တာခ်ီလိတ္ခရိုင္အတြင္း အသက္(၅)ႏွစ္ေအာက္ ေမြးစာရင္းမရွိေသးသည့္ ကေလးမ်ား၏ အမည္စာရင္းကို သက္ဆိုင္ရာ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတို႔တြင္ ေမလ(၂၉)ရက္ေန႔ ေနာက္ဆံုးထားစာရင္းေပးသြင္းရမည္

တာခ်ီလိတ္ခရိုင္အတြင္း အသက္(၅)ႏွစ္ေအာက္ ေမြးစာရင္းမရွိေသးသည့္ ကေလးမ်ား၏ အမည္စာရင္းကို သက္ဆိုင္ရာ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတို႔တြင္ ေမလ(၂၉)ရက္ေန႔ ေနာက္ဆံုးထားစာရင္းေပးသြင္းရမည္
မေ 25, 2017
By Tachileik News Agency

အသက္(၅)ႏွစ္ေအာက္ ေမြးစာရင္းမရွိေသးသည့္ ကေလးမ်ား ေမြး လက္မွတ္ရရွိေရး Campaign အသြင္ျဖင့္ ေမြးစာရင္းမ်ားအား အိမ္တိုင္ရာေရာက္ ထုတ္ေပးမည့္ လုပ္ငန္းအား ေအာင္ျမင္စြာ ေဆာင္ရြက္ႏိုင္ေရးအတြက္ ၂၀၁၇ခုႏွစ္ ေမလ(၂၉)ရက္ေန႔ ေနာက္ဆံုးထားကာ တာခ်ီလိတ္ခရိုင္အတြင္းရွိ ၿမိဳ႕နယ္ ႏွင့္ ၿမိဳ႕မ်ားမွ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ အမည္စာရင္း လာေရာက္ေပး သြင္းထားရမွာ ျဖစ္ေၾကာင္း သိရသည္။

ေမြးဖြားမႈႏွင့္ ေသဆံုးမႈဆိုင္ရာ စာရင္းဇယားမ်ား ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔(ဗဟို)သည္ ေမြးလက္မွတ္ မရရွိေသးေသာ အသက္ (၅)ႏွစ္ေအာက္ ကေလးမ်ားအား ေမြးဖြားလက္မွတ္ရရွိေရးကို Campaign အသြင္ျဖင့္ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔တြင္ ေဆာင္ရြက္လ်က္ရွိရာ ရွမ္းျပည္နယ္အတြင္း ယင္းကဲ့သို႔ ေဆာင္ရြက္ေပးရန္ရွိသည့္အတြက္ သက္ဆိုင္ရာ ရပ္ကြက္/ၿမိဳ႕နယ္ ေက်းရြာမ်ားမွ ေမြးစာရင္းမရရွိေသးသည့္ အသက္(၅)ႏွစ္ေအာက္ ကေလးမ်ား၏ လိပ္စာႏွင့္အမည္ စာရင္းမ်ားကို ျပဳစုထားရမည္ျဖစ္ေၾကာင္း သိရသည္။

"လုပ္ငန္းေဆာင္ရြက္တဲ့အခါမွာ အလြယ္တကူျဖစ္ေစဖို႔ သတ္မွတ္ကာလအတြင္းမွာ အမည္စာရင္း လာေရာက္ ေပးသြင္းထားရမွာပါ၊ ေမြးစာရင္း မရရွိေသးတဲ့ အသက္(၅)ႏွစ္ေအာက္ ကေလးငယ္မ်ား အတြက္ ကေလးရဲ႕အမည္၊ မိဘေတြရဲ႕ အမည္နဲ႔ ေနရပ္လိပ္စာေတြလိုပါတယ္၊ ေမလ(၂၉)ရက္ေန႔အထိ ရံုးမွာ လာေရာက္ၿပီးေတာ့ စာရင္းေပးထားရမွာ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ေမြးလက္မွတ္မရရွိေသးေသာ (၅)ႏွစ္ေအာက္ ကေလးမ်ားကို ေမြးလက္မွတ္မ်ား အိမ္တိုင္ရာ ေရာက္ထုတ္ေပးမည့္ လုပ္ငန္းအား အလြယ္တကူ ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ႏိုင္ေရး အတြက္ ေမြးစာရင္းမရွိေသးသည့္ အသက္(၅)ႏွစ္ေအာက္ ကေလးငယ္ အမည္ စာရင္းမ်ားႏွင့္ အေရအတြက္မ်ားအား အထက္ဌာနသို႔ ေမလ(၃၁)ရက္ေန႔ ေနာက္ဆံုးထား  ျပန္လည္ တင္ျပရမွာ ျဖစ္သည့္ အတြက္ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား အေနျဖင့္ ေမလ(၃၀)ရက္ေန႔ ေနာက္ဆံုးထားကာ ျပန္လည္တင္ျပေပးႏိုင္ရန္ တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားသို႔ ညႊန္ၾကားထားသည္ျဖစ္ရာ ေမြးစာရင္းမရွိေသးသည့္ (၅)ႏွစ္ေအာက္ ကေလးမ်ားအတြက္ မိဘမ်ားအေနျဖင့္ သက္ဆိုင္ရာ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ ေမလ(၂၉)ရက္ေန႔ ေနာက္ဆံုးထားကာ စာရင္းေပးသြင္းရမွာ ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

