ရန္ကုန္ရြာအလြန္ ရန္ရွင္း(၄)တြင္ မီးေလာင္မႈ ျဖစ္ပြားရာမွ ေနအိမ္တစ္လံုး ဆံုးရႈံး

ရန္ကုန္ရြာအလြန္ ရန္ရွင္း(၄)တြင္ မီးေလာင္မႈ ျဖစ္ပြားရာမွ ေနအိမ္တစ္လံုး ဆံုးရႈံး
ဧပြီ 28, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ကုန္ရြာအလြန္၊ ရန္ရွင္း(၄)ေက်းရြာတြင္ မီးေလာင္မႈျဖစ္ပြားရာ  ပ်ဥ္ကာေနအိမ္တစ္လံုး မီးေလာင္ဆံုးရႈံးသြားေၾကာင္း သိရသည္။

ရန္ရွင္း(၄)ေက်းရြာေန ေဒၚနာေယာ္ မိသားစုသည္ ေတာင္ယာလုပ္ငန္း လုပ္ကိုင္ရန္အတြက္ သြားေရာက္ေနစဥ္ ေနအိမ္ရွိ မီးဖိုေဆာင္၏ မီးၾကြင္းမီးက်န္မွ တဆင့္ ဧၿပီလ(၂၈)ရက္ေန႔ နံနက္(၈)နာရီခြဲ၀န္းက်င္ အခ်ိန္က မီးေလာင္မႈျဖစ္ပြားရာ မီးေလာင္မႈေၾကာင့္ သြပ္မိုး၊ ပ်ဥ္ကာေနအိမ္တစ္လံုး မီးေလာင္ ဆံုးရႈံးခဲ့ေၾကာင္းႏွင့္ အဆိုပါ မီးေလာင္မႈေၾကာင့္ အျခားေနအိမ္မ်ားသို႔ မီးကူးစက္မႈ မရွိေစရန္ ရြာသူ၊ ရြာသားမ်ားႏွင့္အတူ မီးသတ္တပ္ဖြဲ႔ ႏွင့္ ပူးေပါင္းအဖြဲ႔မွ ၀ိုင္း၀န္းၿငိႇမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈႏွင့္ ပတ္သက္၍ ေနအိမ္ပုိင္ရွင္ ေဒၚနာေယာ္အား တာခ်ီလိတ္ၿမဳိ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူႏုိင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာအလွန်၊ ရန်ရှင်း(၄)ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ ပျဉ်ကာနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

ရန်ရှင်း(၄)ကျေးရွာနေ ဒေါ်နာယော် မိသားစုသည် တောင်ယာလုပ်ငန်း လုပ်ကိုင်ရန်အတွက် သွားရောက်နေစဉ် နေအိမ်ရှိ မီးဖိုဆောင်၏ မီးကြွင်းမီးကျန်မှ တဆင့် ဧပြီလ(၂၈)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင် အချိန်က မီးလောင်မှုဖြစ်ပွားရာ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာနေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါ မီးလောင်မှုကြောင့် အခြားနေအိမ်များသို့ မီးကူးစက်မှု မရှိစေရန် ရွာသူ၊ ရွာသားများနှင့်အတူ မီးသတ်တပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင် ဒေါ်နာယော်အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~