တာချီလိတ်တွင် သက်တမ်းပြည့် တာဝန်ထမ်းဆောင်ခဲ့သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ချီးမြှင့်ငွေ ပေးအပ်

တာချီလိတ်တွင် သက်တမ်းပြည့် တာဝန်ထမ်းဆောင်ခဲ့သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ချီးမြှင့်ငွေ ပေးအပ်
ဧပွီ 11, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ငါးနှစ်သက်တမ်း တာဝန်ပြည့်ထမ်းဆောင်ခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဧပြီလ (၁၁)ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သက်တမ်းပြည့်ချီးမြှင့်ငွေများ ပေးအပ်ကြောင်း သိရသည်။


တာချီလိတ်မြို့နယ်အတွင်း  တာလော့ရပ်ကွက်၊ မိုင်းကိုးကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာလေမြို့မှ နားယောင်းကျေးရွာအုပ်စု၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ မိုင်းလင်း (အနောက်)ကျေးရွာအုပ်စု၊ ကျိုင်းလပ်မြို့မှ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ပါလျိုးကျေးရွာအုပ်စု နှင့် ကျာခမ်းကျောက်ကျေးရွာအုပ်စုတို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ (၁၀) အား ချီးမြှင့်ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။



သတင်း - ချယ်ရီထိုက်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ငါးနှစ်သက်တမ်း တာဝန်ပြည့်ထမ်းဆောင်ခဲ့သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဧပြီလ (၁၁)ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအေဝးခန်းမ၌ သက်တမ်းပြည့်ချီးမြှင့်ငွေများ ပေးအပ်ကြောင်း သိရသည်။

“အခုပေးတာက ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ထမ်းဆောင်ခဲ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးသက်တမ်း ထမ်းဆောင်ပြီးသူတွေကို ချီးမြှင့်တာပါ။ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ မပါပါဘူး”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း တာလော့ရပ်ကွက်၊ မိုင်းကိုးကျေးရွာအုပ်စု၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာလမြေို့မှ နားယောင်းကျေးရွာအုပ်စု၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ မိုင်းလင်း (အနောက်)ကျေးရွာအုပ်စု၊ ကျိုင်းလပ်မြို့မှ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ပါလျိုးကျေးရွာအုပ်စု နှင့် ကျာခမ်းကျောက်ကျေးရွာအုပ်စုတို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ (၁၀) အား ချီးမြှင့်ငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ငါးနှစ်သက်တမ်း တာဝန်ပြည့် ထမ်းဆောင်ခဲ့တယ်ဆိုရင် နိုင်ငံတော်က ချီးမြှင့်ငွေပေးတာပါ။ လုပ်ထုံးလုပ်နည်း အရပါ။ အခုတာဝန်ထမ်းဆောင်နေတဲ့သူတွေကလည်း ငါးနှစ်သက်တမ်းပြည့်သွားရင် နောင်တစ်ချိန်မှာ ချီးမြှင့်ငွေရမှာပါ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများအဖြစ် (၅)နှစ်သက်တမ်း ထမ်းဆောင်ပြီးသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား တစ်ဦးလျှင် (၂၄၅၀၀၀)ကျပ်နှုန်း ချီးမြှင့်ငွေပေးအပ်ကြောင်း သိရပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး အဖြစ် (၅)နှစ် သက်တမ်း တာဝန်ထမ်းဆောင်ပြီးနောက် ထပ်မံရွေးကောက်တင်မြှောက်ခံရပါက ဒုတိယ (၅)နှစ်သက်တမ်းကို ထပ်မံတာဝန်ခွင့်ရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~