မႏၱေလး ႏွင့္ ပုသိမ္တို႔တြင္ ေဘာလုံးအကယ္ဒမီ တက္ေရာက္ရန္အတြက္ တာခ်ီလိတ္မွ လူငယ္(၄)ဦး ေရြးခ်ယ္ခံရ

မႏၱေလး ႏွင့္ ပုသိမ္တို႔တြင္ ေဘာလုံးအကယ္ဒမီ တက္ေရာက္ရန္အတြက္ တာခ်ီလိတ္မွ လူငယ္(၄)ဦး ေရြးခ်ယ္ခံရ
မေ 22, 2017
By Tachileik News Agency

ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္၏ ေဘာလုံးအကယ္ဒမီမ်ားတြင္ ယခုႏွစ္အတြက္ ရွမ္းျပည္နယ္မွွ ေဘာလုံးကစား သမား (၇)ဦး ပညာသင္ၾကားခြင့္ ေရြးခ်ယ္ခံရသည့္အနက္ တာခ်ီလိတ္ၿမိဳ႕မွ (၄)ဦး ပါဝင္ရာ (၄)ဦး အနက္ (၃)ဦးမွာ  မႏၱေလးတြင္ တက္ခြင့္ရမွာ ျဖစ္ၿပီး က်န္(၁)ဦးမွာ ပုသိမ္တြင္ တက္ခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။

ေရြးခ်ယ္ခံရသူ လူငယ္မ်ားမွာ  ေမာင္ခ်ီးမူ၊ ေမာင္ေက်ာ္လင္းေ၀၊ ေမာင္ေနကိုဟိန္း ႏွင့္ ေမာင္ရႈိင္း၀ဏၰေအာင္တို႔ ျဖစ္ၿပီး တို႔ (၄)ဦး အနက္  ေမာင္ခ်ီးမူသည္ ျမန္မာေဘာလံုးအကယ္ဒမီ(ပုသိမ္)တြင္ တက္ေရာက္ခြင့္ ရရန္အတြက္ ေရြးခ်ယ္ခံထားရၿပီး က်န္(၃)ဦးျဖစ္သည့္ ေမာင္ေက်ာ္လင္းေ၀၊ ေမာင္ေနကိုဟိန္း ႏွင့္ ေမာင္ရႈိင္း၀ဏၰေအာင္တို႔သည္ ျမန္မာေဘာလံုးအကယ္ဒမီ(မႏၱေလး)တြင္ တက္ေရာက္ႏိုင္ရန္အတြက္ ေရြးခ်ယ္ခံရေၾကာင္း သိရသည္။

"ေရြးခံရတဲ့ ကေလးေတြက ႏိုင္ငံျခား နည္းျပဆရာေတြနဲ ့ အကယ္ဒမီေက်ာင္းတက္ခြင့္ရမယ္။ ေနာက္ၿပီး အတန္းပညာကအစ အခမဲ့ သင္ခြင့္ရမယ္။ အဂၤလိပ္စာေတြက အစ ေကာင္းေအာင္ သင္ေပးဖို ့ရိွတယ္ဗ်။ သူတို ့ရဲ ့ ပညာေရးလည္း မနိမ့္က်ေအာင္၊ အားကစား အရည္အခ်င္းလည္း မနိမ့္က်ေအာင္ သူတို ့ရဲ ့ ျမန္မာ့လက္ေရြးစင္ သက္တမ္းအလိုက္ေတြ ျဖစ္ေအာင္ဆိုတဲ့ အစီအစဥ္အတိုင္း သြားပါလိမ့္မယ္ဗ်။"ဟု အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ တာခ်ီလိတ္ၿမိဳ႕နယ္ တာ၀န္ခံ ဦးသန္းလိႈင္က ေျပာသည္။

အဆိုပါ လူငယ္(၄)ဦးသည္ သတ္မွတ္ထားသည့္ ၿမိဳ႕မ်ားရွိ သင္တန္းေက်ာင္းသို႔ ေမလ(၂၅)ရက္ေန႔ အေရာက္သြားရမည္ျဖစ္သည့္အတြက္ ေမလ(၂၄)ရက္ေန႔တြင္ တာခ်ီလိတ္မွ တဆင့္ ပုသိမ္ ႏွင့္ မႏၱေလးသို႔ သြားေရာက္မွာ ျဖစ္ေၾကာင္းႏွင့္ ၎တို႔သည္ ေနာက္ဆံုးအဆင့္အေနျဖင့္ က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္ရမွာ ျဖစ္ေၾကာင္း သိရသည္။

