ထိုင္းႏိုင္ငံ ကန္ခ်နာပူရီတြင္ ယာဥ္ေနာက္ခန္း၌ ျပည့္ညႇပ္ကာ လိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား (၂၄)ဦး ဖမ္းဆီးခံရ

ထိုင္းႏိုင္ငံ ကန္ခ်နာပူရီတြင္ ယာဥ္ေနာက္ခန္း၌ ျပည့္ညႇပ္ကာ လိုက္ပါလာသည့္ ျမန္မာႏိုင္ငံသား (၂၄)ဦး ဖမ္းဆီးခံရ
မေ 26, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ ကန္ခ်နာပူရီၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္၏ ေနာက္ခန္းအတြင္း ျပည့္ၫႇပ္ကာ တင္ေဆာင္လာသည့္ ျမန္မာႏိုင္ငံသား (၂၄)ဦးအား အေထာက္အထားမဲ့စြာျဖင့္ ေမလ(၂၆)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္းႏွင့္ တင္ေဆာင္လာသည့္ ယာဥ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

ကန္ခ်နာပူရီၿမိဳ႕နယ္၊ ရပ္ကြက္(၂) ၊ ၃၂၃လမ္းတြင္ ထိုင္းလ၀ကႏွင့္ ပူးေပါင္းအဖြဲ႔တို႔က စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ကို ေတြ႕ရွိရသျဖင့္ ယာဥ္ေမာင္းမွာ ယာဥ္အား လွည့္ျပန္၍ မရေတာ့သည့္အတြက္ ကားႏွင့္အတူ တင္ေဆာင္လာသူမ်ားအား ထားခဲ့ကာ ယာဥ္ေမာင္းမွာ ထြက္ေျပးတိမ္းေရွာင္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔၏ စစ္ေဆးခ်က္အရ ၎တို႔သည္ ယခုလို နည္းလမ္းျဖင့္ လာေရာက္ႏိုင္ရန္အတြက္ ထိုင္းႏိုင္ငံသား ယာဥ္ေမာင္းအား တစ္ဦးလွ်င္ ဘတ္(၈၀၀၀)ေပးရေၾကာင္း ထိုင္းစကားအနည္းငယ္ တတ္သည့္ အသက္(၂၀)ႏွစ္အရြယ္ရွိ ကိုတင္က ထြက္ဆိုေၾကာင္း သိရသည္။

"ဒီလိုမ်ဳိး တင္ေဆာင္လာတာက တရားလည္း မ၀င္သလို၊ တင္ေဆာင္ခံလာရတဲ့ လူေတြအတြက္လည္း အသက္အႏၱရာယ္စိုးရိမ္ရတယ္၊ မေတာ္တဆ ယာဥ္တိုက္မႈ ျဖစ္ရင္ မေတြး၀ံ့စရာပဲ၊ ကြ်န္ေတာ္တို႔ အခုလို ပို႔ေဆာင္ေပးသူကိုလည္း ေဖာ္ထုတ္သြားမွာပါ"ဟု ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ သတင္မီဒီယာမ်ားအား ဖမ္းဆီးေရးအဖြဲ႔မွ တာ၀န္ရွိသူက ေျပာၾကားလိုက္ျခင္းျဖစ္သည္။

ဖမ္းဆီးရမိသည့္ ျမန္မာႏိုင္ငံသား(၂၄)ဦးသည္ ျမန္မာႏိုင္ငံ ဘုရားသံုးဆူဘက္မွ ေရာက္လာသူမ်ား ပါ၀င္ေၾကာင္း ႏွင့္ ထြက္ေျပးတိမ္းေရွာင္သြားေသာ ယာဥ္ေမာင္းအား စံုစမ္းေနလ်က္ရွိေၾကာင္း ထိုင္းႏိုင္ငံ မီဒီယာမ်ားက ေဖာ္ျပထားရွိသည္။

Photo: laothai၊ thairath


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ကန်ချနာပူရီမြို့တွင် မော်တော်ယာဉ်၏ နောက်ခန်းအတွင်း ပြည့်ညှပ်ကာ တင်ဆောင်လာသည့် မြန်မာနိုင်ငံသား (၂၄)ဦးအား အထောက်အထားမဲ့စွာဖြင့် မေလ(၂၆)ရက်နေ့က ဖမ်းဆီးရမိကြောင်းနှင့် တင်ဆောင်လာသည့် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ကန်ချနာပူရီမြို့နယ်၊ ရပ်ကွက်(၂)၊ ၃၂၃လမ်းတွင် ထိုင်းလဝကနှင့် ပူးပေါင်းအဖွဲ့တို့က စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရသဖြင့် ယာဉ်မောင်းမှာ ယာဉ်အား လှည့်ပြန်၍ မရတော့သည့်အတွက် ကားနှင့်အတူ တင်ဆောင်လာသူများအား ထားခဲ့ကာ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့၏ စစ်ဆေးချက်အရ၎င်းတို့သည် ယခုလို နည်းလမ်းဖြင့် လာရောက်နိုင်ရန်အတွက် ထိုင်းနိုင်ငံသား ယာဉ်မောင်းအား တစ်ဦးလျှင် ဘတ်(၈၀၀၀)ပေးရကြောင်း ထိုင်းစကားအနည်းငယ် တတ်သည့် အသက်(၂၀)နှစ်အရွယ်ရှိ ကိုတင်က ထွက်ဆိုကြောင်း သိရသည်။

"ဒီလိုမျိုး တင်ဆောင်လာတာက တရားလည်း မဝင်သလို၊ တင်ဆောင်ခံလာရတဲ့ လူတွေအတွက်လည်း အသက်အန္တရာယ်စိုးရိမ်ရတယ်၊ မတော်တဆ ယာဉ်တိုက်မှု ဖြစ်ရင် မတွေးဝံ့စရာပဲ၊ ကျွန်တော်တို့ အခုလို ပို့ဆောင်ပေးသူကိုလည်း ဖော်ထုတ်သွားမှာပါ"ဟု ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သတင်မီဒီယာများအား ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြားလိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား(၂၄)ဦးသည် မြန်မာနိုင်ငံ ဘုရားသုံးဆူဘက်မှ ရောက်လာသူများ ပါဝင်ကြောင်း နှင့် ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းအား စုံစမ်းနေလျက်ရှိကြောင်း ထိုင်းနိုင်ငံ မီဒီယာများက ဖော်ပြထားရှိသည်။

Photo: laothai၊ thairath

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~