တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္းေက်းရြာအုပ္စုတြင္ ဆိုင္ကယ္ျဖင့္ ဓာတ္တိုင္အား အရွိန္ျပင္းစြာ ၀င္တိုက္မိ၍ လူငယ္(၃)ဦး ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္းေက်းရြာအုပ္စုတြင္ ဆိုင္ကယ္ျဖင့္ ဓာတ္တိုင္အား အရွိန္ျပင္းစြာ ၀င္တိုက္မိ၍ လူငယ္(၃)ဦး ေသဆံုး
မေ 21, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(က)ေက်းရြာအုပ္စုတြင္ ေမာ္ေတာ္ ဆိုင္ကယ္က လမ္းေဘးရွိ ဓာတ္တိုင္အား အရွိန္ျပင္းစြာ ၀င္တိုက္မိရာမွ ေနရာ၌ပင္ ဆိုင္ကယ္ေပၚတြင္ ပါရွိသည့္ လူငယ္(၃)ဦး ပြဲခ်င္းၿပီး ေသဆံုးသြားမႈ ေမလ(၂၁)ရက္ေန႔ ညေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုဘက္မွ တာခ်ီလိတ္သို႔ အလာ ၀မ္တံုေက်းရြာ အေရာက္တြင္ ယင္းကဲ့သို႔ ျဖစ္ပြားျခင္းျဖစ္ၿပီး အဆိုပါ ျဖစ္စဥ္ေၾကာင့္ ေသဆံုးသူမ်ားမွာ အသက္(၁၅)ႏွစ္၀န္းက်င္ရွိ ထြန္းလင္းႏိုင္၊ အသက္(၁၃)ႏွစ္ရွိ ထက္အာကာေဇာ္ ႏွင့္ အသက္(၁၅)ႏွစ္ရွိ စိုင္းမ်ဳိးေထြးတို႔ ျဖစ္ေၾကာင္း ႏွင့္ ၎တို႔သည္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ ႏွင့္ ၀မ္ေကာင္းရပ္ကြက္တို႔တြင္ ေနထိုင္သူမ်ား ျဖစ္ေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ သိရသည္။

ေသဆံုးသူမ်ား၏ ရုပ္အေလာင္းမ်ားအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရွိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုတွင် မော်တော် ဆိုင်ကယ်က လမ်းဘေးရှိ ဓာတ်တိုင်အား အရှိန်ပြင်းစွာ ဝင်တိုက်မိရာမှ နေရာ၌ပင် ဆိုင်ကယ်ပေါ်တွင် ပါရှိသည့် လူငယ်(၃)ဦး ပွဲချင်းပြီး သေဆုံးသွားမှု မေလ(၂၁)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုဘက်မှ တာချီလိတ်သို့ အလာ ဝမ်တုံကျေးရွာ အရောက်တွင် ယင်းကဲ့သို့ ဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူများမှာ အသက်(၁၅)နှစ်ဝန်းကျင်ရှိ ထွန်းလင်းနိုင်၊ အသက်(၁၃)နှစ်ရှိ ထက်အာကာဇော် နှင့် အသက်(၁၅)နှစ်ရှိ စိုင်းမျိုးထွေးတို့ ဖြစ်ကြောင်း နှင့်၎င်းတို့သည် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် နှင့် ဝမ်ကောင်းရပ်ကွက်တို့တွင် နေထိုင်သူများ ဖြစ်ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများအား တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~