မေကြးေရနံတြင္းတိမ္ လုပ္ငန္းမွ ဆယ္လအတြင္း ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြ က်ပ္သန္း (၁၄၀၀) ေက်ာ္ရရိွ

မေကြးေရနံတြင္းတိမ္ လုပ္ငန္းမွ ဆယ္လအတြင္း ေဒသဖံြ႔ၿဖိဳးေရးရန္ပံုေငြ က်ပ္သန္း (၁၄၀၀) ေက်ာ္ရရိွ
ဧပြီ 26, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ေရနံလက္ယက္တြင္းတိမ္ လုပ္ငန္းမွ (၁၀)လတာကာလအတြင္း တိုင္းေဒသႀကီး ဖံြ႔ၿဖိဳးေရးရန္ပံုေငြ က်ပ္သန္းေပါင္း (၁၄၀၀)ေက်ာ္ ရရိွခဲ႔ေၾကာင္း မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ထံမွ သိရသည္။

“မေကြးတိုင္းမွာက ေရနံခ်က္ဖိုမရိွတဲ႔အတြက္ စစ္ကိုင္းတိုင္း၊ မံုရြာတို႔ မႏၱေလးတို႔မွာ သြားၿပီး ခ်က္ၾက ရပါတယ္။ အဲဒီအတြက္ ေမ်ာစာထုတ္ေပးရတဲ႔အခါမွာ ေရနံတစ္ပီပါကို က်ပ္သံုးေထာင္ႏွဳန္း ၂၀၁၆ ခုႏွစ္ ဇြန္လ (၂) ရက္ေန႔ကစၿပီး ေကာက္ခံခဲ႔တာမွာ ၂၀၁၇ မတ္လ (၃၁) ရက္ေန႔အထိ (၁၀)လတာအတြင္း ေကာက္ခံရရိွေငြ က်ပ္ သန္းေပါင္း (၁၄၀၀) ေက်ာ္ ရရိွခဲ႔ပါတယ္”ဟု မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳက ေျပာသည္။

တိုင္းေဒသႀကီးဖံြ႔ၿဖိဳးေရးရန္ပံုေငြ ေကာက္ခံရန္ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ႏွင္႔တိုင္ပင္ညိႇႏိွဳင္း၍ ဥပေဒခ်ဳပ္ထံမွ ဥပေဒေၾကာင္း ခြင့္ျပဳခ်က္ျဖင့္ ေဒသတြင္း ေရနံလက္ယက္တြင္းမ်ားမွ ေရနံစိမ္း (၅၀) ဂါလန္ဝင္ဆ႔ံ(၁)စည္လွ်င္ ေငြက်ပ္ (၃၀၀၀)ႏွဳန္းေကာက္ခံလာရာ ၂၀၁၆ ခုႏွစ္ ဇြန္လ(၂)ရက္ေန႔မွ ၂၀၁၇ ခု မတ္လ(၃၁)ရက္ေန႔အထိ ေကာက္ခံရရိွေငြ ေရနံစိမ္း (၄၇၃၁၈၅)စည္အတြက္ က်ပ္သန္းေပါင္း(၁၄၀၀)ေက်ာ္ျဖစ္ေၾကာင္း သိရသည္။

ေဒသတြင္းေရနံလက္ယက္တြင္းတိမ္လုပ္ငန္းမွ တိုင္းေဒသႀကီးဖံြ႔ၿဖိဳးေရးရန္ပံုေငြအျဖစ္ ေကာက္ခံျခင္းကို ယခင္အစိုးရလက္ထက္တြင္ စတင္ေဆာင္ရြက္ခဲ့ရာ အဆိုပါရန္ပံုေငြမ်ားအနက္ က်ပ္(၇)ဘီလီယံေက်ာ္ ေပ်ာက္ဆံုးေနသျဖင့္ ယခုတိုင္းေဒသႀကီးအစိုးရလက္ထက္တြင္ စိစစ္ေဖာ္ထုတ္ေနဆဲျဖစ္သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးရေနံတွင်းတိမ် လုပ်ငန်းမှ ဆယ်လအတွင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း (၁၄၀၀) ကျော်ရရှိ

မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းမှ (၁၀)လတာကာလအတွင်း တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်းပေါင်း (၁၄၀၀)ကျော် ရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“မကွေးတိုင်းမှာက ရေနံချက်ဖိုမရှိတဲ့အတွက် စစ်ကိုင်းတိုင်း၊ မုံရွာတို့ မန္တလေးတို့မှာ သွားပြီး ချက်ကြ ရပါတယ်။ အဲဒီအတွက် မျောစာထုတ်ပေးရတဲ့အခါမှာ ရေနံတစ်ပီပါကို ကျပ်သုံးထောင်နှုန်း ၂၀၁၆ ခုနှစ် ဇွန်လ (၂) ရက်နေ့ကစပြီး ကောက်ခံခဲ့တာမှာ ၂၀၁၇ မတ်လ (၃၁) ရက်နေ့အထိ (၁၀)လတာအတွင်း ကောက်ခံရရှိငွေ ကျပ် သန်းပေါင်း (၁၄၀၀) ကျော် ရရှိခဲ့ပါတယ်”ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကောက်ခံရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်ပင်ညှိနှိုင်း၍ ဥပဒေချုပ်ထံမှ ဥပဒေကြောင်း ခွင့်ပြုချက်ဖြင့် ဒေသတွင်း ရေနံလက်ယက်တွင်းများမှ ရေနံစိမ်း (၅၀) ဂါလန်ဝင်ဆံ့(၁)စည်လျှင် ငွေကျပ် (၃၀၀၀)နှုန်းကောက်ခံလာရာ ၂၀၁၆ ခုနှစ် ဇွန်လ(၂)ရက်နေ့မှ ၂၀၁၇ ခု မတ်လ(၃၁)ရက်နေ့အထိ ကောက်ခံရရှိငွေ ရေနံစိမ်း (၄၇၃၁၈၅)စည်အတွက် ကျပ်သန်းပေါင်း(၁၄၀၀)ကျော်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်းရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကောက်ခံခြင်းကို ယခင်အစိုးရလက်ထက်တွင် စတင်ဆောင်ရွက်ခဲ့ရာ အဆိုပါရန်ပုံငွေများအနက် ကျပ်(၇)ဘီလီယံကျော် ပျောက်ဆုံးနေသဖြင့် ယခုတိုင်းဒေသကြီးအစိုးရလက်ထက်တွင် စိစစ်ဖော်ထုတ်နေဆဲဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~