်လည်း တစ်ထောင်ကျပ်ဖိုးဆို (၁၁) လုံးတောင်ရတယ်။ ခုလို မကြာမကြာ လာရောင်းပေးမယ်ဆိုရင်တော့ အခြေခံ လူတန်းစားတွေအတွက် အရမ်းအဆင်ပြေပါတယ် “ဟုတန်ဖိုးသင့်ထမင်းဟင်းလျာ ဝယ်ယူနေသည့် မသန်းသန်းအေးက ပြောသည်။

တန်ဖိုးသင့် ဟင်းလျာများအား ဧပြီလ တတိယပတ်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး မိုးရာသီကာလအတွင်း အလျဉ်းသင့်သလို ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~