အသက်(၅)နှစ်အောက် မွေးစာရင်းမရှိသေးသည့် ကလေးများ မွေး လက်မှတ်ရရှိရေး Campaign အသွင်ဖြင့် မွေးစာရင်းများအား အိမ်တိုင်ရာရောက် ထုတ်ပေးမည့် လုပ်ငန်းအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၇ခုနှစ် မေလ(၂၉)ရက်နေ့ နောက်ဆုံးထားကာ တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ် နှင့် မြို့များမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အမည်စာရင်း လာရောက်ပေး သွင်းထားရမှာ ဖြစ်ကြောင်း သိရသည်။

မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ စာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(ဗဟို)သည် မွေးလက်မှတ် မရရှိသေးသော အသက် (၅)နှစ်အောက် ကလေးများအား မွေးဖွားလက်မှတ်ရရှိရေးကို Campaign အသွင်ဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်း ယင်းကဲ့သို့ ဆောင်ရွက်ပေးရန်ရှိသည့်အတွက် သက်ဆိုင်ရာ ရပ်ကွက်/မြို့နယ် ကျေးရွာများမှ မွေးစာရင်းမရရှိသေးသည့် အသက်(၅)နှစ်အောက် ကလေးများ၏ လိပ်စာနှင့်အမည် စာရင်းများကို ပြုစုထားရမည်ဖြစ်ကြောင်း သိရသည်။

"လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ အလွယ်တကူဖြစ်စေဖို့ သတ်မှတ်ကာလအတွင်းမှာ အမည်စာရင်း လာရောက် ပေးသွင်းထားရမှာပါ၊ မွေးစာရင်း မရရှိသေးတဲ့ အသက်(၅)နှစ်အောက် ကလေးငယ်များ အတွက် ကလေးရဲ့အမည်၊ မိဘတွေရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေလိုပါတယ်၊ မေလ(၂၉)ရက်နေ့အထိ ရုံးမှာ လာရောက်ပြီးတော့ စာရင်းပေးထားရမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

မွေးလက်မှတ်မရရှိသေးသော (၅)နှစ်အောက် ကလေးများကို မွေးလက်မှတ်များ အိမ်တိုင်ရာ ရောက်ထုတ်ပေးမည့် လုပ်ငန်းအား အလွယ်တကူ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မွေးစာရင်းမရှိသေးသည့် အသက်(၅)နှစ်အောက် ကလေးငယ် အမည် စာရင်းများနှင့် အရေအတွက်များအား အထက်ဌာနသို့ မေလ(၃၁)ရက်နေ့ နောက်ဆုံးထား ပြန်လည် တင်ပြရမှာ ဖြစ်သည့် အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အနဖြေင့် မေလ(၃၀)ရက်နေ့ နောက်ဆုံးထားကာ ပြန်လည်တင်ပြပေးနိုင်ရန် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ညွှန်ကြားထားသည်ဖြစ်ရာ မွေးစာရင်းမရှိသေးသည့် (၅)နှစ်အောက် ကလေးများအတွက် မိဘများအနဖြေင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ မေလ(၂၉)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းရမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~