အေရြးခ်ယ္ ခံရသည့္ ကစားသမားမ်ားကို အသဲေရာင္အသား၀ါ A၊B၊C ပိုးမ်ား စစ္ေဆးျခင္း၊ ေသြးအား ေကာင္းမြန္ႏႈန္း စစ္ေဆးျခင္း၊ MRI အရိုးဓာတ္မွန္ရိုက္ျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး အဆိုပါ စစ္ေဆးမႈက်ရံႈးသည့္ ကစားသမားမ်ားႏွင့္ အေထာက္အထား စာရြက္စာတမ္းမ်ား အတုအပ ျပဳလုပ္ထားေၾကာင္း စစ္ေဆးေတြ ့ရိွသည့္ ကစားသမားမ်ားမွာ ေဘာလုံးအကယ္ဒမီ တက္ေရာက္ခြင့္ စြန္ ့ လႊတ္ရမည္ ျဖစ္ၿပီး ၎တို ့၏ ေနရာတြင္ အရန္ ေရြးခ်ယ္ခံထားရသည့္ ကစားသမားမ်ားကို ထည့္သြင္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ဓာတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးအကယ်ဒမီများတွင် ယခုနှစ်အတွက် ရှမ်းပြည်နယ်မှ ဘောလုံးကစား သမား (၇)ဦး ပညာသင်ကြားခွင့် ရွေးချယ်ခံရသည့်အနက် တာချီလိတ်မြို့မှ (၄)ဦး ပါဝင်ရာ (၄)ဦး အနက် (၃)ဦးမှာ မန္တလေးတွင် တက်ခွင့်ရမှာ ဖြစ်ပြီး ကျန်(၁)ဦးမှာ ပုသိမ်တွင် တက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရသူ လူငယ်များမှာ မောင်ချီးမူ၊ မောင်ကျော်လင်းေဝ၊ မောင်နေကိုဟိန်း နှင့် မောင်ရှိုင်းဝဏ္ဏအောင်တို့ ဖြစ်ပြီး တို့ (၄)ဦး အနက် မောင်ချီးမူသည် မြန်မာဘောလုံးအကယ်ဒမီ(ပုသိမ်)တွင် တက်ရောက်ခွင့် ရရန်အတွက် ရွေးချယ်ခံထားရပြီး ကျန်(၃)ဦးဖြစ်သည့် မောင်ကျော်လင်းေဝ၊ မောင်နေကိုဟိန်း နှင့် မောင်ရှိုင်းဝဏ္ဏအောင်တို့သည် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)တွင် တက်ရောက်နိုင်ရန်အတွက် ရွေးချယ်ခံရကြောင်း သိရသည်။

"ရွေးခံရတဲ့ ကလေးတွေက နိုင်ငံခြား နည်းပြဆရာတွေနဲ့ အကယ်ဒမီကျောင်းတက်ခွင့်ရမယ်။ နောက်ပြီး အတန်းပညာကအစ အခမဲ့ သင်ခွင့်ရမယ်။ အင်္ဂလိပ်စာတွေက အစ ကောင်းအောင် သင်ပေးဖို့ရှိတယ်ဗျ။ သူတို့ရဲ့ ပညာရေးလည်း မနိမ့်ကျအောင်၊ အားကစား အရည်အချင်းလည်း မနိမ့်ကျအောင် သူတို့ရဲ့ မြန်မာ့လက်ရွေးစင် သက်တမ်းအလိုက်တွေ ဖြစ်အောင်ဆိုတဲ့ အစီအစဉ်အတိုင်း သွားပါလိမ့်မယ်ဗျ။"ဟု အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာချီလိတ်မြို့နယ် တာဝန်ခံ ဦးသန်းလှိုင်က ပြောသည်။

အဆိုပါ လူငယ်(၄)ဦးသည် သတ်မှတ်ထားသည့် မြို့များရှိ သင်တန်းကျောင်းသို့ မေလ(၂၅)ရက်နေ့ အရောက်သွားရမည်ဖြစ်သည့်အတွက် မေလ(၂၄)ရက်နေ့တွင် တာချီလိတ်မှ တဆင့် ပုသိမ် နှင့် မန္တလေးသို့ သွားရောက်မှာ ဖြစ်ကြောင်းနှင့်၎င်းတို့သည် နောက်ဆုံးအဆင့်အနဖြေင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရမှာ ဖြစ်ကြောင်း သိရသည်။

အရွေးချယ် ခံရသည့် ကစားသမားများကို အသဲရောင်အသားဝါ A၊B၊C ပိုးများ စစ်ဆေးခြင်း၊ သွေးအား ကောင်းမွန်နှုန်း စစ်ဆေးခြင်း၊ MRI အရိုးဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ စစ်ဆေးမှုကျရှုံးသည့် ကစားသမားများနှင့် အထောက်အထား စာရွက်စာတမ်းများ အတုအပ ပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိသည့် ကစားသမားများမှာ ဘောလုံးအကယ်ဒမီ တက်ရောက်ခွင့် စွန့် လွှတ်ရမည် ဖြစ်ပြီး၎င်းတို့၏ နေရာတွင် အရန် ရွေးချယ်ခံထားရသည့် ကစားသမားများကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~