အရြယ္အစား ႀကီးမားသည့္ တရားမ၀င္ သစ္မ်ားအား (၁၂)ဘီးယာဥ္ ႏွစ္စီးႏွင့္အတူ ဖမ္းဆီးရမိ

အရြယ္အစား ႀကီးမားသည့္ တရားမ၀င္ သစ္မ်ားအား (၁၂)ဘီးယာဥ္ ႏွစ္စီးႏွင့္အတူ ဖမ္းဆီးရမိ
ဧပြီ 28, 2017
By Tachileik News Agency

(၁၂)ဘီးယာဥ္ ႏွစ္စီးျဖင့္ အရြယ္အစားႀကီးမားသည့္ ပိေတာက္သစ္မ်ားႏွင့္ တမလန္းသစ္မ်ားအား တရားမ၀င္သယ္ေဆာင္လာသည့္ အတြက္ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္က ဖမ္းဆီး အေရးယူလိုက္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ျပည္ေထာင္စုလမ္းမႀကီး၊ သိန္းနီၿမိဳ႕နယ္အတြင္းရွိ ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္တြင္ ဧၿပီလ(၂၇)ရက္ေန႔ ညပိုင္းက ဖမ္းဆီးရမိျခင္း ျဖစ္သည္။

"အရြယ္အစားႀကီးမားတဲ့အတြက္ အဲ့ဒါေတြကို ကရိန္းေတြနဲ႔ ခ်ရမွာ၊ သစ္ေတာဦးစီးဌာနကိုပို႔ၿပီး တိုင္းတာ တြက္ခ်က္ၿပီးမွ တန္ဖိုးေတြ အတိုင္းအတာေတြ သိရမွာပါခင္ဗ်၊ မိတာကေတာ့ (၂၇) ရက္ေန႔ ည(၈)နာရီဝန္းက်င္ ေလာက္မွာပါ "ဟု ေရပူစစ္ေဆးေရးစခန္းမွ စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ဖမ္းဆီးရမိထားသည့္ အဆိုပါ ပိေတာက္သစ္မ်ားႏွင့္ တမလန္းသစ္မ်ားအား လားရိႈးၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနသို႔ ဧၿပီလ ၂၈ရက္ေန႔ နံနက္ပိုင္းက ပို႔ေဆာင္ေပးထားၿပီးျဖစ္သည့္အတြက္ တိုင္းတာစစ္ေဆးမႈမ်ားအား ဆက္လက္လုပ္ေဆာင္ၿပီးမွသာ တန္ဖိုးတြက္ခ်က္၍ ရမည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

အဆိုပါ ဂိတ္မွ တစ္ဆင့္ တရားမ၀င္ ကုန္ပစၥည္းမ်ား ျဖတ္သန္းရန္အတြက္ စစ္ေဆးေရးအဖြဲ႔မ်ား၏ လုပ္ရွားမႈမ်ား ႏွင့္ အေျခအေနမ်ားကို ေစာင့္ၾကည့္သူမ်ား ရွိေနေၾကာင္း သိရသည္။

"ဂိတ္ကစစ္ေဆးေရးအဖြဲ႔ေတြ ထမင္းစားနားတဲ့ အခ်ိန္ေတြ၊ စစ္ေဆးေရးလုပ္ငန္းေတြ ေခတၱရပ္နား ခ်ိန္ေတြမွာ ဂိတ္ကိုေစာင့္ၾကည့္ေနတဲ့ ျပင္ပလူေတြက ဆိုင္ကယ္ေတြဘာေတြနဲ႔ ဂိတ္အနီးကေန ျဖတ္သန္းၿပီးေတာ့ ေလ့လာ ေနတာေတြ၊ တခ်ိဳ႕ဆိုရင္ ဒရုန္းေတြနဲ႔ ဂိတ္ရဲ့စစ္ေဆးေရး လုပ္ငန္းေတြ လုပ္ေနတာ နားေနတာေတြကို ေစာင့္ၾကည့္ ေနတာေတြရွိတယ္၊ ဒါေၾကာင့္ ဂိတ္မွာခ်ည္းပဲ စစ္ေဆးေနတာမ်ိဳး မဟုတ္ဘဲ လမ္းေၾကာင္းတစ္ေလ်ွာက္မွာ မထင္ရင္ မထင္သလို ဖမ္းဆီး စစ္ေဆးတာမ်ိဳးေတြနဲ႔ လုပ္ေဆာင္ေနစဥ္မွာ ခုလိုဖမ္းဆီးရမိတာျဖစ္ပါတယ္"ဟု စစ္ေဆးေရးအဖြဲ႔ ေခါင္းေဆာင္ ကေျပာသည္။

