ပြည်တွင်းလေကြောင်းလိုင်းများ ပေါင်ပိုတင်ဆောင်ခနှုန်းထားများ ပြင်ဆင်ရန်မရှိကြောင်း လွှတ်တော်တွင် ဒုဝန်ကြီး ဖြေကြား

ပြည်တွင်းလေကြောင်းလိုင်းများ ပေါင်ပိုတင်ဆောင်ခနှုန်းထားများ ပြင်ဆင်ရန်မရှိကြောင်း လွှတ်တော်တွင် ဒုဝန်ကြီး ဖြေကြား
မေ 29, 2017
By Tachileik News Agency

ပြည်တွင်းလေကြောင်းလိုင်းများတွင် ပေါင်ပိုတင်ဆောင်ခ ကောက်ခံခြင်းသည် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီ၍ လက်ရှိ သတ်မှတ်နှုန်းထားအား ပြင်ဆင်သတ်မှတ်ရန် မရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက မေလ(၂၉)ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဖြေကြားလိုက်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၏ ဆဋ္ဌမနေ့ဖြစ်သည့် မေလ(၂၉)ရက်နေ့တွင် ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေက မြန်မာ့အမျိုးသားလေကြောင်းနှင့် ပုဂ္ဂလိက လေကြောင်းခရီးစဉ်တွင် လေကြောင်းဖြင့် လိုက်ပါမည့် ခရီးသည် ရပိုင်ခွင့် ထက်ပိုသော ပစ္စည်းတင်ခကို လေယာဉ်ပျံသန်းချိန်၊ အကွာအဝေးနှင့် မိနစ်သတ်မှတ်နှုန်းထားဖြင့် ကောက်ခံနေခြင်းအား ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခြင်းအား ယင်းကဲ့သို့ ဖြေကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာ လေကြောင်းလိုင်းများအနေဖြင့် ခရီးသည်ရပိုင်ခွင့်ထက် ပိုသောပစ္စည်းအတွက် ပစ္စည်း အလေးချိန်၊ သေတ္တာအလုံးရေ၊ စက်သုံးဆီဈေးနှုန်း၊ ခရီးအကွာအဝေး သို့မဟုတ် ပျံသန်းချိန်တို့ အပေါ် မူတည်ပြီး ပေါင်ပိုသယ်ဆောင်ခကို ကောက်ခံလျက်ရှိသဖြင့် ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် ပေါင်ပို တင်ဆောင်ခ ကောက်ခံခြင်းသည် လုပ်ထုံးလုပ်နည်း ညီညွတ်သည်ဟု ဖြေကြားခြင်းဖြစ်သည်။


အခြား ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများ အနေဖြင့် ပေါင်ပိုတင်ဆောင်ခကို ပျံသန်းချိန် တစ်နာရီအောက် ခရီးစဉ်အတွက် တစ်ကီလိုလျှင် ကျပ် (၁၀၀၀)၊ ပျံသန်းချိန် တစ်နာရီမှ နှစ်နာရီအတွင်း ခရီးစဉ်အတွက် တစ်ကီလိုလျှင် ကျပ် (၂၀၀၀)နှင့် ပျံသန်းချိန် နှစ်နာရီနဲ့အထက် ခရီးစဉ်အတွက် တစ်ကီလိုလျှင် ကျပ် (၃၀၀၀) အသီးသီး ကောက်ခံလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ကချင်ပြည်နယ် ပူတာအိုမြို့သည် ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ (၁၄၈၀)တွင်ရှိပြီး မြစ်ကြီးနားမြို့နှင့် (၁၁၈)မိုင်အကွာတွင်ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် လေကြောင်းလိုင်းကို အားထားအသုံးပြုရသည့် ဒေသဖြစ်သည်။

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်တွင်းလေကြောင်းလိုင်းများတွင် ပေါင်ပိုတင်ဆောင်ခ ကောက်ခံခြင်းသည် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီ၍ လက်ရှိ သတ်မှတ်နှုန်းထားအား ပြင်ဆင်သတ်မှတ်ရန် မရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက မေလ(၂၉)ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဖြကြေားလိုက်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး၏ ဆဋ္ဌမနေ့ဖြစ်သည့် မေလ(၂၉)ရက်နေ့တွင် ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေက မြန်မာ့အမျိုးသားလေကြောင်းနှင့် ပုဂ္ဂလိက လေကြောင်းခရီးစဉ်တွင် လေကြောင်းဖြင့် လိုက်ပါမည့် ခရီးသည် ရပိုင်ခွင့် ထက်ပိုသော ပစ္စည်းတင်ခကို လေယာဉ်ပျံသန်းချိန်၊ အကွာအဝေးနှင့် မိနစ်သတ်မှတ်နှုန်းထားဖြင့် ကောက်ခံနခြေင်းအား ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခြင်းအား ယင်းကဲ့သို့ ဖြကြေားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာ လေကြောင်းလိုင်းများအနဖြေင့် ခရီးသည်ရပိုင်ခွင့်ထက် ပိုသောပစ္စည်းအတွက် ပစ္စည်း အလေးချိန်၊ သေတ္တာအလုံးရေ၊ စက်သုံးဆီဈေးနှုန်း၊ ခရီးအကွာအဝေး သို့မဟုတ် ပျံသန်းချိန်တို့ အပေါ် မူတည်ပြီး ပေါင်ပိုသယ်ဆောင်ခကို ကောက်ခံလျက်ရှိသဖြင့် ပြည်တွင်းလေကြောင်းလိုင်းများအနဖြေင့် ပေါင်ပို တင်ဆောင်ခ ကောက်ခံခြင်းသည် လုပ်ထုံးလုပ်နည်း ညီညွတ်သည်ဟု ဖြကြေားခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ခရီးသည်တစ်ဦးလျှင် လက်ဆွဲ (၇)ကီလိုနှင့် အပ်နှံပစ္စည်း (ဝန်စည်စလယ်) ကီလို (၂၀) ကို အခမဲ့ သယ်ဆောင်ခွင့်ပြုထားပြီး၎င်း သတ်မှတ်ချက်ထက် ကျော်လွန်သည့် အပ်နှံပစ္စည်းများကို ပေါင်ပိုတင်ဆောင်ခ တစ်ကီလိုလျှင် ကျပ် (၂၀၀၀)၊ ကုန်စည် တင်ဆောင်ခ တစ်ကီလိုလျှင် (၃၆၀)ကျပ်နှုန်းဖြင့် သတ်မှတ် ကောက်ခံနေကြောင်း သိရသည်။

အခြား ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများ အနဖြေင့် ပေါင်ပိုတင်ဆောင်ခကို ပျံသန်းချိန် တစ်နာရီအောက် ခရီးစဉ်အတွက် တစ်ကီလိုလျှင် ကျပ် (၁၀၀၀)၊ ပျံသန်းချိန် တစ်နာရီမှ နှစ်နာရီအတွင်း ခရီးစဉ်အတွက် တစ်ကီလိုလျှင် ကျပ် (၂၀၀၀)နှင့် ပျံသန်းချိန် နှစ်နာရီနဲ့အထက် ခရီးစဉ်အတွက် တစ်ကီလိုလျှင် ကျပ် (၃၀၀၀) အသီးသီး ကောက်ခံလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ကချင်ပြည်နယ် ပူတာအိုမြို့သည် ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ (၁၄၈၀)တွင်ရှိပြီး မြစ်ကြီးနားမြို့နှင့် (၁၁၈)မိုင်အကွာတွင်ရှိနပြေီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် လေကြောင်းလိုင်းကို် အားထားအသုံးပြုရသည့် ဒေသဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~