ပိေတာက္သစ္မ်ားႏွင့္ တမလန္းသစ္မ်ားအား (၁၂)ဘီးယာဥ္ ႏွစ္စီးေပၚတြင္ အျပည့္တင္ေဆာင္လာျခင္း ျဖစ္ၿပီး အေပၚယံတြင္ ေျပာင္းဖူးအိတ္မ်ား တင္ေဆာင္လာကာ မိုးကာျဖင့္ အုပ္၍ ေမာင္းႏွင္လာျခင္း ျဖစ္ေၾကာင္းႏွင့္ လက္ရွိတြင္ သစ္ေတာဦးစီးဌာနမွ တိုင္းတာ စစ္ေဆးေနဆဲသာျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ေရပူစစ္ေဆးေရးဂိတ္

~~~~~~~~⊰❂ unicode ~~~~~~~~

(၁၂)ဘီးယာဉ် နှစ်စီးဖြင့် အရွယ်အစားကြီးမားသည့် ပိတောက်သစ်များနှင့် တမလန်းသစ်များအား တရားမဝင်သယ်ဆောင်လာသည့် အတွက် ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်က ဖမ်းဆီး အရေးယူလိုက်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ထောင်စုလမ်းမကြီး၊ သိန်းနီမြို့နယ်အတွင်းရှိ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တွင် ဧပြီလ(၂၇)ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခြင်း ဖြစ်သည်။

"အရွယ်အစားကြီးမားတဲ့အတွက် အဲ့ဒါတွေကို ကရိန်းတွေနဲ့ ချရမှာ၊ သစ်တောဦးစီးဌာနကိုပို့ပြီး တိုင်းတာ တွက်ချက်ပြီးမှ တန်ဖိုးတွေ အတိုင်းအတာတွေ သိရမှာပါခင်ဗျ၊ မိတာကတော့ (၂၇) ရက်နေ့ ည(၈)နာရီဝန်းကျင် လောက်မှာပါ "ဟု ရေပူစစ်ဆေးရေးစခန်းမှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ဖမ်းဆီးရမိထားသည့် အဆိုပါ ပိတောက်သစ်များနှင့် တမလန်းသစ်များအား လားရှိုးမြို့နယ် သစ်တောဦးစီးဌာနသို့ ဧပြီလ ၂၈ရက်နေ့ နံနက်ပိုင်းက ပို့ဆောင်ပေးထားပြီးဖြစ်သည့်အတွက် တိုင်းတာစစ်ဆေးမှုများအား ဆက်လက်လုပ်ဆောင်ပြီးမှသာ တန်ဖိုးတွက်ချက်၍ ရမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

အဆိုပါ ဂိတ်မှ တစ်ဆင့် တရားမဝင် ကုန်ပစ္စည်းများ ဖြတ်သန်းရန်အတွက် စစ်ဆေးရေးအဖွဲ့များ၏ လုပ်ရှားမှုများ နှင့် အခြေအနေများကို စောင့်ကြည့်သူများ ရှိနေကြောင်း သိရသည်။

"ဂိတ်ကစစ်ဆေးရေးအဖွဲ့တွေ ထမင်းစားနားတဲ့ အချိန်တွေ၊ စစ်ဆေးရေးလုပ်ငန်းတွေ ခေတ္တရပ်နား ချိန်တွေမှာ ဂိတ်ကိုစောင့်ကြည့်နေတဲ့ ပြင်ပလူတွေက ဆိုင်ကယ်တွေဘာတွေနဲ့ ဂိတ်အနီးကနေ ဖြတ်သန်းပြီးတော့ လေ့လာ နေတာတွေ၊ တချို့ဆိုရင် ဒရုန်းတွေနဲ့ ဂိတ်ရဲ့စစ်ဆေးရေး လုပ်ငန်းတွေ လုပ်နေတာ နားနေတာတွေကို စောင့်ကြည့် နေတာတွေရှိတယ်၊ ဒါကြောင့် ဂိတ်မှာချည်းပဲ စစ်ဆေးနေတာမျိုး မဟုတ်ဘဲ လမ်းကြောင်းတစ်လျှောက်မှာ မထင်ရင် မထင်သလို ဖမ်းဆီး စစ်ဆေးတာမျိုးတွေနဲ့ လုပ်ဆောင်နေစဉ်မှာ ခုလိုဖမ်းဆီးရမိတာဖြစ်ပါတယ်"ဟု စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ကပြောသည်။

ပိတောက်သစ်များနှင့် တမလန်းသစ်များအား (၁၂)ဘီးယာဉ် နှစ်စီးပေါ်တွင် အပြည့်တင်ဆောင်လာခြင်း ဖြစ်ပြီး အပေါ်ယံတွင် ပြောင်းဖူးအိတ်များ တင်ဆောင်လာကာ မိုးကာဖြင့် အုပ်၍ မောင်းနှင်လာခြင်း ဖြစ်ကြောင်းနှင့် လက်ရှိတွင် သစ်တောဦးစီးဌာနမှ တိုင်းတာ စစ်ဆေးနေဆဲသာဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူစစ်ဆေးရေးဂိတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~